FDA ခွင့်ပြုချက်များထက် ကျော်လွန် ထုတ်လုပ်ရောင်းချနေသည့် ရေသန့်လုပ်ငန်းများကို မတ်လကုန်တွင် စတင် အရေးယူမည်

FDA ခွင့်ပြုချက်များထက် ကျော်လွန် ထုတ်လုပ်ရောင်းချနေသည့် ရေသန့်လုပ်ငန်းများကို မတ်လကုန်တွင် စတင် အရေးယူမည်
March 30, 2017 Asian Fame

11:09 am
FDA ခွင့်ပြုချက်များထက် ကျော်လွန် ထုတ်လုပ်ရောင်းချနေသည့် ရေသန့်လုပ်ငန်းများကို မတ်လကုန်တွင် စတင် အရေးယူမည်

အောင်ပြည့်စုံ
နေပြည်တော်၊ မတ် ၂၇

ပြည်တွင်း၌ သောက်ရေသန့်ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းရှင်များအနေနှင့် FDA ခွင့်ပြုချက်ရရှိထားသော်လည်း ခွင့်ပြုထားသည့် ပုံစံထက်ကျော်လွန် ထုတ်လုပ်ရောင်းချမှုများ ရှိနေပြီး အဆိုပါလုပ်ငန်းများကို ယခုလ ကုန်တွင် စတင်စစ်ဆေးအရေးယူသွားမည်ဖြစ်သည်။

”ရေသန့်စက်ရုံတွေက များသောအားဖြင့် ၂ဝ လီတာဝင်ဘူး ကြီးတွေကိုလာလျှောက်ကြတယ်၊ ခွင့်ပြုချက်ပေးလိုက်တယ်၊ ရသွား ပြီးရင် သူတို့က တစ်လီတာဝင် ဘူးတွေ၊ နောက်အဝေးပြေးကား ကြီးတွေမှာပေးနေတဲ့ တစ်ခါ သောက်လီတာဝက်ဝင်တဲ့ဘူးလေး တွေပါ ထုတ်ပြီးရောင်းနေကြ တယ်။ အဲ့ဒီလို မရပါဘူး။ ထုတ် လုပ်တဲ့ ဘူးအရွယ်အစားအလိုက် ခွင့်ပြုချက်လိုင်စင်တွေလိုပါတယ်၊ မရှိရင်တော့အရေးယူခံရမှာပါ”ဟု FDA မှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာဥက္ကာဖြိုးက ဆိုသည်။

FDA အနေနှင့် ရေသန့်လုပ်ငန်းများအတွက် ခွင့်ပြုချက်လိုင်စင်များကို ဖြေလျှော့မှုများပြုလုပ်ထားပြီး လျင်မြန်စွာထုတ်ပေးလျက် ရှိနေသည်။ ရေသန့်လုပ်ငန်းရှင် များအနေနှင့် မိမိတို့၏ စက်ရုံများ တွင် ထုတ်လုပ်နေသော ရေသန့် ဘူးများကို ထုတ်လုပ်သည့် အရွယ်အစားလိုက် ခွင့်ပြုချက်များ ရရှိထားရန် လိုအပ်နေသည်။ ၂ဝ လီတာဝင် ရေသန့်ဘူး ကြီးများကို ထုတ်လုပ်ခွင့် ပေးထားသော်လည်း ၁ လီတာဝင်ဘူးများ နှင့် (ဝ ဒသမ ၅)လီတာဝင်တစ် ခါသောက် ဘူးလေးများကို ထုတ်လုပ်ရောင်းချခွင့် မရှိကြောင်း သိရသည်။

FDA အနေနှင့် သောက်ရေ သန့်များကို စစ်ဆေးရာတွင်ရေကို သာမက ထုတ်လုပ်သည့် ပလတ်စတစ်ကော်ဘူးများ၏ ကျန်းမာရေးအပေါ် ထိခိုက်နိုင်ခြေရှိမရှိနှင့် ပါကင် ထုပ်ပိုးမှုများကိုပါ စစ်ဆေးပြီးမှ ခွင့်ပြုချက်ပေးထားခြင်း ဖြစ်သည်။ ရေသန့် ဘူးကြီးများအတွက် ခွင့်ပြုချက်ရရှိသော်လည်း ဘူးအ သေးများတွင် ထုပ်ပိုးမှု မသေသပ်ခြင်းနှင့် ဘူးခွံများတွင် ကျန်းမာရေးကို ထိခိုက်စေနိုင်သောဒြပ်ပစ္စည်းများပါဝင်ခြင်းရှိနေနိုင်သ ဖြင့်ခွင့်ပြုချက် မရှိဘဲ ဈေးကွက် အတွင်းထုပ်ပိုး ရောင်းချနေပါက ဥပဒေများအတိုင်း ထိရောက်စွာအ ရေးယူခံရမည်ဖြစ်သည်။ ဈေးကွက်အတွင်းတွင် ထိုကဲ့သို့ သတ်မှတ်ပေးထားသည့် ခွင့်ပြုချက်ထက် ကျော်လွန်ရောင်း ချနေသည့် သောက်ရေသန့် ၄ဝ ရာခိုင်နှုန်းအထိ ရှိနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA (နေပြည်တော်) မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*