သင်္ကြန်မှာ စီးပွားဖြစ် မဏ္ဍပ်တွေ ခွင့်မပြုတဲ့အပေါ် ဗေလုဝရဲ့ သုံးသပ်ချက်

သင်္ကြန်မှာ စီးပွားဖြစ် မဏ္ဍပ်တွေ ခွင့်မပြုတဲ့အပေါ် ဗေလုဝရဲ့ သုံးသပ်ချက်
March 30, 2017 Asian Fame

11:20 am
သင်္ကြန်မှာ စီးပွားဖြစ် မဏ္ဍပ်တွေ ခွင့်မပြုတဲ့အပေါ် ဗေလုဝရဲ့ သုံးသပ်ချက်

_KNP0212(ရန်ကုန်၊ မတ် ၂၇)

ယခုနှစ် သင်္ကြန်တွင် စီးပွားဖြစ် မဏ္ဍပ်များ လုံးဝခွင့်မပြုခြင်းမှာ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့နှစ်သစ် ကူး အနှစ်သာရကို အခက်အခဲများ ကြားမှ ထိန်းသိမ်းသည့် သဘောဟု မြင်မိကြောင်း သရုပ်ဆောင်ဗေလုဝ က ပြောသည်။

”စီးပွားဖြစ်ဖျော်ဖြေရေး မဏ္ဍပ် လုပ်လာတာ စီးပွားရေးအရပဲ ဆန်တယ်။ တချို့တွေမှာလည်း တွေ့ရတာပဲ မြန်မာ အကတွေ မရှိ တော့ သလောက်ပဲ။ လွန်ခဲ့တဲ့နှစ် တွေမှာ သင်္ကြန်ရဲ့အနှစ်သာရ တစ်ခု ဖြစ်တဲ့ သံချပ်တောင် ပိတ်ပင်ခံခဲ့ ရတာ အများကြီးရှိတယ်။ ဒီနှစ် တော့ တကယ့်မြန်မာမှု မြန်မာ့ဟန် နှစ်သစ်ကူး စစ်စစ်ကို ပြန်မြင်တွေ့ ရမယ်လို့ ယုံတယ်” ဟုဗေလုဝက ပြောသည်။

ယခင်က မေတ္တာ၊ ကုသိုလ်၊ အရိုင်း၊ ဗေလုဝတို့ပါဝင်သည့် ”သာဓု ပါဗျာ” သံချပ်အဖွဲ့သည် လူကြိုက်များ ခဲ့သည်။ ယခုနှစ် တွင် ဗေလုဝ ကိုယ် တိုင်ဦးဆောင်သည့် ‘မြန်မာပြည် နိဒါန်း’ သံချပ်အဖွဲ့က ဖျော်ဖြေ ယှဉ်ပြိုင်မည်ဖြစ်ပြီး လေ့ကျင့်မှု များ စတင် လုပ်ဆောင်နေ ပြီဖြစ် ကြောင်း သိရသည်။

၁၉၈ဝ ပြည့်နှစ် ကာလတစ် ဝိုက် ရန်ကုန်နှင့် မန္တလေးမြို့ကြီး များတွင် ရိုးရာသံချပ် အဖွဲ့များကို ဆင်းရဲတွင်းနက်နေသော နိုင်ငံသား များက အင်တိုက်အားတိုက် အားပေး ခဲ့သည်။ ၁၉၈၈ ခုနှစ် တပ်မတော် အစိုးရ အာဏာ သိမ်းပြီးသည့် နောက် သံချပ်များ ပျောက်ကွယ် သွားခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင်သံချပ်ထိုး ခွင့် ပြန်လည် ခွင့်ပြုပေးခဲ့ပြီး သံချပ် စာသားများကို တိုင်းဒေသကြီး အစိုးရ အဖွဲ့ မဟာသင်္ကြန် သံချပ် စိ စစ်ရေး ကော်မတီသို့ တင်ပြရန်နှင့် ကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ သီချင်း စပ်ဆိုခြင်း၊ သံချပ်ထိုးခြင်း များ ဆောင်ရွက် ရမည် ဖြစ်ကြောင်း အစိုးရ သတင်းစာများ၌ ထုတ်ပြန် ကြေညာခဲ့ဖူးသည်။

”ရန်ကုန်တိုင်း တစ်တိုင်းလုံး ယှဉ်ပြိုင် သွားမယ်။ ဒီနှစ်တော့ သံချပ်တွေ စည်ကားမယ်။ အဲဒါ ဆို တကယ် နှစ်သစ်ကူး အနှစ်သာ ရကို ပြည် သူတွေ ပြန်ခံစားရတော့ မယ်” ဟု ဗေလုဝက ပြောသည်။

ဗေလုဝက လတ်တလောတွင် မုဒုံဘက်၌ စာပေ ဟောပြောပွဲသွား ရောက်ဟောပြောခဲ့ပြီး အခြားလက်ခံ ထားသည့် စာပေ ဟောပြောပွဲ များ လည်းရှိကြောင်း သိရသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*