ရှေးဟောင်း မန်းသင်္ကြန်ပုံရိပ်များ ယခုနှစ် ပြန်လည်ဖော်ဆောင်မည်

ရှေးဟောင်း မန်းသင်္ကြန်ပုံရိပ်များ ယခုနှစ် ပြန်လည်ဖော်ဆောင်မည်
March 30, 2017 Asian Fame

11:03 am
ရှေးဟောင်း မန်းသင်္ကြန်ပုံရိပ်များ ယခုနှစ် ပြန်လည်ဖော်ဆောင်မည်

(မန္တလေး၊ မတ် ၂၈)

မန္တလေးကျုံးဘေး လမ်းတ လျှောက် သင်္ကြန်ပွဲတွင် မြန်မာ အမျိုးသမီး စီးပွားရေးနှင့် လူမှုရေး အသင်း(မန္တလေး)က ဦးဆောင် ကာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖော် ဆောင်သည့် သင်္ကြန်အဖြစ် ဆင်နွှဲ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအသင်းမှ တွဲဖက်အတွင်း ရေးမှူး ဒေါ်ကြည်ကြည်ဆွေက ”လွန် ခဲ့တဲ့နှစ် ၄ဝ ကျော်တုန်းက မန္တလေး သင်္ကြန်ပုံစံမျိုး ပြန်လည် ဖော်ထုတ် မှာပါ။ အဲဒီအတွက်လည်းပူးပေါင်း ပါဝင်ကြဖို့ အသင်းအဖွဲ့တွေ ဖိတ် ကြားပြီးကျွန်မတို့က ကမကထပြု စီစဉ်တာပါ။ အဓိကကတော့ မြန်မာ့ ယဉ်ကျေးမှု သင်္ကြန်ပွဲ စစ်စစ်ဖြစ်ဖို့ ရည်ရွယ်ပါတယ်”ဟု ပြောသည်။

မန္တလေး သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် တိုင်းဒေသကြီးအစိုးရ က ရိုးရာ ယဉ်ကျေးမှု ဖော်ဆောင်သည့် သင်္ကြန်ပွဲတော် အဖြစ် ကျင်းပ သွား ရန် စီစဉ်လျက် ရှိပြီး ကျုံးတောင် ဘက်ခြမ်း၂၆ဘီလမ်းတစ်လျှောက် ကို ဌာနဆိုင်ရာမဏ္ဍပ်နှစ်ခုသာ ခွင့်ပြုပေးခဲ့ကာ  မြို့အနှံ့ စည်ကား သောသင်္ကြန်ပွဲတော် အဖြစ် ကျင်းပ သွားရန် ကြေညာထားသည်။

”တောင်ဘက်ကျုံးလမ်း ၈ဝ ကနေ ၆၆ လမ်းအထိ ရိုးရာရေ ကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်၊ စတုဒိသာ ကျွေးမွေးဧည့်ခံရေး မဏ္ဍပ်ဆိုပြီး မဏ္ဍပ် ၃ ခုရှိမယ်၊  ပိုက်တွေနဲ့မကစားဘူး။ ဖလားတွေ နဲ့ပဲ ရေကစားကြမယ်၊ အဓိက က တော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပေါ်လွင်စေမယ့် မန္တလေးသင်္ကြန် ဖြစ်စေချင်တာပါ။ ကျွန်မတို့ချည်း တော့မဟုတ်ပါဘူး ဟိုတယ်နဲ့ခရီး သွားလုပ်ငန်းနဲ့ ပူးပေါင်းလုပ်သွား မှာပါ” ဟုလည်း ¤င်းကပြောသည်။

မြန်မာအမျိုးသမီး စီးပွားရေး နှင့် လူမှုရေးအသင်း(မန္တလေး)သည်။ ယမန်နှစ် သင်္ကြန်ပွဲတော် တွင် အမျိုးသားဇာတ်ရုံ (မန္တလေး)ဝင်း အတွင်း မြန်မာ့ရိုးရာ ယဉ်ကျေး မှုဖော်ဆောင်သော သင်္ကြန်ပွဲတော် ဆင်နွှဲခဲ့ဖူးပြီး ယခုနှစ်တွင် တိုင်းဒေ သကြီး အစိုးရ စီစဉ်သော လမ်း လျှောက် သင်္ကြန် ပွဲတော်၌ပူးပေါင်း ဆင်နွှဲရန် စီစဉ်နေခြင်းဖြစ်သည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*