ဒေါက်တာနုနန္ဒာသန်း နှင့် တွေ့ဆုံခြင်း

ဒေါက်တာနုနန္ဒာသန်း နှင့် တွေ့ဆုံခြင်း
March 30, 2017 Asian Fame

11:46 am
ဒေါက်တာနုနန္ဒာသန်း နှင့် တွေ့ဆုံခြင်း

UTheinTanအများနှင့် မတူ တစ်မူထူးခြား သော ဖက်ရှင်ဒီဇိုင်း များကြောင့် ပရိသတ်များကြား မှတ်မှတ်သား သားရှိနေသူနှစ်ဦး မှာ တေးသံ ရှင် မြန်မာပြည်သိန်းတန်နှင့် ဇနီး  ဒေါက်တာနုနန္ဒာသန်း ဖြစ်သည်။ ၄င်းတို့နှစ်ဦးဧ။် ဝတ်စားဆင်ယင်မှု ဖက်ရှင် ဒီဇိုင်းများကို ကြိုက်နှစ် သက်သော ပရိသတ်များ ရှိသလို ဝေဖန်သော ပရိသတ်များလည်း ရှိ သည်။ သို့သော် သူတို့နှစ်ဦးက တော့ ဝေဖန်မှုများကို မည်သို့မျှ တုံ့ပြန်ခြင်းမပြုဘဲ လတ်တလောတွင် ရုပ်ရှင်၊ ဗီဒီယိုများပါ လက်ခံရိုက် ကူးနေကြပြီဖြစ်သည်။ သို့ဖြစ်ရာ  မြန်မာပြည်သိန်းတန် ၏ ဖက်ရှင် ဒီဇိုင်းများကို တီထွင်ဖန်တီးပေးနေ သူ ဒေါက်တာ နုနန္ဒာသန်းနှင့် တွေ့ ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။

ဦးသိန်းတန်နဲ့ အစ်မတို့ဖက်ရှင်က အမြဲတမ်း ထူးခြားတယ်နော်။ ဘယ် လိုစိတ်ကူးမျိုး နဲ့ပုံဖော်ထားပါသလဲ

ရွေးချယ်တာ ကတော့ အရောင် စုံအောင် ရွေးချယ်တယ်။ အမေရိ ကန်မှာကျတော့ အဝတ်များတာ အမည်း၊ အဖြူ၊ မီးခိုးပေါ့နော်။ သူတို့ဆီက ရာသီဥတုကမှိုင်းနေ တော့ အဲဒါတွေ ပိုဝတ်ကြတယ်။ ပွင့်လင်းရာသီမျိုး ဆိုရင်တော့ အဝါ၊ အနီလေးတွေ ဝတ်ကြပါ တယ်။ မြန်မာပြည်မှာ ကျတော့ရာသီဥတု က နွေ၊ မိုး၊ ဆောင်းရှိတယ်။ နှင်း မကျဘူး။ အဲဒီတော့ ဘာဝတ်ဝတ် အဆင်ပြေတယ်။ အရောင်တောက် တာလေးတွေက အမြင် လန်းဆန်း တယ်။ ဘေးကကြည့်တဲ့လူ အတွက် လည်းအဆင်ပြေတယ်။ ဦးသိန်း တန်က အဖြူရောင် ကို သိပ်ကြိုက် တယ်။ အဖြူတစ်ခု တည်းဆို အမြင်ရိုးတယ်။ အဲဒီတော့ အရောင် စုံအောင် စီစဉ်ပေးတယ်။ လူတစ် ယောက် အတွက် အဝတ်အစားရွေး ချယ် ဝတ်ဆင်မှုက အရေးကြီးတယ်။ အဲဒီတော့ အမြဲတမ်း တက်ကြွလန်း ဆန်း ကျန်းမာတဲ့လူဖြစ်ဖို့ အစ်မ တို့နှစ်ယောက်စလုံးက ဖက်ရှင်ကို ပေါ့ပေါ့တန်တန် သဘောမထားဘူး။ အမြဲတမ်း ဆန်းသစ်အောင် စီစဉ် ပြီးဝတ်တတ်တယ်။ အောင်မြင် ခဲ့တဲ့ Myanmar Idol ပွဲစဉ် တစ် လျှောက်လုံး သူ့ဖက်ရှင် အပိုင်းကို တစ်ပွဲလုံး စိတ်နှစ်ပြီးတော့ စီစဉ် ပေးခဲ့တာပါ။  အများစိတ်ဝင်စား အောင်၊ အများအမြင်မှာ မရိုင်း အောင် သင့်တင့်လျောက်ပတ်တဲ့ ဖက်ရှင်ဖြစ်ဖို့ စီစဉ်ပေးရတယ်။ အနုပညာရှင်ဖြစ်ဖြစ်၊ သာမန်လူ ဖြစ်ဖြစ် ကိုယ့်ဖက်ရှင်က ကိုယ့် အတွက် ၉၉ ရာခိုင်နှုန်းအရေးပါ ပါတယ်။

မြန်မာပြည် မှာလည်း သိန်းချီတန်ဖိုး ရှိတဲ့ ပိတ်စတွေရှိနေတာပဲ။ နိုင်ငံ ခြားကနေ မှာယူရတဲ့ အကြောင်း ရင်းကို လည်း ပြောပြပေးပါဦး။

ဒီမှာသိန်းချီတွေရှိတယ် မှန် တယ်။ ဒါပေမယ့် ဟိုကပိတ်စတွေ ကလှတယ်။ Quality (အရည် အသွေး) ကောင်းတယ်၊ တရုတ် ပြည်က သွင်းတာ ဖြစ်ဖြစ်၊ ဘယ် ပြည်ကပဲ သွင်းသွင်း အရည်အသွေး ကို စိတ်ချရတယ်။ ဘာဖြစ်လို့လဲဆို တော့ အမေရိကန် နိုင်ငံက Quality ကို ဦးစားပေးတယ်။ တရုတ်တွေ သူတို့နိုင်ငံကို သွင်းချင်ရင်ျှကေူငအပ ကောင်းကောင်း လုပ်ပြီး သွင်းကြ တယ်။ အမေရိကန်ကို ပို့ရင် သူ သတ်မှတ်ထားတဲ့ စံချိန်မီအောင် အကောင်းစားပဲ ထုတ်တယ်။ အပွင့် ဆင်တူနေရင်တောင် မြန်မာနိုင်ငံ ကိုသွင်းတဲ့ကုန်နဲ့ အမေရိကန် ကိုသွင်းတဲ့ ကုန်ရဲ့အရည်အသွေး ကတော့ လုံးဝ မတူဘူး။ အဲဒါ ကြောင့် သယ်လာတာပါ။

အစ်မနဲ့ ဦးသိန်းတန် တို့ကို ပရိသတ် တွေက အမြဲ ဝေဖန်နေတာတွေကို တစ်စုံတစ်ရာ တုံ့ပြန်တာမျိုး မတွေ့ ရဘူး။ ဘာကြောင့် များလဲရှင့်။

ဘယ်သူတွေ ဘာပြောပြော facebook ပေါ်မှာဖြစ်ဖြစ်၊ စာ စောင်တွေမှာ ပဲဖြစ်ဖြစ် ဘယ်လိုပုံစံ ဘယ်လိုအကြောင်းပဲ ရေးရေး ကိုယ်က ဒါတွေကို မတုံ့ပြန်ဘူး။ ပြောပါစေ သူတို့ပြောတာလေ ကိုယ်က မခံယူထိုက်ဘူး တွေးထား တယ်။ အဲဒီတော့ ပန်းနဲ့ပေါက် တယ်လို့ပဲ ခံယူတဲ့အတွက် စိတ်မ ညစ်ရပါဘူး။ အဲဒါ သမာဓိအား ကောင်းပြီးမေတ္တာစိတ် ရှိတဲ့ သူတွေ မှာပဲ အဲဒီစိတ်ရှိတာပါ။ ကိုယ့်ကို ဘယ်လိုပဲဝေဖန်ပါစေ၊ ဆိုဆဲပါစေ ကိုယ်မခံယူဘူး ဆို ကိုယ်ဘာမှ စိတ်မညစ်ဘူးလေ။ အဲဒါ အသက် အရွယ် ကြီးငယ်တာနဲ့ မဆိုင်ဘူး။ ဘုရားတရားကို ကိုးစားတာ၊ သမာဓိ အားကောင်းတာနဲ့ ဆိုင် တယ်။ တချို့လည်း ငယ်ငယ်ရွယ် ရွယ်နဲ့ တိုက်ခိုက် ဆိုဆဲခံရပေ မယ့် မတုံ့ပြန်တာတွေ တွေ့ရပါ တယ်။ ကိုယ်လုပ်စရာရှိတာ လုပ်တယ်။ အိပ်မပျော် စား မဝင်တာလည်း မရှိဘူး။ ရင်ထဲ မှာ မထားဘူး။ အဲဒီတော့ ဘာမှ မခံစားရဘူး။

အစ်မတို့ နှစ်ယောက်စလုံးက အနု ပညာ နယ်ပယ်မှာ တက်တက်ကြွ ကြွ နဲ့ အမြဲပါဝင်နေတာ တွေ့ရပါ တယ်။ ကျန်းမာ ဖျတ်လတ်နေအောင် ဘယ်လို နေထိုင်စားသောက်ပါ သလဲရှင့်။

လူဆိုတာ အသက်ကြီး လာရင် ကျန်းမာရေးက ချို့ယွင်းလာမယ် ဒါက ဓမ္မတာပါပဲ။ သူကျန်းမာပြီး တက်တက်ကြွကြွနဲ့ အနုပညာနယ် ပယ်မှာ ကခုန်နိုင်သေးတာ သူကိုယ် တိုင်ကျန်းမာရေး လိုက်စားတယ်။ ပြီးတော့ သူတို့မျိုးရိုး မိသားစု အလိုက် ကျန်းမာကြ တယ်။ နှလုံး သွေးကြော ပိတ်တာတွေ၊ လေဖြတ် တာတွေ မရှိကြဘူး။ ဦးသိန်းတန်မှာ သွေးတိုး ဆီးချို နှလုံး မရှိဘူး။ သူ့ကို ကျွေးမွေးတဲ့ အစားအစာ ကိုလည်း အစ်မ ကိုယ်တိုင်ပဲ စီစဉ်တယ်။ ဗီတာမင်တွေ ကိုလည်း မျှတအောင် ကျွေးတယ်။ အစ်မကိုယ်တိုင်လည်း ကျန်းမာအောင်နေတယ်။ တရား ထိုင်တယ်။  အဓိက က နေထိုင်စား သောက်မှု ကိုယ်လက် လှုပ်ရှားမှု အရမ်းကို အရေးကြီးတယ်။

အစ်မတို့ အိမ်ထောင်သက် ၁၅နှစ် တိုင်တိုင် တည်မြဲအောင် ဘယ်လို အရာနဲ့ တည်ဆောက်ထားလဲဆို တာ သိပါရစေရှင့်။

အနုပညာ သမား ဖြစ်တဲ့ အတွက် သူများတွေရဲ့စောင့်ကြည့် တာခံရတာပေါ့။ အစ်မတို့အိမ် ထောင်ရေးက အမြဲသာယာနေရတဲ့ အကြောင်း ရှိတယ်။ အဲဒါကတော့ ဇနီးမောင်နှံ ဖြစ်လာပြီဆိုရင် ကိုယ် ချစ်တာ တစ်ခုတည်းနဲ့ မလုံလောက် တော့ဘူး။ တန်ဖိုးထား ရမယ်၊ မြတ် နိုးရမယ်၊ တွယ်တာရမယ်၊ ကိုယ် ချင်းစာတရား ရှိရမယ်။ အဲဒါတွေ ရှိမှသာ သာယာတဲ့ အိမ်ထောင် ဖြစ်မှာ။ ဘယ်တော့မှ မပြိုကွဲနိုင်တဲ့ အိမ်ထောင်ရေးရဲ့ အဓိကသော့ ချက်လည်းဖြစ်တယ်။  တစ်ယောက် နဲ့ တစ်ယောက် လေးစားရမယ်၊ နားလည်ပေးရမယ်၊ စာနာတတ် ရမယ်။ အဲဒီအရာတွေ မရှိရင် အနုပညာရှင် ဖြစ်ဖြစ် သာမန်လူ တွေပဲဖြစ်ဖြစ် ကြာရှည်မခံဘူး။  ရေရှည်မှာလည်း တည်မြဲတဲ့ သာ ယာတဲ့ အိမ်ထောင် မဖြစ်နိုင်ဘူး။ ခုနကပြောတဲ့အချက်တွေ အားလုံး သူ့ဆီမှာရော အစ်မဆီမှာရော ရှိ တယ်။ အဲဒီတော့ အိမ်ထောင် က ခိုင်မြဲတယ်။ သာယာတယ်။ ကိုယ်ပဲ ကောင်းပြီး သူမကောင်းရင် ရေရှည် ဘယ်လိုလုပ်ပြီး တည်မြဲမှာလဲ။

အစ်မနဲ့ ဦးသိန်းတန်တို့ သရုပ် ဆောင်ထားတဲ့ ‘ဖက်ရှင်’ ရုပ်ရှင် ဇာတ်ကားလည်း ပြီးပြီလို့ သိရတယ်။ ပရိသတ်တွေ ဘယ်လိုပုံစံမျိုးနဲ့ ထူးထူးခြားခြား မြင်တွေ့ရမှာလဲ ရှင့်။

‘အောင်တိုင်းကျော်’ ထုတ် လုပ်ရေးကနေထုတ်လုပ်ပြီး ဒါရိုက် တာ ကျော်ဇောလင်း (အတွေး ပုံရိပ်) ရိုက်တာပါ။ အဲဒီကားမှာ မြန်မာပြည် သိန်းတန်၊ ဇေရဲထက်၊ ခင်ဝင့်ဝါ၊ ယွန်းရွှေရည်နဲ့ အစ်မတို့ ပါတယ်။ ကရတဲ့အပိုင်းတွေပါ တယ်။ တစ်ကားလုံး ပေါ့ပေါ့ပါးပါး တွေပါပဲ။ စိတ်ဝင်စားစရာလည်း ကောင်းတယ်။ ဖက်ရှင်ဆိုတဲ့အတိုင်း ဖက်ရှင်အဆန်းတွေ မြင်တွေ့ရ လိမ့်မယ်။

ထူးထူး မေးမြန်းတင်ဆက်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*