အမေရိကန်နှင့် မက္ကဆီကို နှစ်နိုင်ငံ အကြား တံတိုင်းကာရံရန် အတွက် ထရမ့် အစိုးရဘတ်ဂျက် ၁ ဘီလျံ လိုအပ်နေ

အမေရိကန်နှင့် မက္ကဆီကို နှစ်နိုင်ငံ အကြား တံတိုင်းကာရံရန် အတွက် ထရမ့် အစိုးရဘတ်ဂျက် ၁ ဘီလျံ လိုအပ်နေ
March 30, 2017 Asian Fame

11:51 am
အမေရိကန်နှင့် မက္ကဆီကို နှစ်နိုင်ငံ အကြား တံတိုင်းကာရံရန် အတွက် ထရမ့် အစိုးရဘတ်ဂျက် ၁ ဘီလျံ လိုအပ်နေ

american(ဝါရှင်တန်၊ မတ် ၂၈)

အမေရိကန်နှင့် မက္ကဆီကို နှစ်နိုင်ငံ အကြား ၆၂ မိုင်အရှည်ရှိ သည့် တံတိုင်းကာရံရန် အတွက် ထရမ့် အစိုးရအနေဖြင့် ကန် ဒေါ် လာ ၁ ဘီလျံမျှ လိုအပ်နေကြောင်း သိရသည်။

လက်ရှိ ၁၄ မိုင်အရှည်တံတိုင်း ကို နောက်ထပ် ၄၈ မိုင် အရှည်ရှိ တံတိုင်း ထပ်မံဆက်ရန်အတွက် အိမ်ဖြူတော်က ကန်ဒေါ်လာ ၉၉၉ မီလျံဘတ်ဂျက် တောင်းခံ ထားသည်။

သိရသော သတင်းအချက် အလက်များ အရ ယင်းဘတ်ဂျက် တောင်းခံမှုသည် အမေရိကန်ပြည် ထောင်စု ပြည်တွင်း လုံခြုံရေးဝန် ကြီးဌာနမှ တောင်းခံခြင်းဖြစ် ကြောင်း သတင်းဌာနများ ကဆိုကြ ပါသည်။

ဘတ်ဂျက် လိုအပ်ကြောင်း တောင်းခံမှုမှာ ယခု ၂ဝ၁၇ ခုနှစ် တွင် တည်ဆောက်ရေး လုပ်ငန်းများ ပြုလုပ်ရန် အတွက် ကန်ဒေါ်လာ ၁ ဘီလျံအပြင် လာမည့် ၂ဝ၁၈ ခုနှစ် ဝယ် နည်းပညာပိုင်း ဆိုင်ရာတို့ ထပ်မံဖြည့်တင်း တည်ဆောက် ရန်အတွက် ကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံ ပါဝင်သေးသည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် သူ၏ မဲဆွယ်ကာလအတွင်းဝယ် အဆိုပါ တံတိုင်း တည်ဆောက်ပေး မည့်ကိစ္စကို အဓိက ကတိကဝတ် အဖြစ် မဲဆွယ် စည်းရုံးခဲ့ခြင်းဖြစ် သည်။

PN002
Ref: Trump wants $1B for 62 miles of border wall

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*