သင်္ကြန်ကာလ အဝေးပြေးယာဉ်လက်မှတ်ခ ပိုမိုကောက်ခံနေမှုများ တိုင်ကြားပါက ထိရောက်စွာ အရေးယူမည်

သင်္ကြန်ကာလ အဝေးပြေးယာဉ်လက်မှတ်ခ ပိုမိုကောက်ခံနေမှုများ တိုင်ကြားပါက ထိရောက်စွာ အရေးယူမည်
March 30, 2017 Asian Fame

11:00 am
သင်္ကြန်ကာလ အဝေးပြေးယာဉ်လက်မှတ်ခ ပိုမိုကောက်ခံနေမှုများ တိုင်ကြားပါက ထိရောက်စွာ အရေးယူမည်

ဝေရှိုင်းကျော်
ရန်ကုန်၊ မတ် ၂၇

အဝေးပြေး ကားလက်မှတ်ခကို ပုံမှန်ဈေးနှုန်းထက် ပိုမိုရောင်းသူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ပြောသည်။

”ထိရောက်စွာ အရေးယူမှာ ဖြစ်တယ်။ ဘယ်လိုအရေးယူမယ် ဆိုတာကို ဆွေနွေးနေပါတယ်။အနည်းဆုံး ငွေဒဏ်တော့ဖြစ်မှာပါ” ဟုအထက်ပါ အာဏာပိုင်အဖွဲ့ မှ ဒေါက်တာမောင်အောင်က ပြောသည်။ အဆိုပါ ကားလက်မှတ်ကိစ္စများနှင့် ပတ်သက်၍ ပုံမှန်ဈေး ထက်ပိုမရောင်းရန် ပြောကြားထားကြောင်း ၎င်းက ဆက်ပြောသည်။ မတ်လ ဒုတိယပတ်က ကားလက်မှတ် ဈေးနှုန်းများ တိုးမြင့်ကောက်ခံခွင့်ပြုရန် ယာဉ်လုပ်ငန်းရှင်အချို့က တောင်းဆိုမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာမှ ခွင့်ပြုပေး ခဲ့ခြင်းမရှိပေ။

သင်္ကြန်ကာလတွင် အဝေးပြေးကားလက်မှတ်များ တိုးရောင်း ခြင်းသည် နှစ်စဉ်ဖြစ်နေပြီး မည်သို့ ပင် ထိရောက်စွာ အရေးယူဆောင် ရွက်မှုများ ရှိနေသော်လည်း ယနေ့ အချိန်ထိ ကားလက်မှတ်များတိုးရောင်းခြင်းများ ရှိနေသေးသည်။ ”အခုအချိန်ထိကတော့ ကားလက်မှတ်ကိစ္စနဲ့ တိုင်ကြားတာ တွေမရှိသေးပါဘူး။ မနှစ်ကတော့ ကားလက်မှတ်ခ ပိုရောင်းတာတွေကို ဒဏ်ငွေ ၅ သောင်းနဲ့ အရေးယူ ပါတယ်” ဟု ဒေါက်တာမောင်အောင်က ပြောသည်။

နှစ်စဉ် သင်္ကြန်ကာလများတွင် အဝေးပြေးကားလက်မှတ်ယူရာတွင် အခက်အခဲဖြစ်ခြင်း၊ လက် မှတ်ဈေးနှုန်းများ ကြီးမြင့်ခြင်း စသည့် အခက်အခဲများကို ခရီး သွားများ နှစ်စဉ်ကြုံတွေ့ရင်ဆိုင် နေရသည်။ ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလအတွင်းက အဝေးပြေး ခရီးစဉ် လက်မှတ်ဈေးနှုန်းများ ပိုမိုရောင်းချနေကြောင်း ခရီးသည်များ ထံမှ တိုင်ကြားမှုများရှိခဲ့ရာ ယာဉ် တစ်စီးလျှင် ဒဏ်ကြေးကျပ်ငါးသောင်းဖြင့် အရေးယူဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် သင်္ကြန်ကာလက အဝေးပြေးယာဉ်စီးခများ ပိုမိုတောင်းခံခဲ့သည့် အောင်မင်္ဂလာ အဝေးပြေး အခြေစိုက်နှင့် ဒဂုံဧရာ အဝေးပြေး အခြေစိုက် ယာဉ်လိုင်း ၃၄ လိုင်းအား ခရီးသည်များက လက်မှတ်အထောက်အထားများ နှင့် တိုင်ကြားမှုများ ရှိခဲ့သဖြင့် ယာဉ်တစ်စီးလျှင် ကျပ်ငါးသောင်း ဖြင့် ဒဏ်ငွေပေးဆောင်စေရာတွင် ဒဏ်ကြေး ငွေကျပ် ၂၇ သိန်း ရရှိခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*