လန်ဒန်အကြမ်းဖက်မှု တရားခံ၏ မိခင်သည် သားဖြစ်သူ၏ လုပ်ရပ်များကို ကြားသိရသည်တွင် တုန်လှုပ် ခြောက်ခြားသွားဟု ဆို

လန်ဒန်အကြမ်းဖက်မှု တရားခံ၏ မိခင်သည် သားဖြစ်သူ၏ လုပ်ရပ်များကို ကြားသိရသည်တွင် တုန်လှုပ် ခြောက်ခြားသွားဟု ဆို
March 30, 2017 Asian Fame

11:47 am
လန်ဒန်အကြမ်းဖက်မှု တရားခံ၏ မိခင်သည် သားဖြစ်သူ၏ လုပ်ရပ်များကို ကြားသိရသည်တွင် တုန်လှုပ် ခြောက်ခြားသွားဟု ဆို

London-attack(လန်ဒန်၊ မတ် ၂၈)

လန်ဒန် ဝက်စမင်စတာဘုရား ကျောင်း အနီးဝယ် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုများ ကျူး လွန်ခဲ့သူ ခါလစ်မာဆွတ် ၏ မိခင် သည် သားဖြစ်သူ၏ လုပ်ရပ် များကို ကြားသိရသည်တွင် တုန်လှုပ်ခြောက် ခြားသွားခဲ့ကြောင်း သိရသည်။

”သူ့လုပ်ရပ်ကြောင့် တစ်ပါးသူ တွေ မျက်ရည်ပေါက် ကြီးငယ်ကျ ကြရပြီ” ဟုလည်း သူမက မျက် ရည်လည်ရွဲနှင့် ပြောသည်။

ခါလစ် မာဆွတ်သည် သူ၏ ကားဖြင့် လူသုံးဦးကို တိုက်၍ သတ် ဖြတ်ခဲ့ပြီးနောက် သူ့အား ရဲများက သေနတ်ဖြင့် မပစ်ခတ်မီလေး တွင် ပင် ရဲအရာရှိ တစ်ဦးကို ဒဏ်ရာ ပြင်းထန်စွာ ရရှိသည်အထိ ဓားဖြင့် ထိုးခဲ့သေးသည်။

လက်ရှိအချိန် အထိမူ အကြမ်း ဖက်မှုပြုသူ မာဆွတ်နှင့် အစ္စလာမ္မစ် နိုင်ငံတော် အကြမ်းဖက်အဖွဲ့ (သို့) အယ်ခိုင်ဒါ အကြမ်းဖက် အဖွဲ့တို့ အ ကြား ဆက်သွယ် ဆက်ဆံခဲ့သည့် အထောက်အထား မတွေ့ရှိသေး ကြောင်း လန်ဒန် ရဲတပ်ဖွဲ့က ဆို သည်။

အသက် ၅၂ နှစ်ရှိသူ ခါလစ် မာဆွတ်သည် ပြီးခဲ့သည့် မတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ ခန့်က လန်ဒန်မြို့လည်ကောင်ရှိ ဗြိတိန်ပါလီမန် အဆောက်အအုံ အနီး ဝက်စမင်စတာ ဘုရားကျောင်း အနီးနှင့် ဝက်စမင်စတာ တံတား ပေါ်ဝယ် သူမောင်းနှင်လာသော ကားဖြင့် လူများကို တိုက်ခဲ့ခြင်း ကြောင့် လူငါးဦးသေဆုံးခဲ့ပြီး လူ ၅ဝထက် မနည်း ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ရဲအရာရှိတစ်ဦးကို ဓား ဖြင့်ထိုးရာတွင် အခြား ရဲအရာရှိ တစ်ဦး၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ယင်း ဒဏ်ရာဖြင့်ပင် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့သည်။

PN002
Ref: London attack: Khalid Masood mother ]shocked and saddened

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*