ရခိုင်ကမ်းရိုးတန်းတွင် ဂျပန်မှ ကူညီထားသော သင်္ဘော စတင်ပြေးဆွဲတော့မည်

ရခိုင်ကမ်းရိုးတန်းတွင် ဂျပန်မှ ကူညီထားသော သင်္ဘော စတင်ပြေးဆွဲတော့မည်
March 30, 2017 Asian Fame

3:56 pm
ရခိုင်ကမ်းရိုးတန်းတွင် ဂျပန်မှ ကူညီထားသော သင်္ဘော စတင်ပြေးဆွဲတော့မည်

(ရန်ကုန်၊ မတ် ၂၄ )

ရခိုင် ကမ်းရိုးတန်းတွင် ပြေးဆွဲရန် အတွက် ဂျပန်နိုင်ငံက ကူညီပေးထား သည့် ခရီးသည်တင် သင်္ဘောတစ်စင်းဖြင့် ယခုလ ၂၉ ရက်နေ့ တွင် စတင်ပြေးဆွဲတော့ မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ပြောသည်။

လက်ရှိတွင် အဆိုပါ သင်္ဘောမှာ စစ်တွေ ဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ယင်း သင်္ဘောဖြင့် ရခိုင်ပြည်နယ် စစ်တွေနှင့် တောင်ကုတ် ၊ မြေပုံ၊ မာန်အောင် တို့ အကြား ပြေးဆွဲမည်ဖြစ်သည်။

”ဖွင့်ပွဲလုပ်ပြီး စဆွဲပါတော့မယ်” ဟု ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော် လွင်က ပြော သည်။

ရခိုင် ကမ်းရိုးတန်းတွင် ပြေးဆွဲနေခဲ့ သည့် အောင်တံခွန် သင်္ဘောမှာ ၂ဝ၁၅ ခုနှစ် အတွင်းက နစ်မြုပ်ခဲ့ပြီး နောက်ပိုင်း ရခိုင် ကမ်းရိုးတန်းဒေသ တွင် ရေယာဉ် ပြေးဆွဲမှုကို ရပ်နားထားခဲ့ရသည်။ ယခင် ရှိခဲ့သော အစိုးရအဖွဲ့ပိုင် သင်္ဘောများသည် ပင်လယ် ကမ်းရိုးတန်းတွင် ပြေးဆွဲနိုင် လောက်သည်အထိ ခိုင်ခံ့မှု မရှိသဖြင့် အဆိုပါသင်္ဘော များကို ရခိုင်ကမ်းရိုးတန်း တွင် ပြေးဆွဲနိုင်စေရန် ရည်ရွယ်ပြီး ဂျပန် နိုင်ငံက လှူဒါန်းခြင်း ဖြစ်သည်။

ရခိုင် ကမ်းရိုးတန်းတွင် ပြေးဆွဲနိုင်ရန် အတွက် ဂျပန်နိုင်ငံမှ သင်္ဘော ၃ စင်း လှူဒါန်း ထားခြင်းဖြစ်ပြီး ဒုတိယမြောက် သင်္ဘောမှာ လာမည့်မေလ အတွင်း ရောက်ရှိလာမည် ဖြစ်ကာ နောက်ဆုံး တစ်စင်းရောက်ရှိမည့် ကာလကိုမူ အတိ အကျ မသိရသေးပေ။

အဆိုပါ ရခိုင် ကမ်းရိုးတန်းမြို့နယ် များသို့ ကုန်းလမ်းခရီးဖြင့် သွား၍ ရသော်လည်း အချိန်ကြန့်ကြာမှု ရှိပြီး မာန်အောင်ကိုမူ ကားလမ်း ခရီးဖြင့် သွား၍ မရကြောင်း ယင်းဒေသခံ များက ပြောကြသည်။

အဆိုပါ သင်္ဘောကို ကစ္စပနဒီ (၁) ဟုအမည် ပေးထားပြီး ခရီးသည် ၁၄၅ ဦးခန့် ဆံ့မည်ဖြစ်သည်။ လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်း မြို့နယ် အချို့သို့ ရွှေပြည်တန်အမြန် ရေယာဉ်၊ မေလိခ အမြန်ရေယာဉ် တို့ဖြင့် ပြေးဆွဲလျက် ရှိသည်။

အောင်တံခွန်သင်္ဘောသည် ခရီး သည် ပိုတင်ခြင်း၊ သင်္ဘောခိုင်ခံ့မှု မရှိခြင်း၊ အသက်ကယ်အင်္ကျီအလုံအလောက် မပါ ရှိခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် တိမ်းမှောက် ခဲ့သည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*