နယူးယောက်တွင် မိုးမိခြင်း အပိုင်း (၂)

နယူးယောက်တွင် မိုးမိခြင်း အပိုင်း (၂)
March 30, 2017 Asian Fame

3:35 pm
နယူးယောက်တွင် မိုးမိခြင်း အပိုင်း (၂)

Kyi-Min(၁)
မှိုင်းညို့ညို့ ပြတိုက်ကြီး၏ ရှေ့လှေကားထစ်များကို တက်နေ ချိန်မှာ မိုးက တော်တော်သည်းနေ ပြီဖြစ်၏။ မိုးထဲလေထဲမှာ ကျောင်း ဝတ်စုံ ကိုယ်စီဖြင့် ရောက်လာနေကြ သော ကျောင်းသားငယ် များကိုလည်း တွေ့သည်။ အများကြီး မဟုတ်၍ ကျောင်းအလိုက် လာကြခြင်းမဟုတ် ဘဲ တန်းခွဲအလိုက် လာကြခြင်းဖြစ် မည်။ သူတို့ သင်ရိုးညွှန်းတမ်းတွင် ပြတိုက်လေ့လာချိန်ပါသည်။ နံနက် တစ်ပိုင်းလုံး လှည့်လည်လေ့လာပြီး မွန်းလွဲပိုင်း ကျောင်းပြန်ရောက်တော့ ဆွေးနွေးကြရသည်။ မူလတန်းဆို လျှင်တော့ ဆွေးနွေးပွဲတွင် စခန်း ရပ်သည်။ အလယ်တန်း ဆိုလျှင်တော့ နောက်နေ့မှာ မှတ်တမ်းပြန်ရေးတင် ရသည်။ ပြတိုက်ထဲ လှည့်ကြည့်စဉ် အီဂျစ်ခန်း (Egypt Section) မှာ ဆရာမ ရှင်းပြနေသည်ကို မှတ်စုစာ အုပ်ကလေး တကိုင်ကိုင်နှင့် နားထောင် ပြီး ကိုင်ကြည့်လို့ရတာတွေ ကိုင်ကြည့် ကာ ကူးလို့ရတာတွေ ကူးယူနေကြ သော ကျောင်းသား၊ ကျောင်းသူ လေးများကို တွေ့ရသည်။ တချို့က ဆရာမကို ပြန်မေးနေကြသည်။

မိုးရေထဲမှာ တန်းစီနေတုန်း ကျွန်တော်သည် မသိခြင်း အကြောင်း ကို စဉ်းစားနေမိ၏။ ညတုန်းကသာ အင်တာနက် ဖွင့်၍ စူးစမ်းလိုက်လျှင် ဤပြတိုက်ကြီး အကြောင်းကို ကျွန် တော် တော်တော်များများ ကြိုသိ နေနိုင်သည်။ သို့သော် မသိချင်၍ မဖွင့်။ ဤပြတိုက် ကို ဘယ်သူတွေ ဘယ်တုန်းက တည်ထောင်ခဲ့သလဲ ဆိုခြင်းသည် ကျွန်တော် နှင့်မဆိုင်။ ပြတိုက်အတွင်းမှ ပစ္စည်းများကိုသာ ကျွန်တော် စိတ်ဝင်စားသည်။ ထို ခင်းကျင်းပစ္စည်းတို့သည် ကျွန်တော့် ကို အလန့်တကြား ဖြစ်အောင် သို့ မဟုတ် ရင်သပ် ရှုမောဖြစ်အောင် လုပ်မည့်ခံစားမှု ဘယ်လိုရလာမှာ လဲ ဆိုတာကိုပဲ ကျွန်တော် စိတ်ဝင် စားသည်။ လောကနတ် ပန်းချီ ပြခန်းတွင် ပန်းချီကား တစ်ချပ်အ တွက် နှစ်ရက် အချိန်ပေးခဲ့ရပုံကို သတိရနေမိသေးသည်။

(၂)

ပြတိုက်သည် ပန်းချီပြခန်း မဟုတ်ပေ။ ပန်းချီပြခန်းသို့ သွား သူ၌ အနုပညာကို ခံစားဖို့ ဟူသော ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိ သည်။ ပြတိုက်သို့ သွားသူတွင်ကား လုပ်ငန်း ၂ မျိုးရှိနေသည်။ ရှေး ဟောင်း ပစ္စည်းများ၏ သမိုင်းတန် ဖိုး (မှတ်တမ်း တန်ဖိုးကို အံ့သြခြင်း ကြီးစွာဖြင့် ဆင်ခြင်ရန်နှင့် ထိုခင်း ကျင်းပစ္စည်း တို့၏ သုခုမတန်ဖိုးကို ခံစားရန်တို့ ဖြစ်သည်။ ပြတိုက်တို့၊ ပြခန်း တို့တွင် ဆုံရလေ့ရှိသော လူ အမျိုးအစား တစ်မျိုးရှိပါသေးသည်။ လှစ်လှစ်၊ လှစ်လှစ်နှင့် ပန်းခင်းမြင်း စီးသလို လျှောက်ကြည့်ပြီး ဓာတ်ပုံ တို့၊ ဆယ်လ်ဖီတို့ ရသလောက်ရိုက် နေသော လူစားမျိုးဖြစ်သည်။ အ ချိန်မရလို့ ဓာတ်ပုံပဲ ရိုက်ယူရတာ ပါဟု ပြောတတ် သူများသည် အနု ပညာကိစ္စတွင် ‘လျှာထူ’ နေသူတွေ ဖြစ်ဖို့ များလှ၏။ ကင်မရာကောင်း ကောင်းနှင့် ရိုက်လာပြီး အိမ်ကျမှ ကွန်ပျူတာဖြင့် ကြည့်သည်ဆိုပါစို့။ ကွန်ပျူတာပေါ်မှ ပုံကပေးသော အနုပညာ ရသသည် မူရင်းပန်းချီ ကားကပေးသော အနုပညာရသကို မမီနိုင်။ ဘယ်လိုမှ မမီနိုင်။ ဗင်ဂိုး (Van Gogh ဟော့ဖ်)၏ ကြယ် စုံည Starry Night  ပန်းချီကား သည် အရောင်အသွေး စုံလှသည် မဟုတ်ပါ။ အပြာရင့်နှင့် ကြက်သွေး ရောထား၍ အနက်ရောင် ဖြစ်လာ ရသော အနက်၊ အပြာရင့်၊ အပြာ နု၊ အဝါဖျော့နှင့် အဖြူရောင် မဆို စလောက် တို့သာပါသည်။ ထို့ကြောင့် ဓာတ်ပုံ ကင်မရာများဖြင့် မှတ်တမ်း တင်လျှင် မူရင်းနီးပါး အရောင်ထွက် သည်။ ပုံနှိပ်၍လည်း အရောင်လွယ် သဖြင့် မျက်နှာပြည့်၊ ရောင်စုံဓာတ် ပုံဆိုလျှင် အရောင်တွေက မူရင်း နှင့်နီးစပ်နိုင်သည်။

သို့သော် နံရံပေါ်မှ မူရင်းပန်း ချီကားကို ကြည့်ခြင်းဖြင့် ရလာသော အရသာမျိုးကို ဓာတ်ပုံက မပေးစွမ်း နိုင်သည်မှာ ကျိန်းသေ သလောက်ပင် ရှိသည်။ မူရင်း ပန်းချီကားတွင် ပန်းချီဆရာ ၏ ဝိညာဉ်ပါနေသည်။ အချိန်တကယ်ယူပြီး ထိုဝိညာဉ် စိမ့် ဝင်လာသည်အထိ ကြည့်ရှုခွင့်ရနေ ပါလျက် ဓာတ်ပုံရိုက်ယူပြီး အိမ်ကျ မှ ကွန်ပျူတာဖြင့် ကြည့်ရန်စိတ်ထက် သန်နေသူသည် အရှုံးကြီးရှုံးပါသည်။

(၃)

မသိခြင်းအကြောင်း စကားစ ကို အပြီး မဖြတ်ရသေးသဖြင့် ဆက် ပါဦးမည်။ ပြတိုက်၏ တည်နေရာ တို့၊ အကျယ်အဝန်းတို့၊ သက်တမ်း တို့ကို ကျွန်တော် မသိသည်သာမ က ဝင်ကြေး ဘယ်လောက် ပေးရ သည်ဆိုသည်ကိုပင် ကျွန်တော်မသိ။ နယူးယောက် စာပေချစ်သူ များ၏ အစီအစဉ် အတိုင်း လိုက်နာရခြင်း ဖြစ်ရာ တချို့ကိစ္စတွေကို မသိလိုက် မသိ ဖာသာနေလိုက်ခြင်းက ပို ကောင်းတတ်ပါသည်။ ဝင်ကြေးက အမျိုးမျိုး ဆိုတာကိုတော့ ကျွန် တော် ဖတ်မိလိုက်သည်။ အသက် ၆၅ ကျော်သူများ ကို ဈေးလျှော့ ပေး သည်။ လေ့ လာရေးကျောင်း သူ၊ ကျောင်းသားများ ကတော့ အ ထူးကင်းလွတ်ခွင့်ရသည်။ နိုင်ငံ သားဖြစ်ပြီး သူများနှင့် အသင်းဝင် ထားသူများ အတွက်လည်း အထူး ဈေးနှုန်းရှိသေး၏။

ထိုဈေးနှုန်းကိစ္စသည် ကျွန် တော် ခုန်ကျော် သွားရမည့် ကိစ္စ များသာ ဖြစ်သည်။ လှမ်းမြင်နေ ရသော ကျောက်ဆစ်ပန်းပုတော ကြီးက ဖိတ်ခေါ်လှပြီ။

(၄)

ဤပြတိုက်ကြီးလို အနုပညာ လက်ရာတွေ တစ်မျှော်တစ်ခေါ်ရှိ နေသော ပန်းစုံတောမှာ ရင်မော မနေဘူးလားဟု မေးချင်ကြပေ မည်။ ပန်းခင်းကြီး ကြားမှာ ကျွန် တော် ပန်းဘယ်နှပွင့်ကို ခံစားခွင့် ရမှာလဲ။ ဓာတ်ပုံ ရိုက်ယူလာနိုင် သည်ပဲထား ဘယ်နှပုံ ရိုက်လာနိုင် မှာလဲ။ ပန်းပုတစ်ခုကို ဓာတ်ပုံရိုက် လျှင် အလင်းအမှောင် အကောင်း စား အနေအထားမှာ Exposure Meter  သုံးပြီး B နှင့် ရိုက်မှ ကိုယ် လို ချင်တာရသည်။ ပန်းချီကားကို ရိုက်လျှင် အလင်းတု  Auxiliary Lighting တွေလိုသည်။ အနက်ခင်း ပေါ်မှာ ဆေးရောင်စုံကို ပကတိ အရှိအတိုင်း ထွက်လာနိုင်သည် အ ထိ မီးကစားပြီးမှ 150 အမြင့်စား ဖြင့် ရိုက်ရသည်။ ထို့ကြောင့် ၁၅ သိန်းတန် Pro ကင်မရာလောက် သည် ပန်းချီကား၏ အရသာကို ကူး မယူနိုင်ပါ။ အကောင်းဆုံး ရအောင် ရိုက်သည့်တိုင် အနီးစပ်နိုင်ဆုံး ပဲရ မည်။ စောစောကလို ခင်းကျင်းပြီး ရိုက်သည့်တိုင် ၉ဝ ရာခိုင်နှုန်း ထက် ပိုမရနိုင် ဆိုတော့လည်း ကျွန်တော် တို့လို အပျော်တမ်းသမားတွေ ရိုက် သောပုံက ဥမ္မာဒန္တီပုံကို ရေဆေး အထူ (ဂူအက်ရှ် Gouache)နှင့် ဆွဲထားသလိုသာ ဖြစ်လိမ့်မည်။

သို့သော် ကျွန်တော် မပူပါ။ ကျွန်တော့်အပူလည်း မဟုတ်ပါ။ ပူနေလို့လည်း ဘာမှမထူးပါ။ ကျွန် တော့်မှာ နည်းရှိသည်။ ခရီးသွား လျှင် ပို့စကတ် အတွဲလိုက်တွေ ဝယ်သည်။ သြစတြေးလျ သွားသည် ဆိုပါတော့။ မြို့ကြီးများမှ ထင်ရှား ကျော်ကြား၍ သိထားထိုက်သော နေရာ ၁ဝ ခုလောက်နှင့် သားပိုက် ကောင်တို့၊ ကွားလားကောင် (မြန် မာ့စွယ်စုံကျမ်း အရဖြစ်၊ အမှန်က ကဝါးလား)၊ ငှက်ကုလားအုပ်၊ အီ မျူးစသည်တို့ ပါသော ပို့စကတ် ၁၄ ခုလောက်ပါသည့် အုပ်ငယ်တွဲ မျိုးကွဲ ၂ ခုလောက် ဝယ်လိုက်ရုံ ပင်။ ကိုယ့်ထက် အများ ကြီးတော်သူ တွေက ရိုက်ကူး ထားသော ပုံလှပုံ ကောင်းတွေကို အပင်ပန်းခံစရာ မလိုဘဲရနိုင်သည်။

Met ဟု အလွယ်ခေါ်သော နယူးယောက် မက်ထရိုပိုလီတန် ပြ တိုက်မှထုတ်သည့် ဤလို ပို့စကတ် တွဲကို မကြိုက်လျှင် စာအုပ်ကြီးနှင့် ထုတ်ထားတာ ရှိသည်။ ပို၍စုံသည့် အပြင် ပညာယူစရာ ရေးသားချက် များပါ ဖတ်ရမည်။ များသောအား ဖြင့် အကန့်တစ်ကန့် (ဆိုပါတော့ Met ၏ အီဂျစ်မှတ်တမ်း ဆိုတာမျိုး) ကိုသာရေးခြင်းဖြစ်၍ ကြည့်စရာ မစုံဟု ထင်လျှင် DVD ဝယ်နိုင် သည်။ ဒေါ်လာ ၄ဝ လောက် နှင့် ပြတိုက်ကြီး တစ်ခုလုံးကို အပိုင်ရမည်။ စာအုပ်စာတမ်း ကျတော့ ပါရဂူ မြောက် လေ့လာရေးများ ပါတတ် သဖြင့် ပညာရပ်ဆိုင်ရာ တန်ဖိုးမြင့် လှပါသည်။

(၅)

ကျွန်တော်တို့ဆီမှာ ကင်မရာ တွေ၊ တယ်လီဖုန်းတွေ အပ်ခဲ့ရတာ တို့၊ ရေသန့်ဘူးပင် ယူခွင့်မပြုတာ တို့ ကြုံဖူးလိမ့်မည်။ သူတို့ဆီမှာ အထူးတားမြစ် ကဏ္ဍများ မှာမှ လွဲ ၍ ဓာတ်ပုံ စိတ်ကြိုက်ရိုက်နိုင်သည်။ အောက်ဆုံးထပ်မှာ စားသောက် ဆိုင်ကြီး ရှိသည်။ ပြခန်း ထဲမှာတော့ အစာစားသောက်ခြင်း မပြုရပါ။ ယဉ်ကျေးသော လူမျိုးဖြစ်လျှင် ပြခန်းထဲမှာ အစာစား၊ အချိုရည် သောက်ဆိုတာတွေ မလုပ်သင့်မှန်း သိကြသည်သာ။  ထို့ကြောင့် ဆိုင်း ဘုတ်ရေးထိုး၍ တားမြစ်နေခြင်း မရှိ။ စားမိလျှင် တော့ ယဉ်ကျေးစွာ လာရောက် သတိပေးမည် ထင်ပါ သည်။ ဆေးလိပ်သောက်ခြင်း ကို တော့ အများသုံး အဆောက်အအုံ တွေမှာ တားမြစ် ထားတာ ကြာပါပြီ။ လူထုအတွက် လေထုသန့်စင်ရေး ကြောင့် ဖြစ်သည့် အပြင် ဆေးလိပ် မီးခိုးက ပန်းပုရုပ်များ၊ ပန်းချီကား များ ကို ထိခိုက်စေ၍ ဖြစ်သည်။

မထူးဆန်းသော်လည်း ဆန်း ပြားတာ တစ်ခုကို ပြောရပါဦးမည်။ ကျောပိုးအိတ်ကို နောက်ကျော လွယ်တို့၊ ဘေးတိုက် လွယ်တို့ မလုပ် စေချင်ခြင်း ဖြစ်သည်။ ဥရောပမှာ သာမက ဗီယက်နမ် မှာလည်း ဤ သို့အကြံပေးသည်။ ထိုနေရာတွေ မှာက ခါးပိုက်နှိုက်တွေ ပေါလွန်း၍ နိုင်ငံကူး လက်မှတ် စသော အရေး ကြီး စာရွက်စာတမ်းများနှင့် အဖိုး တန်ပစ္စည်းများ မဆုံးရှုံး ရအောင် သတိပေးခြင်း ဖြစ်သည်။ ဤပြတိုက် တွေမှာကျတော့ ဘေးလူကိုမထိခိုက် မိအောင်၊ အနှောင့်အယှက် မဖြစ် အောင် တားမြစ်ပေးခြင်းဖြစ် သည်။

ပြတိုက်မှ ထွက်ခါနီးလေလေ ကျွန်တော့် ကျောပိုးအိတ်ဖောင်း ကားလာလေလေ ဖြစ်သည်။ အ မှတ်တရ ပစ္စည်း များ၊  မြေပုံ များ၊ ပြပွဲကြော်ငြာများ၊ စာအုပ်များ၊ DVD စသည်တို့ဖြင့် ပြည့်တင်းလာ နေ၍ ဖြစ်၏။ ထို့ကြောင့်ပင်လျှင် အပြန်ခရီးမှာ မိုးမိပြန် ပါသည်။ ထို အကြောင်း ရေးပါဦးမည်။

ကြည်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*