ဆားလင်းကြီးရှိ ကျောက်လုပ်ကွက်များမှ ဝမ်ပေါင်ကုမ္ပဏီသို့ ကျောက်တင်ပို့ခြင်း ဆက်လက်မလုပ်ရန် ဒေသခံများတောင်းဆို

ဆားလင်းကြီးရှိ ကျောက်လုပ်ကွက်များမှ ဝမ်ပေါင်ကုမ္ပဏီသို့ ကျောက်တင်ပို့ခြင်း ဆက်လက်မလုပ်ရန် ဒေသခံများတောင်းဆို
March 30, 2017 Asian Fame

11:12 am
ဆားလင်းကြီးရှိ ကျောက်လုပ်ကွက်များမှ ဝမ်ပေါင်ကုမ္ပဏီသို့ ကျောက်တင်ပို့ခြင်း ဆက်လက်မလုပ်ရန် ဒေသခံများတောင်းဆို

စိုင်းလမင်း၊ လင်းဟိန်း
ရန်ကုန်၊ မတ် ၂၇

ဆားလင်းကြီးမြို့နယ်ရှိ ကျောက်လုပ်ကွက်များမှ လက်ပံတောင်းတောင်ရှိ ဝမ်ပေါင်ကုမ္ပဏီသို့ ကျောက်တင်ပို့ခြင်းများကို ဆက်လက်မပြုလုပ်ရန် လက်ပံ တောင်းဒေသခံများက တောင်း ဆိုကြသည်။ အဆိုပါကျောက်တင်ပို့မှုကြောင့် ဒေသခံများအတွက် လူသေဆုံးမှု များအထိ ထိခိုက်နစ်နာမှုများရှိ သော်လည်း အစိုးရအဖွဲ့က အမှုမှန်ဖော်ထုတ်ခြင်း တစ်စုံတစ်ရာ မရှိကြောင်း ဒေသခံများကပြော သည်။

မိုးကြိုးပြင်ရွာသူ မဇာခြည်လင်းက ”ကျောက်တင်ပို့လို့ လမ်းပျက်စီးတယ်၊ ကျွဲနွား၊ တိရစ္ဆာန် တွေလည်းသေတယ်”ဟုပြော သည်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် အမိန့်ဖြင့် ကျောက်လုပ်ကွက်များ ယာယီရပ် ဆိုင်းထားရန်အတွက် မတ်လ ၂၆ ရက်နေ့ နေ့စွဲဖြင့် အမိန့်စာထုတ် ပြန်ခဲ့ကြောင်း သိရသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး စစ် ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့် ကြည်က ”လောလောဆယ်တော့ နှစ်ဖက်လုံးမထိခိုက်အောင် နား ထားတယ်။ နောက်ပိုင်းမှာ ညှိနှိုင်း ပြီး အဆင်ပြေရင် ကျောက်တွေကို ပို့ဖို့ အစိုးရအဖွဲ့အနေနဲ့ ခွင့်ပြုမှာ ပါ။ နားထားတာကတော့ ရက် အ ကန့်အသတ်မရှိ နားထားတယ်”ဟု ပြောသည်။

လက်ပံတောင်းဒေသခံများက တောင်းဆိုထားသည့် မြေယာနှင့် သီးနှံလျော်ကြေးပေးရေး ကိစ္စကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ပြည် ထောင်စု အစိုးရအဖွဲ့ထံသို့ တင်ပြ ထားသည်မှာတစ်လနီးပါးခန့်ရှိပြီ ဖြစ်သော်လည်းပြန်လည် အကြောင်း ပြန်ကြားခြင်း မရှိသေးပေ။ ယခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မိုးကြိုးပြင်အလယ်ရွာ ရှေ့တွင် ကျောက်သယ်ယာဉ်မှ နွားတစ်ကောင်အား တိုက်မိသဖြင့် ပြဿနာအချို့ဖြစ်ပွားခဲ့ပြီး လက်ပံ တောင်းဒေသခံ ရွာသူရွာသားများမှ ကျောက်သယ်ကားများကို ပိတ်ဆို့ တားမှုများရှိခဲ့သဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ရော်ဘာကျည် အသုံးပြုကာ ရှင်းလင်းမှုကြောင့် ဒေသခံအချို့ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်တွင်လည်း ကျောက်သယ် ကားတိုက်မှုကြောင့် လူ ၅ ဦးခန့် သေခန့်ဆုံးမှုများရှိကြောင်း ဒေသခံ များက တညီတညွတ်တည်းဆိုသည်။ လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လက်ပံတောင်းတောင်ဒေသရှိ ရွာ များမှ ပြည်သူများအား ပိတ်ဆို့ တားဆီးမှုကြောင့် အရေးယူထားခြင်း တစ်စုံတစ်ရာမရှိကြောင်းကိုလည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်ထံမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*