ကိုယ်ချင်းစာတရားတွေနဲ့ တိုင်းပြည်ကို မကောင်းကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိအောင် ဘေးကနေအပြုသဘောမျိုးနဲ့ ရယ်စရာလေးတွေနဲ့ သံချပ်ထိုးပေးတာပါ

ကိုယ်ချင်းစာတရားတွေနဲ့ တိုင်းပြည်ကို မကောင်းကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိအောင် ဘေးကနေအပြုသဘောမျိုးနဲ့ ရယ်စရာလေးတွေနဲ့ သံချပ်ထိုးပေးတာပါ
March 30, 2017 Asian Fame

3:20 pm
ကိုယ်ချင်းစာတရားတွေနဲ့ တိုင်းပြည်ကို မကောင်းကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိအောင် ဘေးကနေအပြုသဘောမျိုးနဲ့ ရယ်စရာလေးတွေနဲ့ သံချပ်ထိုးပေးတာပါ

thang

မြန်မာနှစ်သစ်ကူး သင်္ကြန်ရက်များ ရောက်ရန် နီးကပ်လာပြီဖြစ်သည်။ ထို့ကြောင့် သင်္ကြန်လှုပ်ရှားမှုများအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြပြီ ဖြစ်သည်။ သင်္ကြန်ဟုဆိုလျှင်သံချပ် အဖွဲ့များသည်လည်း မပါမဖြစ် သင်္ကြန်လိုအပ်ချက်တစ်ခုဖြစ်သည်။ ထို့အတွက် ယခုနှစ်သင်္ကြန်သံချပ်အဖွဲ့များ၏ ပြင်ဆင်မှုများကို သံချပ်အဖွဲ့အချို့နှင့် တွေ့ဆုံမေး မြန်းဖော်ပြပေးလိုက်ပါသည်။

ဦးမေတ္တာ
(We Do For Myanmar)

ထွက်တာတော့ ထွက်ပါမယ်။ ကျွန်တော်တို့ ပြိုင်တာတွေဆိုင်တာ တွေ မလုပ်ဘဲနဲ့ ကျွန်တော်တို့ကို ဖိတ်တဲ့မဏ္ဍပ်တွေကိုသွားပြီးတော့ ဖြေဖျော်မှာပါ။ ဒီနှစ်မှာတော့’သာဓု ပါဗျာ’ နာမည်နဲ့ထွက်ဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သာဓုပါဗျာအဖွဲ့က သုံး ယောက်ပိုင်တာပါ။ ကွယ်လွန်သွား ပြီဖြစ်တဲ့ ကိုကုသိုလ်ရယ်၊ ကျွန် တော်ရယ်၊ ဗေလုဝရယ်သုံးယောက် ပိုင်တာပါ။ ဗေလုဝကဒီနှစ်မှာ’မြန် မာပြည်နိဒါန်း’နာမည်နဲ့ထွက်မယ် ဆိုတော့ ကျွန်တော်တို့က သာဓု ပါဗျာသံချပ်အဖွဲ့ ထွက်လို့မရ တော့ဘူး။ မကောင်းဘူးပေါ့နော်။ သံချပ်ထွက်ရင်တော့ တိုင်းပြည် အတွက် လက်ညှိုးထိုးသင့်တာတွေ မှန်သမျှ သံချပ်ထိုးသွားမှာပါ။ ကျွန်တော်တို့အသင်းနာမည်က ‘ပဲ့တင်သံ’ဆိုတာနဲ့ထွက်မယ်။ နောက် တစ်ခုက ကျွန်တော်ဦးဆောင်ပြီး တော့ မြန်မာလူမှုဘဝတိုးတက်မြင့်မားရေးအတွက် (We Do For Myanmar) ဆိုတဲ့အသင်းကလည်း ဖြေဖျော်ရေးသီချင်းတွေ၊ သံချပ်တွေထွက်ပါမယ်။ ပဲ့တင်သံကတော့ ကျွန်တော်တို့သားကလည်း ကျွန်တော့်လိုပဲ သင်္ကြန်ကို သံချပ်ထွက် ချင်တယ်ဆိုတော့ သားကိုလွှဲပေးလိုက်တယ်။ We Do မှာတော့ ကျွန်တော်ပါဝင်ဆင်နွှဲမယ်လို့လုပ်ထားပါတယ်။ We Do ဆိုတာ ကျွန်ုပ်တို့အလုပ် လုပ်သည်ပေါ့။ ဘာအတွက်လဲ မြန်မာနိုင်ငံအတွက် ပေါ့နော်။

ဒါကြောင့် အဲ့ဒီနာမည်နဲ့ လုပ်လိုက်တာပါ။ We Do အဖွဲ့က အကျင့်ပျက်တဲ့ ဝန်ထမ်းတွေအတွက် လက်ညှိုးထိုးမယ်။ ကိုယ်ကျင့်တရားမကောင်းသော လူသားတွေအတွက် ပြက်လုံး ထိုးမယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် လူတွေကိုထိခိုက်တဲ့ အမိန့်မျိုး ဆိုရင်တော့ ဦးမေတ္တာတို့ကသိပ်ပြီး မနှစ်မြို့ဘူးပေါ့နော်။ မေတ္တာတရားနဲ့ ပြောတဲ့ဆိုတဲ့စကားတွေ ဆိုရင်တော့ ဦးမေတ္တာတို့ လက်ခံချင်တယ်။ မြန်မာပြည်ဆိုတာမျိုးက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဗြဟ္မစိုရ် တရားလေးပါးနဲ့ဆောက် ရွက်တယ်။ တိုင်းပြည်ကို ကောင်း ကျိုးပြုတယ်။ အဲဒီလိုပုံစံလေးတွေ ဦးမေတ္တာတို့ကကြိုက်တယ်ပေါ့နော်။ ဦးမေတ္တာဆို ခုနှစ်တန်းကျောင်း သား ၁၂ နှစ် ၁၃ နှစ်သားလောက်ကတည်းက သံချပ်လုပ်တာ။ ဦးမေတ္တာက သင်္ကြန်သမား။ သင်္ကြန်သမားရဲ့ဘဝတွေက အိမ် ပေါင်၊ ဂရန်ပေါင် အဲဒီလိုပေါင်ပြီး သင်္ကြန်ထွက်လာခဲ့တဲ့ဘဝထဲကလာတာ။ သံချပ်ဆိုတာ ဟိုးတုန်း ကတည်းကရှိတာပါ။ ပါလီမန် ဒီမိုကရေစီခေတ်မှာကတည်းက သံချပ်ဆိုတာရှိတယ်။ သင်္ကြန်မှာ ဘာဖြစ်လို့သံချပ်ထိုးတာလဲလို့ မေးရင် တိုင်းပြည်အုပ်ချုပ်တဲ့သူတွေရဲ့ယိုယွင်းချက်တွေ လစ်ဟာမှုတွေကို တိုင်းပြည်တည်ဆောက် တဲ့နေရာမှာ အမှန်တကယ် ကိုယ် ကျင့်တရားကောင်းတွေနဲ့ ဆောင် ရွက်ရမယ်ဆိုတဲ့အခါမှာ အတ္တ ရှေ့တန်းတင်ဆောက်ရွက်တဲ့ သူတွေကို အတ္တရှေ့တန်းမတင်ဖို့ အရပ်ထဲမှာရှိတဲ့ တေးသီချင်းကို ဝါသနာပါကြတဲ့သူတွေက တေးသီချင်းတွေကို ဟာသလေးတွေ ထည့်ပြီး ရွှေနားတော်သွင်းခြင်း ဆိုတဲ့အရသာကို သံချပ်လို့ခေါ် ပါတယ်။ ဦးမေတ္တာ သံချပ်ကို နားလည်သလိုလေး လွယ်လွယ် ကူကူ လူပြိန်းနားလည်အောင် ပြောတာပေါ့နော်။ ကိုယ်ချင်းစာ တရားတွေနဲ့ တိုင်းပြည်ကို မကောင်း ကောင်းအောင် လုပ်မယ်ဆိုတဲ့စိတ် မျိုးရှိအောင် ဘေးကနေ အပြုသဘောမျိုးနဲ့ ရယ်စရာလေးတွေ နဲ့ သံချပ်ထိုးပေးတာပါ။

ဗေလုဝ
(မြန်မာပြည်နိဒါန်း)

ကျွန်တော်တို့ သံချပ်အဖွဲ့ ထွက်ပါမယ်။ ဒီနှစ်က အများကြီးပြင်ဆင်ထားပါတယ်။ သံချပ်ထိုးမှာက တစ်တိုင်းပြည်လုံး အကြောင်းအရာတွေ ပါပါမယ်။ အဓိကကတော့ စာရိတ္တမဏ္ဍိုင် အတွက်ပါ သံချပ်ထိုးမှာပါ။ အရင် ပုံစံအတိုင်းပါပဲ။ တိုင်းဒေသ ကြီးအဖွဲ့ကို သံချပ်နဲ့ပတ်သက်ပြီး တင်သွားမှာပါ။ သံချပ်ဆိုတာက ခေတ်တစ်ခေတ်ရဲ့ ကြေးမုံပြင် ပါပဲ။ ဒီနှစ်မှာတော့ မြန်မာပြည် နိဒါန်းဆိုတဲ့ နာမည်နဲ့ထွက်မှာပါ။ စာရိတ္တအပိုင်းကို အဓိကထား ပြီးပြောသွားမှာပါ။ ဘယ်မဏ္ဍပ် တွေမှာရှိမယ်ဆိုတာတော့ ပြော လို့မရသေးပါဘူး။

ကိုခန့်မင်းထက်
(အပြာရဲ့အနီ)

ဒီနှစ်မှာလည်း သံချပ်အဖွဲ့ ထွက်ပါမယ်။ အဓိကကတော့ ဖေဖေလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး အကြောင်းအရာတွေပဲ ပြောသွား မှာပါ။ ဖေဖေ မရှိတော့တာနဲ့ ရှိ တာနဲ့တော့ နည်းနည်းတော့ ကွာ ခြားသွားမှာပေါ့။ အစ်ကိုဆိုတာက လည်းအဖေ့သားဆိုပေမယ့် ဖေဖေ က နှစ်ပေါင်းများစွာ လုပ်ခဲ့တာ အဲ့ဒီအပေါ်မှာတော့ ကွာခြားမှာ မဟုတ်ပေမယ့်လည်း ဒါပေမယ့် တော့ ကွာခြားသွားမှာပါ။ဘာဖြစ် လို့လဲဆိုတော့ အစ်ကိုတို့က လူငယ် အနေနဲ့ဆိုတော့တစ်မျိုး ဖေဖေတို့ လူကြီးအနေနဲ့က တစ်မျိုးပေါ့။ နောက်ပြီးတော့ဖေဖေတို့ကတစ်စိုက် မတ်မတ်လုပ်ခဲ့တာဆိုတော့လေ။ ဒီနှစ်မှာလည်း ငြိမ်းချမ်းရေးကို တော့ အဓိကပြောသွားမှာပါပဲ။

ကိုဒီဥက္ကာ
(မောင်မောင်ဆိုလေ ထီးရိုးရှည်)

ဒီနှစ်မှာလည်း ထွက်မှာပါ။ အခွေလည်းထွက်မှာပါ။ သင်္ကြန် ဝတ်စုံတွေ အတွက်လည်း ဝတ်စုံ တွေချုပ်နေပါပြီ။ စာသားတွေကို လည်းတင်မှာပါ။ အဲဒါတွေကလည်း ကိုယ်တွေအတွက်တော့ အခုချိန် မှာ မလိုတော့ပါဘူး။ မလိုတော့ ဘူးဆိုတာအရင်တုန်းကသာ တင် ဖို့ဘာညာဆိုတာမှာ အမိန့်တွေ ထုတ်ပြီး ခွင့်ပြုတဲ့အတိုင်း မဟုတ် ရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာ ရှိတယ်လေ။ အခုက အဲဒီလိုမျိုး ကာလလည်း မဟုတ်ဘူးလေ။ ဟိုးတုန်းကတောင် သိပ်ပြီး ပြဿနာ မရှိတာ အခုဆိုပိုတောင် ပြဿနာ မရှိပါဘူး။ သူတို့အနေနဲ့ တင်ခိုင်း တယ်ဆိုတာကလည်း တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်လေ။ အဲဒီ အတွက်ကိုယ်တွေက အရင်ကလည်း တင်စရာရှိတာ တင်လိုက်တာပဲ။ သူတို့ဘာသာ ခွင့်ပြုပြု မပြုပြု သံချပ်တိုင်စရာရှိတာ တိုင်တာပဲ လေ။ ကိုယ်တာဝန်ယူနိုင်ဖို့ပဲ လို တာပါ။ သူတို့က အစိုးရတစ်ရပ် လည်းဖြစ်တဲ့အတွက် လေးစားရမယ်လေ။ သူတို့အနေနဲ့ တင်ပေး လိုက်တဲ့အပေါ်မှာ ဖြတ်စရာလည်း မရှိပါဘူး။ ဖြတ်ရင်လည်း ဂရုစိုက် တဲ့ ထုံးစံလည်းမရှိပါဘူး။ အဲဒီ အတွက် ဒါကတော့လူတွေ လိုလားတဲ့အစိုးရလည်း ဖြစ်နေပြီ လေ။ အဲဒီတော့လည်း အစိုးရမှာ မှတ်တမ်းမှတ်ရာ ရှိရမှာပေါ့နော်။ အဲ့ဒီအတွက် ပို့ပေးရမှာပေါ့နော်။ ဒီနှစ်မှာလည်း အကြောင်းအရာအစုံကို သံချပ်ထိုးသွားမှာပါ။ အကြောင်းအရာတွေကတော့ အားလုံး တူကြပါလိမ့်မယ်။ ပြောဟန်တွေတော့ ကွဲသွားမှာ ပေါ့နော်။ မြန်မာပြည်ရဲ့ကဏ္ဍပေါင်းစုံအတွက် ခြုံပြီးတော့ ပြော သွားမှာပါ။ ကိုယ်တွေရဲ့ ရပ်တည် ချက်ကတော့ ရှင်းပါတယ်။ အပြု သဘောဆန်တဲ့ဝေဖန်ရေးဆိုတော့ အနိုင်ရတဲ့သူကို မျက်နှာလို မျက်နှာရ ထောက်ခံဖို့အကြောင်း လည်းမပါဘူး။ ရှုံးသွားတဲ့သူကို ရှုတ်ချဖို့လည်း မပါဘူး။ မောင် မောင်ဆိုလေရဲ့ ရပ်တည်ချက်က တော့ အဲဒီလိုရှိပါတယ်။ အဲ့ဒီတော့ နိုင်ငံရေးဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံကြားထဲမှာ ရှိတဲ့ ပဋိပက္ခတွေ ငြိမ်းနိုင်သမျှ ငြိမ်းပြီးတော့ ပျော်စရာကောင်းတဲ့ လူ့အဖွဲ့အစည်းအဖြစ် သွားဖို့လို အပ်တဲ့ကွက်လပ်ကို ဖြည့်တဲ့သဘော ပါပဲ။ အကြံပြုတယ်၊ ဝေဖန်တိုက် တွန်းတယ်ဆိုတာ အဲဒီလိုလေးပါ။ ကျွန်တော်တို့ရဲ့ မောင်မောင်ဆို လေ ထီးရိုးရှည်အဖွဲ့ သံချပ်ထွက် လာတာ ၄၉ နှစ်ရှိပါပြီဗျာ။

ဦးစိန်ဝင်း
(ပြည်သူ့မော်ကွန်း)

အခုတောင် သံချပ်တိုက်နေပါ ပြီ။ သံချပ်တိုင်သွားမှာက တိုင်း ပြည်မှာဖြစ်ပျက်နေတဲ့ အကြောင်း အရာပေါင်းစုံရှိတဲ့အထဲက သာ သနာရေးကိစ္စကလွဲပြီး အခြား အရာတွေကို ဦးတည်ပြောသွား မှာပါ။ လက်ရှိဖြစ်နေတဲ့ ဗိုလ် ချုပ်အောင်ဆန်းကိစ္စတို့ ပြည့်ပြည့်စုံစုံလုပ်သွားမှာပါ။ ပြည်သူတွေ တင်ထားတဲ့မော်ကွန်းဆိုပြီး အဖွဲ့ အမည်ယူပြီးလုပ်တယ်။ လှုပ်ရှားမှုအားလုံးက မော်ကွန်းရေးထိုးတဲ့ အပိုင်း ဖြစ်မှာပါ။

ဦးခင်မောင်ဇော်
(အကယ်ဒမီ ယဉ်ကျေးမောင်)

ဒီနှစ်မှာလည်း ပြိုင်ပွဲထွက်ဖို့ စီစဉ်နေပါတယ်။ ကျွန်တော့် ဆောင်ပုဒ်ရှိတယ်။ အရင်တုန်းက ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်တယ်တဲ့။ အဲဒီ စကားလုံးကို ဦးက သင်္ကြန်သမားပြန်ရင် အမှန် တရားကျန်ရမယ်ဆိုတာ ဦးစပြော ခဲ့တဲ့စကားလုံးပါ။ ဦးက အမှန် တွေပဲပြောမှာပါ။ ပြောသွားမှာက တော့ အမြီးအမောက် မတည့် တာတွေကိုပြောသွားမှာပါ။ ဦးကိုနီ အကြောင်းမပြောဘူး။ ဒါက ပြည်သူနဲ့ မပတ်သက်ဘူး။ ပြည်သူ ခံစားနေရတာကို ခံစားပြီးပြောမှာ ဖြစ်တဲ့အတွက် ဦးကိုနီအကြောင်း မပြောပါဘူး။ ဒါက ပြည်သူ ခံစား ရတာ မဟုတ်ပါဘူး။ ကုန်ဈေးနှုန်း မကျတာကမှ ပြည်သူခံစားရတာ ပါ။ ပြည်သူခံစားရတာ မှန်သမျှ အကုန်ပြောမှာပါ။ ပြည်သူတွေ ပြောခွင့် မကြုံတာကို ကိုယ်စား ပြောသွားမှာပါ။ သံချပ်ထွက်ရ တာက ပြည့်ပြည့်စုံစုံတော့ မရှိ ပါဘူး။ ရှိသလောက်နဲ့ လုပ်ရတာ ပါ။ ဒီအတွက် မန္တလေးကလာခဲ့ တာပါ။ အရင်ကတော့ ရန်ကုန် ကြည့်မြင်တိုင်သားပါ။ မန္တလေး ရောက်တာ နှစ်အစိတ်လောက်ရှိ ပြီဆိုတော့ သံချပ်အတွက် တည်း ခိုခန်းမှာနေပြီးတော့ လုပ်ရတာပါ။ ဝါသနာပါ လို့ပါ။ တစ်နှစ်တစ်နှစ် သံချပ်အဖွဲ့ ထွက်တာမှာ စိုက်ရပါ တယ်။ ဒီအတွက် အထောက်အပံ့ လည်းမရှိဘူး။ ဒီလိုသာရှိမယ်ဆိုရင် ကျွန်တော်တို့သံချပ်အဖွဲ့က လုပ်ပြ ချင်ပါတယ်။ သံချပ်အဖွဲ့တွေ အတွက် တိုင်းဒေသကြီးလွှတ်တော် ကို သီချင်းစာသားတွေ ကြိုတင်စိ စစ်နိုင်ဖို့အတွက် နိုင်ငံပိုင်သတင်း စာတွေကနေ တရားဝင်ကြေညာရင် တော့တင်သွားမှာပါ။ ဥပဒေနဲ့အညီ လိုက်နာမှာပါ။ ရှင်းရှင်းပြောရရင် ပိုက်ဆံအကုန်ကျခံပြီးတော့ ပြည် သူ့ကိုယ်စား ရင်းပြီးပြောတာပါ။ နေရင်းထိုင်ရင်း အဖမ်းတော့ မခံ နိုင်ဘူး။ တိတိကျကျကြေညာလိုက် ပါ။ ဂျာနယ်ကရေးတာပဲရှိတယ်။ အမှန်တကယ်ကနိုင်ငံပိုင်သတင်းစာ တွေက တိတိကျကျ ကြေညာလိုက် တာကောင်းပါတယ်။ သတင်းမှာ လည်း လွှင့်ပေးရပါမယ်။

ဦးထွန်းအေး
(ဆူးကြားမှ ဗူးခါး)

ကျွန်တော်တို့အဖွဲ့ ထွက်မှာ ပါ။ အခု အဲဒီအတွက်တိုက်နေပါပြီ။ ဒီနှစ်မှာ ဘယ်လိုအကြောင်းအရာ ကို အဓိကထားပြီး ပြောမလဲဆိုရင် ငြိမ်းချမ်းရေးကို အဓိကထား ပြော သွားမယ်။ ကျွန်တော်တို့က ငြိမ်း ချမ်းရေးသမားတွေဆိုတော့ ငြိမ်း ချမ်းရေးပဲ လိုချင်တယ်လေ။ ပြည်သူတွေ ငြိမ်းချမ်းဖို့အရေးကြီး တယ်။ ဒါမှသာလျှင် အစစ အရာ ရာ အဆင်ပြေမယ်လေ။ ငြိမ်းချမ်း ရေးက အဓိကပါပဲ။ နောက်ပြီး တော့ ယဉ်ကျေးမှုပျောက်နေတာ တွေကို ဖော်ထုတ်ဖို့ ရှိတယ်။ နောက်ပြီး တရားရေးယိမ်းယိုင် နေတာတွေကို ပြောသွားမှာပါ။ အဓိက ကတော့ ငြိမ်းချမ်းရေးကို ဦးစားပေးမှာပါ။ ဒီ့အတွက် စာ သားတွေကိုလည်း တိုင်းဒေသကြီး အစိုးရကို သွားတင်သွားမှာပါ။ သူတို့မင်နီတားထားတာတွေကို တော့ မပြောပါဘူး။ ပြောရင် ဒုက္ခ ရောက်သွားမှာပေါ့။ ကျွန်တော် တို့သံချပ်အဖွဲ့က ကျွန်တော်အသက် အစိတ်လောက်က ထွက်လာတာ အခုဆို အသက် ၇၂ နှစ်ရှိပြီ။ သင်္ကြန်လောကမှာတော့ သမ္ဘာရင့် နေပြီ။ ကျွန်တော်တို့က သင်္ကြန်ကို ချစ်လို့ အိမ်ပေါင်ပြီးတော့ကို သင်္ကြန်ဆိုထွက်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ကလည်းရှုံးတော့ အခုထိ အြေ<ွကး ဆပ်နေရတုန်းပါပဲ။ ကျွန်တော်တို့ သင်္ကြန်ချစ်တယ်။

အိမ်စည်စိုးစံ တွေ့ဆုံသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*