E-Government လုပ်ငန်းအတွက် ကျပ်သန်း တစ်ထောင်နှင့် ခုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း တစ်ထောင်သုံးစွဲရန် ဘတ်ဂျက်လျာထားမှု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဝေဖန်

E-Government လုပ်ငန်းအတွက် ကျပ်သန်း တစ်ထောင်နှင့် ခုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း တစ်ထောင်သုံးစွဲရန် ဘတ်ဂျက်လျာထားမှု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဝေဖန်
March 29, 2017 Asian Fame

3:08 pm
E-Government လုပ်ငန်းအတွက် ကျပ်သန်း တစ်ထောင်နှင့် ခုံးကျော်တံတားတစ်စင်းလျှင် ကျပ်သန်း တစ်ထောင်သုံးစွဲရန် ဘတ်ဂျက်လျာထားမှု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဝေဖန်

ဖြိုးထက်အောင်
ရန်ကုန်၊ မတ် ၂၈

ရန်ကုန်တိုင်းတွင် လာမည့်ဘဏ္ဍာနှစ်၌ သုံးစွဲရန် တင်ပြသော ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်း၌ E-Government လုပ်ငန်းများ ဆောင်ရွက်ရန် ကျပ် သန်းတစ်ထောင်သုံးစွဲရန်နှင့် ခုံးကျော်တံတားများ ဆောက်လုပ်ရန်တစ်စင်းလျှင် ကျပ်သန်းတစ်ထောင် သုံးစွဲရန်လျာထားမှု တို့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် က ဝေဖန်ခဲ့သည်။

မတ်လ ၂၈ ရက်နေ့က ပြုလုပ်သော ရန်ကုန်တိုင်းလွှတ်တော်တွင် ”၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း” ကို ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီက သုံးသပ်ချက် အစီရင်ခံစာ တင်ပြရာတွင် ထည့်သွင်းဝေဖန်ခဲ့ပြီး ယင်း ဥပဒေကြမ်းကို ဆွေးနွေးသော လွှတ်တော်ကိုယ်စားလှယ် များကလည်း ထိုကိစ္စရပ်များကို ဝေဖန်ခဲ့သည်။

” E-Government အတွက်ဆိုပြီး ကျပ်သန်းတစ်ထောင်သုံးစွဲတာ ကျွန်တော်လည်း ဘဝင်မကျပါဘူး။ မနှစ်ကလည်း ဒီလိုပဲ သန်းတစ်ထောင်ပါပဲ တောင်းပါတယ်။ Networking အတွက်ဆိုပြီး။ ဘဏ္ဍာရေးနှစ်တွေ စိစစ်ကြည့်လိုက်တော့ ဒီနှစ်မှာ Software ၊ နောက်နှစ်ကျ Hardware ၊ ဒီလိုနဲ့ ပြောင်းပြီးပြနေတယ် ပြန်လည် စိစစ်ဖို့မေတ္တာရပ်ခံပါတယ်” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးကျော်ဇေယျက ပြောသည်။

ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာကို ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တင်ပြရာတွင် ခေတ်မီစက် လှေကားများပါသော ခုံးကျော်တံတားများ မှာ နေရာတိုင်းတွင် မလိုအပ်ကြောင်း၊ ခုံး ကျော်တံတား ၇ စင်း တည်ဆောက်ရန် သန်း ၇ ထောင်ကို ပြန်လည် စိစစ်သင့် ကြောင်း တင်ပြခဲ့သည်။ ”နားလည်တတ်ကျွမ်းတဲ့ ပညာရှင် တွေက ဒီစာရင်းကို ကြည့်ပြီး ရယ်မောကြ ပါလိ့မ်မယ်။ ဒါကို အစိုးရအဖွဲ့ကို အသိ ပေးတာဖြစ်ပါတယ်။ ၂ဝ၁၅-၁၆၊ ၂ဝ၁၆-၁၇ တို့မှာ သန်းတစ်ထောင်စီ သုံးထား တယ်။ ၂ဝ၁၇ မှာလည်း သန်းတစ်ထောင် သုံးမယ်။ ဒီစာရင်းဇယားတွေ အရသာ တကယ်တမ်းဝယ်မယ်ဆိုရင် ရန်ကုန်မြို့မှာ ရှိတဲ့ ကွန်ပျူတာတွေ ပြတ်သွားမယ့် အနေအထားမှာ ရှိပါတယ်” ဟု မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးရန်အောင်က E-Government  နှင့် ပတ်သက်၍ ပြောသည်။

၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း ကို မတ်လ ၂၃ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီးအစိုးရက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးရာတွင် အစိုးရသည် ဘတ်ဂျက်ရေးဆွဲမှုပိုင်းတွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေပြီး ယခုအချိန်ထိ ချွတ်ချော်မှုများ ရှိနေသေးကြောင်း၊ ကိုယ်စားလှယ်များ ပထမတစ်ကြိမ် ဆွေးနွေးခဲ့သော သန်းတစ်ထောင် တောင်းခံသည့် တံတားများကိစ္စမှာ ယခု ပြင်ဆင်ထားမှု မရှိကြောင်း၊ ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ သည့် ကိစ္စများကို ထပ်မံ ပြင်ဆင် ရေးဆွဲမှု မရှိသောကြောင့် ကိုယ်စားလှယ်များမှာ လွှတ်တော်တွင် အချိန်ကုန်ခံ ဆွေးနွေးခဲ့သလို ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*