မြို့တော်ဂေါက်ကွင်းပြုပြင်ရန် ဘတ်ဂျက်လျာထားမှု မဖြစ်မနေလိုအပ်ဟု အစိုးရ တုံ့ပြန်

မြို့တော်ဂေါက်ကွင်းပြုပြင်ရန် ဘတ်ဂျက်လျာထားမှု မဖြစ်မနေလိုအပ်ဟု အစိုးရ တုံ့ပြန်
March 29, 2017 Asian Fame

10:53 am
မြို့တော်ဂေါက်ကွင်းပြုပြင်ရန် ဘတ်ဂျက်လျာထားမှု မဖြစ်မနေလိုအပ်ဟု အစိုးရ တုံ့ပြန်

ဖြိုးထက်အောင်

ရန်ကုန်၊ မတ် ၂၈

မြို့တော်ဂေါက်ကွင်းပြုပြင်ရန် ကျပ်သန်း ၅၅ဝ လျာထားမှုကို လွှတ်တော်မှ ပြန်လည်စိစစ်ဖြတ်တောက်ပေးပါရန် အကြံပြုတင်ပြသော်လည်း ပြင်ဆင်ထိန်းသိမ်းမှုများမှာ မဖြစ်မနေလိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

”မြို့တော်ဂေါက်ကွင်းဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအတွက် ဝင်ငွေရတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်။ နောက်ပြီးတော့ တစ်နေ့ ထက်တစ်နေ့ ဝင်ငွေတိုးတက်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ကွင်းအဆင့်အတန်းမြင့်မားမှသာ အသင်းသားတွေလည်း တိုးတက်ပြီး ဝင်ငွေတိုးတက်ရရှိမှာပါ။ ပြင်ဆင်ထိန်းသိမ်းမှု စရိတ်တွေကလည်းမဖြစ် မနေဆောင်ရွက်ပေးဖို့လိုတာလေးတွေရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

မတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းလွှတ်တော်တွင် ၂ဝ၁၇-၂ဝ၁၈ ရန်ကုန် တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေးခဲ့သည်။ ယင်းဥပဒေကြမ်းတွင် မြို့တော်ဂေါက်ကွင်းမှာ နှစ်၂ဝ ကျော်ကြာမြင့် နေသဖြင့် ပြုပြင်ဆောင်ရွက်ရန်ကိစ္စရပ်များ ရှိနေသောကြောင့် ယခုပမာဏအတိုင်းလျာ ထားရခြင်းဖြစ်သည်ဟု ဖော်ပြထားမှုအပေါ် ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဝေဖန်ခဲ့သည်။

”ကျွန်တော်တင်ပြချင်တာက ဂေါက်သီးကစားတယ်ဆိုတာတော့ ငွေကြေးတတ်နိုင်တဲ့ လူနည်းစုအားကစားတစ်ခုပါ။ ဒီတစ်ခုအတွက် ဒီလောက်ကုန်ကျပြီး ပြင်နေရတယ်။ မြို့တော်ဂေါက်ကွင်းမှာ ညဆို မီးထွန်းပြီးတော့ တောင်ဂေါက်ရိုက်နေတဲ့ အနေအထားရှိပါတယ်။ ကျွန်တော်ကြားမိသလောက်။ ဒီနေ့အနေအထားမှာ ဒါလေးတွေ ပြန်လည်သုံးသပ်သင့်ပါပြီ” ဟု သူက ပြောသည်။ မတ်လ ၂၈ ရက်နေ့က ပြုလုပ်သော ရန် ကုန်တိုင်းလွှတ်တော်တွင်လည်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သုံးသပ် ချက်အစီရင်ခံတွင် ယင်းကိစ္စကိုထည့်သွင်းဝေ ဖန်ခဲ့သည်။

ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ” YCDC ဟာ မိမိဝင်ငွေနဲ့ရပ်တည်ရပါတယ်။ အခွန်အခ နှုန်းတွေနည်းလို့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ မကာမိတာကို ဂေါက်ကွင်းလို ဝင်ငွေရလုပ်ငန်းတွေက ရတဲ့ငွေနဲ့ Subsidize လုပ်ရပါတယ်။ လုပ်ငန်းတစ်ခု မြတ်တယ်ရှုံးတယ်ဆိုတာ ငွေလုံးနဲ့သာမန်ငွေစာရင်း နှစ်ခုစလုံးရဲ့ ဝင်ငွေထွက်ငွေတွေ ကြည့်ပြီးမှ ဝေဖန်သင့်ပါတယ်။ YCDC ဂေါက်ကွင်းမရှုံးပါဘူး။ ငွေလုံးရငွေ တစ်ခုတည်းကို ကြည့်ပြီး ဝေဖန်ထားချက်ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ် နှစ်ခုအတွင်းတွင် မြို့တော်ဂေါက်ကွင်း နှစ်ကွင်းကို ကျပ်သန်း ၄၁၅ သန်းသုံးစွဲ၍ပြုပြင်ခဲ့ပြီး အသင်းဝင်ကြေးရငွေ ကျပ်သန်း ၁၂ဝ ရရှိခဲ့ကြောင်း လွှတ်တော်တွင် ရှင်းလင်းသောစာရင်းအရသိရသည်။ မတ်လ ၂၈ ရက်နေ့က ပြုလုပ်သော ရန်ကုန်တိုင်းလွှတ်တော်တွင်လည်း ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သုံးသပ်ချက် အစီရင်ခံစာတွင် ယင်းကိစ္စကိုထည့်သွင်း ဝေဖန်ခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*