ကြားဖြတ်ရွေး ကောက်ပွဲတွင်လစ်လပ်နေရာအားလုံး အနိုင်ရလျှင် ပြည်ခိုင်ဖြိုးပါတီအတွက် ဘာတွေ ဘယ်လို ပြောင်းလဲသွားမလဲ

ကြားဖြတ်ရွေး ကောက်ပွဲတွင်လစ်လပ်နေရာအားလုံး အနိုင်ရလျှင် ပြည်ခိုင်ဖြိုးပါတီအတွက် ဘာတွေ ဘယ်လို ပြောင်းလဲသွားမလဲ
March 29, 2017 Asian Fame

11:45 am
ကြားဖြတ်ရွေး ကောက်ပွဲတွင်လစ်လပ်နေရာအားလုံး အနိုင်ရလျှင် ပြည်ခိုင်ဖြိုးပါတီအတွက် ဘာတွေ ဘယ်လို ပြောင်းလဲသွားမလဲ

လင်းဟိန်း
ရန်ကုန်၊ မတ် ၂၈

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်လျက်ရှိသည့် ပြည်ထောင် စုလွှတ်တော်နေရာ စုစုပေါင်း ၁၃ နေရာစလုံးတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့လျှင်ပင် ထူးခြားသည့် ပြောင်းလဲမှု တစ်စုံတစ်ရာမရှိနိုင်ကြောင်း သို့ရာတွင် ပြည်ခိုင်ဖြိုးပါ တီဝင်များအတွက် စိတ်ဓာတ်ရေး ရာ တွန်းအားတစ်ခုတော့ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပတော့မည့် ၂ဝ၁၇ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိကာ ယင်း ၁၉ နေရာတွင် အမျိုး သားလွှတ်တော်နှင့် ပြည်သူ့လွှတ် တော်နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်အတွက် စုစုပေါင်း ၁၃ နေရာသာရှိမည်ဖြစ်ပြီး ကျန်နေရာများမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်မဲဆန္ဒနယ်နေရာများ ဖြစ်သည်။

အဆိုပါ ၁၃ နေရာ စလုံးတွင် ပြည်ခိုင်ဖြိုးပါတီအနိုင်ရခဲ့ပါလျှင်လည်း ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ပါက ပြည်ထောင်စုလွှတ်တော်အတွင်း နေရာအများဆုံးရရှိထား သော NLD အမတ်များကို ကျော်လွန်နိုင်မည်မဟုတ်ကြောင်း၊ ယင်းကြောင့် ထူးထူးခြားခြား ပြောင်းလဲနိုင်စရာမရှိကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဒေါ်နုနုအောင်က ”အာဏာရှင် စနစ်အောက်မှာ အကြာကြီးနေခဲ့သူတွေကတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ကြမှာ ပါ။ တကယ်လို့ ကြံ့ခိုင်ရေးက နိုင် သွားရင်လည်း ဒီမိုကရေစီ နည်း ကျကျ ဆုံးဖြတ်မယ်ဆိုရင် ထူးထူးခြားခြား ပြောင်းလဲနိုင်စရာ မရှိပါဘူး” ဟု ပြောသည်။

ပထမအကြိမ် ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာညိုညိုသင်းက ”ဘယ်ပါတီက နိုင်တယ်ဆိုတာ ထက် ဘယ်သူနိုင်တယ်ဆိုတာက အရေးကြီးပါတယ်။ လွှတ်တော်ထဲ မှာ အစိုးရကို ကောင်းကောင်းဝေဖန်ထောက်ပြနိုင်တဲ့ ကိုယ်စားလှယ်တွေလိုပါတယ်။ အခုက ၁၉ယောက် လုံးနိုင်ခဲ့ရင်လည်း NLD ကို ကိုယ်စားလှယ်အရေအတွက်အရလိုက် မမီပဲကိုး” ဟု ဆိုသည်။ ယင်းအပြင် ယခုလာမည့်ကြား ဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့်လည်း ထိုသို့အားလုံးအနိုင်ရမည့် အလားအလာ နည်းပါးကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သူ ဦးကြီးမြင့်က ”သေချာတာကတော့ ဒီရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး မနိုင်နိုင်ပါဘူး။ တိုင်းရင်းသား လူမျိုးစုတွေ အနိုင် ရဖို့များပါတယ်။ ဥပမာ ရှမ်းမှာ ဆိုရင် ရှမ်းပါတီကနိုင်မယ်။ NLD ကလည်း အာဏာရပါတီလေ။ ပြီးတော့ လူထုထောက်ခံမှုရခဲ့တဲ့ ပါတီ။ အရှိန်လည်း ရှိသေးတော့ NLD ကလည်း အများစုနိုင်ဖို့ အခြေအနေရှိပါတယ်။ ကြံ့ခိုင်ရေးက နှစ် ၅ဝ လုံးလုံး စစ်အစိုးရပဲလေ။ နောက် ၅ နှစ်မှာလည်း စစ်အစိုးရတစ်ပိုင်းပဲ။ ဒါကြောင့် လုံးဝမနိုင် နိုင်ပါဘူး။ နိုင်ခဲ့ရင်လည်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှာ မဟုတ်ဘူး” ဟု ဆိုသည်။

လက်ရှိ လွှတ်တော်တွင် မဲအ များဆုံးရရှိထားသည့် NLD က ဥပဒေများ အတည်ပြုခြင်း၊ အဆိုပြုခြင်းများတွင် ဆန္ဒမဲခွဲမှု၌ အသာစီးရနေသဖြင့် အတိုက်အခံများ၏ ကန့်ကွက်မှုများ အရာမထင်ကြောင်း အတိုက်အခံ ပါတီများက ဝေဖန်ထားကြသည်။ ချင်းပါတီမှ ဦးဇိုဇမ်က ”ကြံ့ ခိုင်ရေးပါတီက နိုင်သွားရင်လည်း ဘာမှ ထူးခြားလာမယ်မထင်ဘူး။ ဘယ်သူမှ မပြိုင်ရင်လည်း ဘာမှ ထူးခြားမှာမဟုတ်ဘူး။ ပြည်သူတွေ အတွက်လည်း ဘာမှထူးခြားမှာ မဟုတ်ဘူး။ ဒီကြားဖြတ်မှာ တိုင်း ရင်းသားပါတီတွေ နိုင်ရင်တော့ ထူးခြားလာနိုင်တယ်။ တိုင်းရင်း သားတွေအတွက် အကျိုးရှိလာ နိုင်တယ်။ တိုင်းရင်းသားအမျိုးသား ပါတီက ကိုယ်စားလှယ်တွေ လွှတ် တော်ထဲမှာ အရေအတွက် နည်း နေတယ်” ဟု ပြောသည်။

၂ဝ၁၅ ခုနှစ် ပါတီစုံရွေး ကောက်ပွဲရလဒ်အရ အမျိုးသားဒီ မိုကရေစီ အဖွဲ့ချုပ်ပါတီက ပြည် သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅၅ ဦးနှင့် အမျိုးသားလွှတ်တော် တွင် ၁၃၅ ဦး စုစုပေါင်း ကိုယ်စား လှယ် ၃၉ဝ ဦးရွေးကောက်တင် မြှောက်ခံခဲ့ရကာ၊ ပြည်ခိုင်ဖြိုးပါတီ က ပြည်သူ့လွှတ်တော်တွင် ကိုယ် စားလှယ် ၃ဝ ဦးနှင့် အမျိုးသား လွှတ်တော်တွင် ၁၁ ဦး စုစုပေါင်း ၄၁ ဦး ရွေးကောက်တင်မြှောက်ခံ ခဲ့ကြရကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်၏ အင်တာ နက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။ တပ်မတော်သား ကိုယ်စား လှယ်များမှာ ၁၆၆ ဦးရှိနေသည်။ လက်ရှိတွင်မူ ပြည်သူ့ လွှတ် တော်တွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ကိုယ်စားလှယ် ၂၄၉ ဦး နှင့် အမျိုးသားလွှတ်တော်တွင် ၁၃၂ ဦးသာ ကျန်တော့သဖြင့် စုစု ပေါင်း ၃၈၈ ဦးသာ ရှိတော့ပြီး ပြည်ခိုင်ဖြိုးပါတီမှလည်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦး နှင့် အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ၁၁ ဦး၊ စုစုပေါင်း ၃၉ ဦးမျှသာ ရှိတော့သည်။

ထို့ကြောင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စား လှယ် ၅၉ ရာခိုင်နှုန်းခန့်နှင့် ပြည် ခိုင်ဖြိုးပါတီက ကိုယ်စားလှယ် ၆ ရာခိုင်နှုန်းခန့်ရှိနေသည်။ အကယ်၍ ယခု ကြားဖြတ်ရွေး ကောက်ပွဲ၏ လစ်လပ် ကိုယ်စား လှယ်နေရာ ၁၃ နေရာစလုံးကို ပြည်ခိုင်ဖြိုးပါတီက အနိုင်ရလျှင် သော်မှ ကိုယ်စားလှယ်ဦးရေ ၅၃ ဦးမျှသာ ရှိလာမည်ဖြစ်ပြီး ရာခိုင် နှုန်းအနေဖြင့် ၈ ရာခိုင်နှုန်းခန့် အထိသာ ရှိလာမည်ဖြစ်သည်။ မကြာမီကျင်းပမည့် ကြား ဖြတ်ရွေးကောက်ပွဲအတွက် လစ် လပ်ကိုယ်စားလှယ် ၁၉ နေရာရှိပြီး ယင်းနေရာများကို ပါတီအသီးသီး မှ ကိုယ်စားလှယ် စုစုပေါင်း ၉ဝ ကျော်က ဝင်ရောက် အရွေးခံကြမည်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*