အလုပ်သမားများ၏ နေ့စဉ်စုကြေးငွေအလွဲသုံးစားလုပ်သည်ဟုဆိုကာ ဗဟို စံပြငါးဈေးကြီး၏ အလုပ်သမားများ ဆန္ဒထုတ်ဖော်

အလုပ်သမားများ၏ နေ့စဉ်စုကြေးငွေအလွဲသုံးစားလုပ်သည်ဟုဆိုကာ ဗဟို စံပြငါးဈေးကြီး၏ အလုပ်သမားများ ဆန္ဒထုတ်ဖော်
March 29, 2017 Asian Fame

11:51 am
အလုပ်သမားများ၏ နေ့စဉ်စုကြေးငွေအလွဲသုံးစားလုပ်သည်ဟုဆိုကာ ဗဟို စံပြငါးဈေးကြီး၏ အလုပ်သမားများ ဆန္ဒထုတ်ဖော်

lab

ရဲလွင်
ရန်ကုန်၊ မတ် ၂၈

အလုပ်သမားများ၏ နေ့စဉ်စုကြေးငွေကို အထက်လူကြီးများက အလွဲသုံးစားလုပ်နေသည်ဟုဆိုကာ အဆိုပါကိစ္စကို တစ်ပတ်အတွင်းဖြေရှင်းပေးရန် ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေး၊ ကုန်တင် ကုန်ချ အလုပ်သမားများက ဆန္ဒထုတ်ဖော်တောင်း ဆိုလိုက်သည်။

ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးရှိ ကုန်တင်ကုန်ချ အလုပ်သမားများအနေ ဖြင့်သာရေးနာရေး ကိစ္စများ ဖြစ်ပေါ်လာပါက အသုံးပြုရန်အတွက် ဈေးရှိအလုပ် သမားကြီးမှူး၊ ဂိုဏ်းမှူး၊ စုမှူးစသည့် အ ကြီးအကဲများထံတွင် တစ်ဦးလျှင် ၁၆ဝ စီ နေ့စဉ်ထည့်သွင်းထားရာ ယင်းငွေများကို အလွဲသုံးစားလုပ်ခံရသဖြင့် တစ်ပတ် အတွင်း တစ်စုံတစ်ရာဖြေရှင်းပေးရန် ငါးဈေးကုန်တင်ကုန်ချ အလုပ်သမားများက ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

”တစ်ရက်ကို အလုပ်သမားတစ်ဦး ကို ၁၆ဝ ကျပ်စီထည့်သွင်းရတယ်။ သာရေး၊ နာရေးကိစ္စတွေအတွက်ပါ။ အဲ့ဒါကို အကြီးအကဲတွေက ကျွန်တော်တို့ကို စာရင်းမရှင်းပေးတာကြာပြီ။ သုံးနှစ်စာ လောက်ရှိပြီ” ဟု ကြည့်မြင်တိုင် ဗဟို စံပြငါးဈေး အလုပ်သမားသမဂ္ဂမှ ဦးသန်းဟန်က ပြောသည်။ အဆိုပါ သုံးနှစ်စာစုကြေးငွေများကို ယခုစာရင်းပြန်လည်ရှင်းခိုင်းရာတွင် အကြီးအကဲများက သုံးနှစ်စာ ငွေကြေး ကို ပြန်လည် စိုက်ထုတ် ပေးမည် ဖြစ် ကြောင်း ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ငါးဈေးကုန်တင်ကုန်ချ အလုပ်သမား ၁ဝဝ ကျော်က မတ်လ ၂၈ ရက်နေ့တွင် ဈေးအတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီးသာရေး နာရေးစုဆောင်းငွေသည် ရုံးအသုံးစရိတ် မဟုတ်ကြောင်းနှင့် အဂတိလိုက်စားသူများအား အရေးယူပေးရန် စသဖြင့် တောင်းဆိုခဲ့သည်။

”ငွေတွေကို ပြန်လျော်ပေးမယ်ဆိုတာကို လက်မခံဘူး။ ငွေလျော်ပေးရုံနဲ့ မရဘူး။ အလွဲသုံးစားလုပ်မှုအတွက် အရေးယူပေးရမယ်။ ကျွန်တော်တို့ အဲ့ ဒါကို တောင်းဆိုတာ” ဟု ဦးသန်းဟန်က ဆိုသည်။ ဈေးတွင် အလုပ်သမားကြီးမှူး၊ ဂိုဏ်းမှူး၊ စုမှူး စသည့် အကြီးအကဲ စုစုပေါင်း ၁၂ ဦးရှိကြောင်း၊ ဈေးတစ်ခု လုံး၌ ကုန်တင်ကုန်ချ အလုပ်သမား ၅ဝဝ ကျော်ရှိကြောင်း ဆန္ဒပြအလုပ်သမားတစ်ဦးက ဆိုသည်။ ကြည့်မြင်တိုင် ဗဟိုစံပြငါး ဈေးရှိ အဆိုပါအလုပ်သမား ပြဿနာသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။ ပထမအကြိမ် ဖြစ်ပွားမှုမှာ ဈေးရှိ အလုပ်သမား ကြီးမှူး၊ ဂိုဏ်းမှူး၊ စုမှူး တို့က အလုပ်သမားများထံမှ နေ့စဉ်စုငွေ ၁၆ဝ ကို တိုးမြှင့်ကောက်ခံရန် စီစဉ်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*