ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကို နိုင်ငံသားကတ်ထုတ်ပေးနေသောကြောင့် အရေးယူပေးရန် နိုင်ငံတော် သမ္မတထံ စာပေးပို့မည်

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကို နိုင်ငံသားကတ်ထုတ်ပေးနေသောကြောင့် အရေးယူပေးရန် နိုင်ငံတော် သမ္မတထံ စာပေးပို့မည်
March 29, 2017 Asian Fame

3:51 pm
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကို နိုင်ငံသားကတ်ထုတ်ပေးနေသောကြောင့် အရေးယူပေးရန် နိုင်ငံတော် သမ္မတထံ စာပေးပို့မည်

လင်းဟိန်း
ရန်ကုန်၊ မတ် ၂၇

ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂါလီများကို ဥပဒေ နှင့်မညီဘဲ နိုင်ငံသားကတ်ထုတ်ပေးခြင်းများရှိနေပြီး ယင်းနိုင်ငံသားကတ်များကို ပြန်လည်ရုပ်သိမ်းကာ ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးထွန်းအောင်သိန်းက ပြောသည်။ ”သမ္မတကလည်း အရေးယူဆောင်ရွက်တာ မရှိရင် နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လုပ်သွားမယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ အစီရင်ခံစာကို ယခု လ ၂၄ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ခဲ့ပြီး လွှတ်တော်မှတစ်ဆင့် နိုင်ငံတော် သမ္မတထံသို့ ပေးပို့မည် ဖြစ်သည်။ မောင်တောမြို့နယ်တစ်ခုတည်းတွင် ၁၉၈၂ နိုင်ငံသားဥပဒေနှင့်မညီဘဲ နိုင်ငံသားထုတ်ပေးထားသူ ၃၇ ဦး၊ နိုင်ငံသားပြုခွင့်ရကတ် ထုတ်ပေးထားသူ ၂၂ ဦး စုစုပေါင်း ၅၉ ဦး ရှိနေပြီဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဦးထွန်းအောင်သိန်းက ”ဒီလို ဥပဒေနဲ့မညီဘဲ တရားမဝင်ထုတ်ပေးထားတာတွေ ဒီထက်မက ရှိနိုင် ပါတယ်” ဟုပြောသည်။

အဆိုပါ မောင်တောမြို့နယ်အတွင်းက ဘင်္ဂါလီများအား နိုင်ငံသားဥပဒေနှင့် ဆန့်ကျင်ပြီး နိုင်ငံသား မဟုတ်သည့် မိဘများထံမှ မွေးဖွားသူများကို နိုင်ငံ သား ကတ်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ မိဘ နှစ်ယောက်လုံးနိုင်ငံသားဖြစ်မှသာလျှင် ၎င်းတို့မှမွေးဖွားသော သားသမီးများကို နိုင်ငံသား ကတ်ထုတ်ပေးရမည်ဟု ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ယင်းအပြင် နိုင်ငံသား ကတ် ထုတ်ပေးသည့် စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းရာ တွင်လည်း မြို့မိမြို့ဖများပါဝင်ခြင်းမရှိဘဲ ဌာနဆိုင်ရာဝန်ထမ်းများနှင့်သာ တဖက်သတ်ဆန်ဆန် ဖွဲ့ စည်းထားကြောင်း ရခိုင်ပြည်နယ် လွတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးဖိုးမင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ နိုင်ငံသားများနှင့် နိုင်ငံသား ပြုခွင့်ရသူများအား စိစစ်ရန်အတွက် ဦးသိန်းစိန် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သည့် နိုင်ငံ သားစိစစ်ရေးအဖွဲ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများအပြင် အရပ်ဘက်ကိုယ်စားလှယ်များလည်း ပါဝင်ခဲ့သည်။ မောင်တောမြို့နယ်တွင် ဘင်္ဂါလီအချို့ကို ဥပဒေ နှင့်မညီဘဲ နိုင်ငံသား ဖြစ်ခွင့်ပေးနေသည်ဟုဆိုကာ ဒေသခံများက တိုင်ကြားလာသဖြင့် ရခိုင်ပြည်နယ်လွှတ်တော်က အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ကွင်းဆင်းစစ်ဆေးရန် ဖေဖော်ဝါရီလ ၂၄ နေ့က တာ ဝန်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါနိုင်ငံသား စိစစ်ရေးအဖွဲ့က ဘင်္ဂါလီအချို့အား နိုင်ငံသားကတ်ထုတ်ပေးရာ တွင် ဥပဒေနှင့် မညီဟုဆိုကာ ရခိုင်ပြည်နယ်အနှံ့ မြို့နယ် များတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး စစ်တွေ မြို့တွင် ရက်ရှည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းတရားမဝင် နိုင်ငံသားကတ်ထုတ်ပေးသူ များအား အရေးယူပေးရန် ထုတ်ပြန်ချက်တစ်စောင် ကို ရခိုင်အမျိုးသားပါတီကလည်း ဖေဖော်ဝါရီလအ တွင်းက ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၆ အတွင်း ရခိုင် ပြည်နယ်တွင် နိုင်ငံသားစိစစ်ရေး ဗဟိုအဖွဲ့၏ အဆုံးအဖြတ်ဖြင့် နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ အဖြစ် လူပေါင်း ၁၆၂ဦးအား ကတ်ပြားများ ထုတ်ပေးထားကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*