ရန်ကုန်နှင့် မြို့အချို့တွင် ဆီးချို သွေးချိုရောဂါ အခမဲ့ ကုသပေးမည်

ရန်ကုန်နှင့် မြို့အချို့တွင် ဆီးချို သွေးချိုရောဂါ အခမဲ့ ကုသပေးမည်
March 24, 2017 Asian Fame

11:11 am
ရန်ကုန်နှင့် မြို့အချို့တွင် ဆီးချို သွေးချိုရောဂါ အခမဲ့ ကုသပေးမည်

သီဟ
ရန်ကုန်၊ မတ်လ ၁၇

ရန်ကုန်၊ နေပြည်တော်အပါအဝင် ဒေသအချို့မှ ဆီးချိုသွေးချို ဝေဒနာရှင်များကို အခမဲ့ကွင်း ဆင်းကုသပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင်မြို့ ၁ဝမြို့တွင် အခမဲ့ကုသမှု များ ပြုလုပ်မည်ဖြစ်ပြီး လက်ရှိတွင် မြို့ နယ် ဆရာဝန်များကို နေပြည်တော်၌ သင်တန်းပေးနေကြောင်း၊ ယင်းအစီအ စဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဥရောပသမဂ္ဂ(EU) နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ် ကြောင်း မကူးစက်ဌာနမှ ညွှန်ကြား ရေးမှူး ဒေါက်တာမြင့်ရွှေကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဆီးချို ရောဂါ ဖြစ်ပွားနှုန်း မြင့်မားလျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁ဝ ဒသမ ၅ ရာခိုင်နှုန်းရှိနေသည်။ ထို့ ကြောင့် ကျန်းမာရေးဝန်ကြီးဌာနသည် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှုများသည့် နေရာများတွင် လူနာများအား လိုက်လံ ရှာဖွေကုသပေးမည်ဟု သိရသည်။

”ဆီးချိုသွေးချိုရောဂါဟာ လူနေမှု ပုံစံနဲ့ တိုက်ရိုက်အချိုးကျနေတာပါ။ ဘာလို့လဲဆိုတော့ ဆေးလိပ်သောက်တဲ့သူ၊ အဆီအဆိမ့် အစားများတဲ့သူနဲ့ ကိုယ်လက် လှုပ်ရှားမှု အားနည်းတဲ့သူတွေမှာ အဖြစ်များပါတယ်။ နောက်ထပ်ကတော့ မွေးကတည်း ရောဂါပါလာတာလည်း ရှိပါတယ်”ဟု မန္တလေးတိုင်း တိုင်းကုသရေး ဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောသည်။ ကုလသမဂ္ဂမှ ရေးဆွဲသော ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၈ခုနှစ်အတွင်း ဆီးချိုသွေး ချို ကျဆင်းရေး စီမံချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားပြီ ဖြစ်ပြီး လက်ရှိတွင် ဆီးချိုသွေးချိုဝေဒနာ ရှင်များကို ကုသရန် သွေးချိုတိုင်း ကိရိ ယာ၂ဝဝဝဝ ကျော်၊ သွေးဖောက်ကိရိ ယာ နှစ်သန်းကျော် ဝယ်ယူပြီးစီးနေပြီဟု ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် သေဆုံးလျက်ရှိသော လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ဆီးချိုသွေးချိုအပါအဝင် မကူး စက်တတ်သော ရောဂါများကြောင့် ဖြစ် ပြီးကျန် ၃ဝ ရာ ခိုင်နှုန်းမှာမူ ကူးစက်ရောဂါကြောင့်ဖြစ်ကြောင်း ဆီးချိုသွေးချို အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်က ယခုလအတွင်းပြုလုပ်သော ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွင် ပြောကြားထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*