ပုဂံ အပါအဝင် ခရီးသွားဒေသများတွင် ဟိုတယ်ခ ထက်ဝက် လျှော့ဈေးဖြင့် တည်းခိုနိုင်မည်

ပုဂံ အပါအဝင် ခရီးသွားဒေသများတွင် ဟိုတယ်ခ ထက်ဝက် လျှော့ဈေးဖြင့် တည်းခိုနိုင်မည်
March 24, 2017 Asian Fame

11:09 am
ပုဂံ အပါအဝင် ခရီးသွားဒေသများတွင် ဟိုတယ်ခ ထက်ဝက် လျှော့ဈေးဖြင့် တည်းခိုနိုင်မည်

PN -042

ရန်ကုန်၊ မတ် ၁၇

ပုဂံ၊ ငပလီ၊ ကလော အပါအဝင် မြန်မာ့ခရီးသွားဒေသအချို့မှ ဟိုတယ်များတွင် ၅ဝ ရာခိုင်နှုန်းလျှော့ဈေးဖြင့် တည်းခိုနိုင်ရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အွန် လိုင်းဟိုတယ် ဘွတ်ကင်ဝက်ဘ်ဆိုက်ဖြစ်သော Jovago.com.mm မှ သိရသည်။

Jovago ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဟိုတယ်ဘွတ်ကင်တင်ပါက အင်းလေး၊ ဘားအံ၊ ပြင်ဦးလွင် အစရှိသည့် အထင်ကရခရီးသွား ဒေသများရှိ ဟိုတယ်များတွင် လျှော့ဈေးများဖြင့် တည်းခိုနိုင်မည် ဖြစ်ကြောင်း၊ ပရိုမိုးရှင်းများမှာ ငပလီကမ်းခြေရှိ ဟိုတယ်များတွင် အများဆုံး ၃၃ ရာခိုင်နှုန်း၊ ကလောရှိ ဟိုတယ်များတွင် ၄၂ ရာခိုင်နှုန်း၊ ပုဂံရှိ ဟိုတယ်များတွင် ၅၅ ရာခိုင်နှုန်း၊ ချောင်းသာရှိဟိုတယ်များတွင် ၁၆ ရာခိုင်နှုန်း၊ ငွေ ဆောင်ရှိ ဟိုတယ်များတွင် ၅၅ ရာ ခိုင်နှုန်း၊ အင်လေးရှိဟိုတယ်များ တွင် ၄၅ ရာခိုင်နှုန်း၊ တောင်ကြီးရှိ ဟိုတယ်များတွင် ၃၇ ရာခိုင်နှုန်း၊ ချင်းပြည်နယ် ကန်ပက်လက်ရှိဟို တယ်များတွင် ၁၉ ရာခိုင်နှုန်းအထိ လျှော့ဈေး အသီးသီးဖြင့် တည်းခို နိုင်မည်ဖြစ်ကြောင်း၊ ပရိုးမိုးရှင်း ကာလမှာ မတ်လကုန်အထိဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ကလောရှိဟို တယ်မိုတယ်များတွင် အနည်းဆုံးကျပ်တစ်သောင်းဝန်းကျင်မှ စတင်၍လည်းကောင်း၊ ပုဂံနှင့် ပြင်ဦးလွင်တို့တွင် အနည်းဆုံး ကျပ် ၁၈ဝဝဝ မှ စတင်၍ လည်းကောင်း တည်းခိုနိုင်မည် ဖြစ်သည်။ လက်ရှိတွင် ကျောင်းပိတ်ရာသီဖြစ်သည့်အပြင် တက္ကသိုလ်ဝင် စာမေးပွဲများလည်း ပြီးစီးပြီ ဖြစ်၍ ပြည်တွင်းခရီးသွာများ ခရီးသွားမှုအများဆုံး ဖြစ်နေကြောင်း၊ ယခင်နှစ်များက မသွားဖြစ်ခဲ့သည့် ခရီးသွားဒေသများသို့ လည်းသွား ရောက်လည်ပတ်မှုများရှိနေ ကြောင်း သန်းဌေးနှင့် ရောင်းရင်းများ ဘုရားဖူးဝန်ဆောင်မှု လုပ်ငန်းမှ ဦးသန်းဌေးက ပြောသည်။ Jovago သည် ဟိုတယ် အခန်းဌားဝန်ဆောင်မှုကို ပေးသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်းပြေးဆွဲနေသည့် မန္တလာမင်းယာဉ်လိုင်းနှင့်ပါ ချိတ်ဆက်ထား၍ ဟိုတယ်ဘွတ်ကင်တင်ပါက ကားလက်မှတ် ပရိုမိုးရှင်းများကိုလည်း ရရှိနိုင်မည်ဟုသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*