BLUE ပြီးတော့မှ GREEN ပါ

BLUE ပြီးတော့မှ GREEN ပါ
March 23, 2017 Asian Fame

3:59 pm
BLUE ပြီးတော့မှ GREEN ပါ

blueအခုခေတ်မှာ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေအတွက် ခေတ်စားနေ တဲ့ စကားလုံးကတော့ Green ဆိုတဲ့ စကားလုံးပါ။ Green Initiatives, GO Green, Green Mark, Green Building  စတဲ့ စကားလုံးတွေက သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက် ဖို့၊ ပတ်ဝန်းကျင်နဲ့  အဆောက်အအုံတွေ စိမ်းလန်း စိုပြည်ဖို့ ဆောင်ရွက်မှုတွေ၊ တိုက်တွန်းမှုတွေ ကို ရည်ရွယ်ပြောဆိုတဲ့ အသုံးအ နှုန်းဖြစ်ပါတယ်။ ငါတို့ အဖွဲ့အစည်း က Green ဖြစ်ဖို့ ဘယ်လောက် အားသန်တယ်၊ အဓိဋ္ဌာန်ချထား တယ် ဆိုတာ ကို ပေါ်လစီ ရေးဆွဲပြီး တော့ ကော်ပိုရေးရှင်း တွေမှာ လူမှု တာဝန်သိတတ်မှု    (Corporate Social Responsibility)  အဖြစ်ရေး သားဖော် ပြ ထားကြလေ့ ရှိ ပါတယ်။ ကုမ္ပဏီ  ဘယ်  လောက်  ကြီးကြီး၊  ဘယ်  လောက်  သေးသေး  အားလုံးက  တိတ်တ ဆိတ်  ပြော ဆိုနေကြတာ  ကတော့ “Blue” ပြီးတော့ မှ Green” ပါတဲ့။ “Blue” ရဲ့ အဓိပ္ပာယ်က ငွေကြေး အဆင်ပြေ ပြီးတော့ လုပ်ငန်း က မြတ်နေ တာပါ။ ဆိုလိုတဲ့ အဓိပ္ပာယ်က ကိုယ့်လုပ်ငန်း မှာ မြတ်နေမှ၊ အရှုံး မရှိပါမှ နောက် ၄ နှစ်၊  ၅ နှစ်လောက် အထိ စီးပွား ရေး အလားအလာ ကောင်းနေမှ Green Feature တွေကို   အကောင် အထည်ဖော်ဖို့ ကြိုးစားကြပါလို့ ဆိုလိုတာပါ။ အဲဒီစကား ရဲ့နောက်မှာ Green Feature တွေအတွက် ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် ကိုက်အောင် အဆင်ပြေ သလို လူသိမခံဘဲ ဆုံးဖြတ်ကြရတဲ့   ကိစ္စတွေ လည်း ရှိပါတယ်။ အထူးသ ဖြင့် လုပ်ငန်း စတင်ထူထောင်  (Start up Business) သူများ၊ အရင်းအနှီး မတတ်နိုင် သူများ၊ ငွေလည်ပတ်မှု   ကျပ်တည်းသူများ၊ ရှင်သန်ရပ်တည် ဖို့ ရုန်းကန် ကြိုးစားနေရ သူများအ တွက် GO Green ဆိုတာ အသေ အချာ စဉ်းစားသင့်တဲ့ ကိစ္စရပ်ပါ။

အတိအကျ ပြောရရင် မြန်မာနိုင်ငံလို မျိုး မသေချာမှု များစွာနဲ့ ရင်ဆိုင်လည်ပတ် နေရတဲ့ လုပ်ငန်းများ၊ နောင် ၂ နှစ်သို့ မဟုတ် ၃ နှစ်အထိ   ရပ်တည်နိုင်ရန် မသေ ချာသူများ၊ နောင် ဘာဖြစ်မယ် မခန့်မှန်း နိုင်တဲ့ လုပ်ငန်းများအတွက် GO Green ဆိုတာ စိတ်ကူးယဉ် အိပ်မက်သက်သက် ပါ။   မိမိလုပ်ငန်း ဘယ်အချိန် ပြုတ်မယ် မသေချာဘဲနဲ့ Green ဖြစ်ဖို့ဆိုတာ စွန့်ဦး တီထွင် လုပ်ငန်းရှင် စိတ်ဓာတ်မြင့်လွန်း (High Entrepreneurial Spirit) မှသာ ဖြစ်နိုင်လိမ့်မယ်။

Green Feature  များမှာ ကုန်ကျစရိတ် သက်သာစေနိုင်တဲ့ Feature များ ရှိသလို  ကုန်ကျစရိတ် မြင့်မားစေနိုင်တဲ့ Feature  များလည်းရှိပါတယ်။ Energy Efficiency  ကောင်းခြင်းဟာ Green Feature များမှာ ကုန်ကျစရိတ် သက်သာစေနိုင်တဲ့ အဓိက အကြောင်း ဖြစ်ပါတယ်။ ဥပမာ-စားသောက်ဆိုင်၊ စတိုးဆိုင် တစ်ခုအတွက် သာမန် အဲကွန်း တပ်ဆင်ဖို့ အတွက် ကျပ်သိန်း ၁ဝဝ ကုန်ကျမယ် ဆို ပါစို့။ Energy Efficiency အနည်းငယ် ပိုကောင်းတဲ့ အမျိုးအစား တပ်ဆင်မယ် ဆိုရင် သိန်း ၁၃ဝ  ကုန်ကျပါမယ်။ ၃ဝ ရာခိုင်နှုန်း ပိုကုန်မယ်။ သို့မဟုတ် ငွေသိန်း ၃ဝ အိပ်နေမယ့်ကိစ္စ ဖြစ်ပါတယ်။ Efficiency ပိုကောင်းတာကြောင့် တစ်နှစ် သက်သာ မယ့်ငွေ က ၁ဝ သိန်းဖြစ်ရင် သုံး နှစ်ပြည့်တဲ့အခါ ပိုထည့်ထားရတဲ့ သိန်း ၃ဝ  ပြန်ရပါပြီ။ စာရင်းကိုင် စကားနဲ့ ပြော ရင် 3 years pay back ဖြစ်ပါတယ်။ မြန် မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားခဟာ နိုင်ငံ တကာနဲ့ နှိုင်းယှဉ်ရင် လျော့နည်းတာ ကြောင့် Efficiency  ပိုကောင်းသော စက် ပစ္စည်းများအတွက် မြှုပ်နှံရန် ဆွဲဆောင်မှု မဖြစ်နိုင်တော့ပါ။

ရွေးချယ်ရန်အတွက် စဉ်းစားရမည့် အချက်များမှာ
(၁) အဲကွန်း Efficiency  ပိုကောင်းစေရန် အတွက် အပိုကုန်ကျမည့် သိန်း ၃ဝ ငွေ ပမာဏ မြှုပ်နှံနိုင်စွမ်း ရှိ၊ မရှိ။
(၂) တပ်ဆင်မည့် အဲကွန်း၏ သက်တမ်း (Life Span) သည် (၅)နှစ်ထက် ပိုနည်း လျှင် Efficiency ပိုကောင်းစေရန် အတွက် အပိုငွေ သိန်း ၃ဝ   မမြှုပ်နှံသင့်ပါ။ သိန်း  ၃ဝ ကို  ၃ နှစ်နီးပါး မြှုပ်နှံထားပြီးမှ ကျန် သက်တမ်း ၂ နှစ်အတွင်း အမြတ်အဖြစ် သိန်း ၂ဝ ပြန်ရဖို့ရန် မသေချာပါ။
(၃) အဓိကက အတိုးနှုန်းပါ။ မြန် မာနိုင်ငံမှာ အတိုးနှုန်း မြင့်မား သောကြောင့် သိန်း ၃ဝ ကို ဘဏ်ထဲမှာ ထည့်ထားပြီး အတိုးယူတာက ပို၍တွက် ခြေ   ကိုက်ပါတယ်။ ငွေ သား(Hard Cash) ကို ကိုင်ထားတဲ့သူက ဘုရင်ပါတဲ့။ ကုမ္ပဏီပြုတ် ခါမှ ပြုတ်တော့ တို့ကတော့ Green  မှ Green  ဆိုရင်လည်း   သဘောပါပဲခင်ဗျာ။ စွန့်ဝံ့သူတွေကြောင့်သာ ကမ္ဘာကြီး ပို စိမ်းလန်းတာပါ။

နိုင်ငံတစ်ခုမှာ Green Feature တွေ အများအပြား တပ်ဆင်ဖို့၊ လူကြိုက်များဖို့ (Attractive ဖြစ်ဖို့) အဆောက်အအုံ ပိုင်ရှင်တွေ   လက်ခံဖို့ အချက်များမှာ – (၁)Green Feature တွေအတွက် ရင်း နှီးမြှုပ်နှံရန် အတိုးနှုန်းက မက်လောက် အောင် နည်းရပါမယ်။
စင်ကာပူရဲ့အတိုးနှုန်းက တစ်နှစ်ကို ၃ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်း အကြားမှာပါ။ မြန်မာမှာ ဘဏ်ပြင်ပ အတိုးနှုန်းက တစ် လ ၃ ကျပ် တိုးနှုန်းဆိုရင်   တော်တော် သက်သာနေပါပြီ။
မြန်မာနိုင်ငံမှာ Green Feature  တွေအတွက် ငွေချေးတယ်လို့ မကြားမိသေးပါ။ အတိုးနှုန်းမြင့်တဲ့ မြန်မာ နိုင်ငံမှာ ငွေတိုးချပြီး လျှပ်စစ် ဓာတ်အားခ ပေးလို့ ရပါတယ်။ လိုအပ်ရင် အဲဒီငွေကို ပြန်ထုတ်သုံးလို့ ရသေးတယ်။ အလွယ်တ ကူ လုပ်ငန်းတိုးချဲ့ လို့ရသေးတယ်။ ငွေသား(Cash)ကို လိုသလို ပြောင်းလို့ရ(Very Flexible)ပါတယ်။

(၂) ဘဏ်တွေက ငွေချေးတဲ့စနစ် ထွန်း ကားပါရမယ်။ ဘဏ်တွေက ကုမ္ပဏီတွေ ကို Green Feature  တွေ တပ်ဆင်ဖို့ အ လွန့် အလွန် နည်းတဲ့   အတိုးနှုန်းနဲ့ ငွေချေး ပေးရပါမယ်။

(၃) အစိုးရက Green Feature တွေ တပ် ဆင်ဖို့ အားပေး အားမြှောက်ပြုပြီး ငွေ ထောက်ပံ့ပေးရပါမယ်။ Incentive တွေ ပေးရပါမယ်။ Green Feature  အတွက် မြှုပ်နှံသူများကို သင့်လျော်တဲ့ ပမာဏ အခွန်  ကင်းလွတ် စေသင့်ပါ  တယ်။

(၄) Code of Practice (COP)  တွေ အပြည့်အစုံ ရှိရမယ်။ COP  တွေ မရှိဘဲ Green ချင်တယ်ဆိုတာ က ‘ဝ’ မရှိဘဲ ‘ဝိ’ လုပ်ချင်တာပါ။ Legal Systemခိုင်ခိုင်မာမာ ရှိပါရမယ်။

(၅) နောက်ဆုံးအနေနဲ့ အင်ဂျင်နီယာ ကောင်းကောင်း၊ Operator  နဲ့ Technician  ကောင်းကောင်းတွေ နိုင်ငံအတွင်းမှာ အ လုံအလောက် ရှိရမယ်။  Efficiency  ကောင်းတဲ့ စက်တွေ ဝယ်ယူတပ်ဆင်လိုက် တာနဲ့ Efficiency  ကောင်းသွားရောဆို တာ စာအုပ်ထဲမှာပဲ ရှိပါတယ်။ တပ်ဆင် ခါစမှာ   Efficiency  ကောင်းတာနဲ့ နောက် ၃ နှစ်လောက် ဆက်ကောင်းနေလိမ့်မယ် ဆိုတာ စင်ကာပူမှာတောင် မဖြစ်နိုင်ပါ ဘူး။

အဲဒီ(၅)ချက်လုံး မရှိဘဲ မြန်မာနိုင်ငံ မှာ Green ဖို့ဆိုတာက တော်တော် မဖြစ် နိုင်တဲ့ ကိစ္စပါ။ ကိုယ်က စံပြဖြစ်ချင်လို့၊ ထင်ပေါ် ချင်လို့၊   ကုမ္ပဏီပုံရိပ်(Company Image) ကောင်းချင်လို့၊ နိုင်ငံတ ကာက ဖောက်သည်တွေကို ဆွဲ ဆောင်ဖို့ Marketing လုပ်ချင်လို့ ကိုယ် အသိစိတ်နဲ့ကိုယ်   (Voluntary)  တစ်ယောက်စ၊ နှစ်ယောက်စ ကြိုး စားပြတာမျိုးကတော့ ရှိကောင်း ရှိ နိုင်ပါတယ်။ အားလုံးကိုတော့ မဖြစ် မနေ Green  ရမယ်လို့   အတင်းအ ကျပ် မလုပ်သင့်ပါ။

Green Feature တွေ မိမိ အ ဆောက်အအုံမှာ၊ လုပ်ငန်းမှာ တပ် ဆင်မယ်၊ မတပ်ဆင်ဘူး ဆိုတာ ပိုင် ရှင်တွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ပါ။   အင်ဂျင်နီယာတွေက အကြံပေး တင်ပြခြင်း(Propose)ပဲလုပ်ခွင့် ရတာပါ။ ပိုင်ရှင်တွေက ငွေကြေး အရှုံးအမြတ် အပေါ်မှာ အခြေခံ ပြီး   ဆုံးဖြတ်ကြတာ များ ပါ တယ်။ နိုင်ငံတစ်ခု Green  ဖို့ဆို တာ အင်ဂျင်နီယာတွေ ချည်း လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ အင်ဂျင် နီ ယာတွေ အများကြီး ပါဝင် ရပါတယ်။ တချို့ အင်ဂျင်နီယာတွေက Policy Maker  အဆင့်မှာ ရှိနေရ ပါမယ်။ နိုင်ငံရဲ့ စီးပွားရေး အခြေအနေ နဲ့ကိုက်ညီပြီး ကုမ္ပဏီတွေရဲ့ ရေရှည် အကျိုးကို ဆောင်နိုင်တဲ့ Green Policy မျိုးကို ချမှတ်နိုင်ဖို့ အရေးကြီးပါတယ်။ လက်ရှိ အခြေအနေအရ နိုင်ငံတစ် ဝန်း အဆောက်အအုံများ Green  ဖြစ်ရန်အတွက် လုပ်ထုံး လုပ်နည်း များအဆင်သင့် မဖြစ်သေးပါ။

နိုင်ငံအဆင့် အဆောက်အအုံ များ စိမ်းလန်းစိုပြည်ရေး မဟာစီမံ ကိန်း(Green Master Plan) ရှိ သင့်နေပါပြီ။ အဆောက်အအုံများ အားလုံး   မဖြစ်မနေ လိုက်နာရန် ဥပဒေပြဋ္ဌာန်း၍ အတင်းအကျပ် စေခိုင်းခြင်း မလုပ်သင့်ပါ။ သို့သော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment) တွေကို တင်းကျပ်စွာနဲ့ Green Feature မ ဖြစ်မနေ ထည့်သွင်းဖို့ စီမံ ထား သင့်ပါတယ်။

ကောင်းထက်ညွန့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*