အင်းစိန်ထောင်မှာ မွေးနေ့ အလှူလုပ်မယ့် မော်ဒယ် နန်းမွေစံ

အင်းစိန်ထောင်မှာ မွေးနေ့ အလှူလုပ်မယ့် မော်ဒယ် နန်းမွေစံ
March 23, 2017 Asian Fame

10:41 am
အင်းစိန်ထောင်မှာ မွေးနေ့ အလှူလုပ်မယ့် မော်ဒယ် နန်းမွေစံ
NangMaweSan

Photo : နန်းမွေစံ facebook

(ရန်ကုန်၊ မတ် ၂၁)

Sexy Photo  မော်ဒယ် အဖြစ် လူသိများသည့် နန်းမွေစံက ဇွန်လ ၂၃ ရက်နေ့ မွေးနေ့ အလှူကို အင်းစိန် အကျဉ်းထောင်တွင် ပြုလုပ် ရန် စီစဉ် ထားကြောင်း ပြောသည်။ ”အင်းစိန်ထောင်မှာ အလှူလုပ်ဖို့ စဉ်းစားထားတယ်။ ဒါက လုပ်ချင်ခဲ့တာ ကြာပြီ။ အရင်ကတော့ အခြားနေရာတွေမှာ နှစ်စဉ် လှူဒါန်းတယ်။ ဒီနေရာမှာ လှူတာက ပထမဆုံးပါ” ဟုနန်းမွေစံက ပြောသည်။ Sexy Post များကြောင့် လူသိများသည့် နန်းမွေစံက အလှပုံများ ရိုက်ကူးရသည်ကို ဝါသနာ ပါသည့်အပြင် ပန်းချီ၊ သီချင်းဆိုခြင်း စသည်တို့ကိုလည်း စိတ်ဝင် စားသည် ဟု ပြောသည်။ ”အခုဓာတ်ပုံ ကတော့ အရိုက်များ ဆုံးဖြစ်တယ်။ ရုပ်သံ အင်တာဗျူးတွေကို လည်း ရိုက်ရတယ်။ ရုပ်ရှင်ဗီဒီယို တို့ကျတော့ အခု မလုပ်ဖြစ်သေးဘူး။ နောက် တဖြည်းဖြည်း ဆက်လုပ် သွားမှာပါ” ဟု နန်းမွေစံက ပြောသည်။ နန်းမွေစံသည် လတ် တလော အနုပညာ လှုပ်ရှားမှု အနေဖြင့် ကြော်ငြာများ၊ MTV များ လက်ခံ ရိုက်ကူးနေသလို မဂ္ဂဇင်း မျက်နှာဖုံးများကို အများဆုံး ရိုက်ကူးနေရကြောင်း သိရသည်။ ၄င်းသည် မော်ဒယ် သင်တန်း တက်ရောက်ခဲ့ခြင်း မရှိသော်လည်း ၂ဝ၁၆ ခုနှစ်တွင် Sexy  ဓာတ်ပုံများရိုက်ကူးခဲ့ရာမှ လူသိများလာခြင်း ဖြစ်သည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*