လက်ဖက်ရည်တစ်ခွက်နှင့် ကြက်ဥတစ်လုံး

လက်ဖက်ရည်တစ်ခွက်နှင့် ကြက်ဥတစ်လုံး
March 23, 2017 Asian Fame

11:37 am
လက်ဖက်ရည်တစ်ခွက်နှင့် ကြက်ဥတစ်လုံး

qnik

တစ်ခါက မိတ်ဆွေဆရာဝန်တစ်ဦးနှင့် စာရေးသူတို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ သွားခဲ့ကြသည်။ မိတ်ဆွေ ဆရာဝန်က လက်ဖက်ရည်မမှာဘဲ ကြက်ဥ မ ကျက်တကျက်ပြုတ် half-boiled တစ်လုံးမှာကြားသည်။ စာရေးသူက လက်ဖက်ရည် ကျဆိမ့်တစ်ခွက် မှာကြားသည်။ ဆရာဝန်ကကြက်ဥ ပြုတ်တစ်လုံးသည် လက်ဖက်ရည် တစ်ခွက်ထက် အာဟာရတန်ဖိုး ပိုမိုမြင့်မားသဖြင့် ကြက်ဥ မကျက်တကျက်ပြုတ်ကိုသာ မှီဝဲသင့် ကြောင်း၊ ကျန်းမာရေးအတွက် အကျိုးမရှိနိုင်သော လက်ဖက်ရည်ကို စွန့်လွှတ်သင့်ကြောင်း အကြံပြု ပြောကြားသည်။ စေတနာကောင်းဖြင့်သာ အကြံပြုခြင်းဖြစ် ကြောင်း သံသယ ရှိစရာမလိုပါ။ သို့သော်လည်း စာရေးသူသည် လူထဲက လူတစ်ယောက်ပီသစွာ၊ ဆင်ခြင်တွေးတောမှုထက် အာရုံခံ စားမှုကိုသာ ဦးစားပေးတတ်ပါသည်။ ကြက်ဥပြုတ် မကြိုက်ဘဲ၊ လက်ဖက်ရည် ကျဆိမ့်ကိုသာ မက်မောကြောင်း၊ လက်ဖက်ရည် မရှိသော နေရာမျိုးကိုရောက်မှသာ ကြက်ဥစားမည် ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ သည်။ ဆရာဝန် မိတ်ဆွေမှာ စိတ် မကောင်းဟန်ဖြင့် ပခုံးကိုသာ တွန့် ပြခဲ့ပါသည်။ လူများစု၏ အစား အသောက်ဇယားမှာ အာရုံခံစားမှု (ဆာလောင်ခြင်း)ကိုသာ အခြေ ပြုပါသည်။ ကျန်းမာရေးတိုးတက် မှုအတွက် အာဟာရ တန်ဖိုးကို တွက်ချက်ချိန်ဆ၍ အစာစားသူ အနည်းအကျဉ်းမျှသာ ရှိပါလိမ့်မည်။ နာလန်ထ လူမမာများသည် ဆေးဆရာတို့ ညွှန်ကြားလေ့ရှိကြ သော ‘ဓာတ်စာ’ ကို ငြီးငွေ့လေ့ရှိ ကြသည်။ ‘ဓာတ်စာ’ ဆိုသည်ကို နာလန်ထ လူမမာ၏ အာရုံခံစားမှုက အလိုမရှိတတ်ပါ။

စာရေးသူမှာ နောက်ထပ် မိတ်ဆွေ ဆရာဝန်တစ်ဦးရှိသေးသည်။ သူ့ကိုတော့ စာရေးသူက အထင်ကြီး လေးစား ဂုဏ်တင် သည်။ စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုး တက်နေသော ဆေးပညာကို ဆေးကုရင်း၊ တစ်စိုက်မတ်မတ် လေ့လာ ဆည်းပူးလိုက်နာ ကျင့်သုံးနေ သောကြောင့် ဖြစ်သည်။ စီးပွား မရှာဘဲ နွမ်းပါးသော လူနာတွေကို သူ့အိတ်ထဲက စိုက်ပြီး ကုသပေးနေတတ်သဖြင့် တစ်ကိုယ်ရည်တစ် ကာယသမား ဖြစ်သည့်တိုင် သူ့မှာ ဆေးဆိုင်က အြေ<ွကးတွေ ပိနေ လေ့ ရှိပါသည်။ နောက်ဆုံးပေါ် ရောဂါ ကုထုံးဆေးကျမ်းသစ် တစ် စောင်အတွက် ငွေလေးငါးသောင်း ကုန်ကျခံရန် ဝန်မလေးပါ။ စာရေးသူကိုဆိုလျှင် သူက အခမဲ့လည်း ကုသပေး၊ ထမင်းလည်းကျွေး၊ ဆေးဝါးလည်း ဝယ်ပေး၊ နောက် ဆုံး လမ်းစရိတ်ကအစ ထောက်ပံ့ ပေးကမ်းတတ်သူ ဖြစ်သည်။

လက်ဖက်ရည်ဆိုင်ရောက်လျှင် သူက စာရေးသူအား မုန့် များများ အစားခိုင်းလေ့ရှိသည်။ စာရေးသူက တုံ့ဆိုင်းနေလျှင် သူ က ပါးစပ်ထဲ ခွံ့ပေးမတတ်အတင်း ကျွေးသည်။ လက်ဖက်ရည်တစ်ခွက်မှာ အာဟာရတန်ဖိုး မဆိုစလောက်သာပါရှိကြောင်း၊ မုန့် များများစားမှ အာဟာရဖြစ်နိုင်ကြောင်းလည်း သူက ကျန်းမာရေးတရားဟောသေးသည်။ သူကိုယ် တိုင်လည်း လက်ဖက်ရည်တစ်ခွက်သာ သောက်ပြီး မုန့်သုံးမျိုးလောက် စားလေ့ရှိပါသည်။ စာရေးသူမှာ လက်ဖက်ရည်ဆိုင်သွားလျှင် လက်ဖက်ရည်တစ်မျိုးပဲ သောက်ချင်သည်။ မုန့်စားလျှင် လက်ဖက် ရည်၏ အရသာ ပျက်ပြယ်သည်ဟု ခံစားထင်မြင်နေသည်။ စာရေးသူ ၏ ခံစားထင်မြင်ချက်ကိုသာ ထို ဆရာဝန်ကြားလျှင်…စာရေးသူကို သရော်ပဲသရော်မည်လား၊ ရယ်မောရင်း အပြစ်ပဲတင်နေမည်လား မဆိုနိုင်ပါ။

စာရေးသူသည် ကျေးလက်မှ ရန်ကုန်ရောက် မိဘနှစ်ပါးက ရန် ကုန် ‘ဟာမစ်တိတ်’ အရပ်တွင် မွေးဖွားလာခဲ့ရာ စာရေးသူမှာ လူ မှန်းသိကတည်းက လက်ဖက်ရည် ဆိုင် ယဉ်ကျေးမှုနှင့် နီးစပ်နေ သည်။ မိဘများက လက်ဖက်ရည် ဆိုင်အနီးမှာ မုန့်ဟင်းခါးဆိုင် ဖွင့် ထားကြရာ စာရေးသူသည် နံနက် စောစောတွင် မုန့်ဟင်းခါး မှီဝဲရရုံ မျှဖြင့် အားမရသေးဘဲ လက်ဖက် ရည်၊ နံပြား၊ အီကြာကွေး၊ ပေါင် မုန့်တို့ကိုပါ သုံးဆောင်လိုက်ရမှ တင်းတိမ်သည့် အကျင့်စွဲခဲ့သည်။ ထိုအကျင့်စွဲနေခဲ့ရာမှ အသက် ၁ဝ နှစ်သားလောက်မှာ လက်ဖက်ရည် ဆိုင်နှင့်ဝေးသောအရပ်သို့ ပြောင်း ရွှေ့နေထိုင်တော့မှ လက်ဖက်ရည် ‘ဝဋ်’ မှ ကျွတ်ခဲ့ရလေသည်။

လက်ဖက်ရည်အချို သောက် သုံးသော ဓလေ့မှာ မြန်မာ့ရိုးရာ ဓလေ့ မဟုတ်ခဲ့ပါ။ နယ်ချဲ့အင်္ဂလိပ် တွေ မြန်မာပြည်ကို ကျူးကျော်သိမ်း ပိုက်ပြီး မြန်မာပြည်မှာ အခြေစိုက်လာသည့် အချိန်ကာလသို့ ရောက် မှ သူတို့နှင့်အတူပါလာသော လက်ဖက်ရည်ဓလေ့က မြန်မာတွေ ကို ကူးစက်ခဲ့ခြင်းဖြစ်သည်။ စင် စစ် လက်ဖက်ရည်ဓလေ့ကို ဥရောပသား အင်္ဂလိပ်တို့က စတင် ခဲ့ကြခြင်းလည်းမဟုတ်။ လက်ဖက်ရည်ဖျော်သည့် လက်ဖက်ပင်၏ ပင်ရင်းဒေသမှာ တရုတ်ပြည်ဖြစ်သည်။ ထို့ကြောင့် ရှေးက လက်ဖက်ရည်ကို China Drink ဟု ခေါ်ခဲ့ကြဖူးသည်။ Chineans ဟုလည်း ခေါ်ကြသည်။ ထိုအခေါ်အဝေါ်မှ တစ်ဆင့် Tcha ဖြစ်လာသည်။ ထိုမှ Tayသို့မဟုတ် Tee ဖြစ်လာပြီး နောက်ဆုံးတွင် Tea ဟူသော အသုံးအနှုန်းက ယနေ့ထက်တိုင် တည်မြဲခိုင်မာသွားခဲ့သည်။

အင်္ဂလိပ်တို့သည် အချိုကြိုက်သော လူမျိုးဖြစ်သည်။ သူတို့ဆီမှာ စိုက်ပျိုးထုတ်လုပ်၍ မရသည့် ကြံမှ ဖြစ်သော သကြားကို ပြည်ပမှအကြီးအကျယ် တင်သွင်းကြသည်။ သကြားအလွန်စားသော လူမျိုးဖြစ်ရာ သူတို့ကို sweet-tooth ဟူ၍ပင် အမည်ပြောင်ပေးထားကြသည်။ သကြားနှင့်တွဲဖက်စရာ လက်ဖက် ခြောက်ကို တွေ့လိုက်သည့်အခါ အင်္ဂလိပ်တွေ ရွှေအိုးကြီးကောက်ရသလို ပျော်မြူးသွားကြသည်။ လန်ဒန်မြို့တော်မှာ ကော်ဖီဆိုင်ဖွင့်ထားသူ တောမတ်ဂါးရဝေးဆိုသူ က လက်ဖက်ခြောက်၏ ကောင်းခြင်းမင်္ဂလာတွေကို အလွန်အကျွံ အမွှမ်းတင်၍ ကြော်ငြာပိုစတာတွေ ထုတ်ပြန်သည်။ သူ၏ ကြော်ငြာတွင် လက်ဖက်ခြောက်သည် ခေါင်း ကိုက် ခေါင်းမူးဝေဒနာမှအစ၊ ပွေးယားနာအလယ်၊ မှတ်Óဏ်ပျောက် ဆုံးသော ဝေဒနာအဆုံး အခြား (၉၆) ပါးသော ဝေဒနာတို့ကိုပါ သက်သာပျောက်ကင်းစေသည်ဟု ကြော်ငြာသည်။ ထိုမျှသာမကသေး လက်ဖက်ရည်သည် ကျောက်ကပ် နှင့် ဆီးအိမ်တို့ကို သန့်စင်အောင် ဆေးကြောပေးသည်ဟုပင် ကြော် ငြာလိုက်သေးသည်။ ထို့ပြင် လက် ဖက်ရွက်ကို နို့၊ ရေတို့ဖြင့် ဖျော် သောက်ပါက အဆုတ်နာရောဂါ ပျောက်ကင်းသည်ဟုလည်း ကြော် ငြာသည်။ ကမ္ဘာပေါ်တွင် နေ့စဉ် မှတ်တမ်း (ဒိုင်ယာရီ) ရေးရာ၌ စံပြုလောက်သူအဖြစ် နာမည် ကျော်သော ‘ဆမ်မြူယယ်ပက်ပီ’ သည် သူ၏ ပထမဆုံး လက်ဖက် ရည်ကို ၁၆၆ဝ ပြည့်နှစ် စက်တင် ဘာလ ၂၅ ရက်နေ့မှာ သောက်သုံး ခဲ့ကြောင်း သူ၏ ဒိုင်ယာရီတွင် မှတ်တမ်းတင်ထားခဲ့သည်။ အင်္ဂ လိပ် ကဗျာဆရာတစ်ယောက်က လည်း ထိုခေတ်က အင်္ဂလိပ်ဘုရင် ဒုတိယမြောက်ချား၏မိဖုရား လက် ဖက်ရည်ကြိုက်ပုံကို ကဗျာလင်္ကာ ဖြင့် ဘုန်းတော်ဘွဲ့ ရေးစပ်ခဲ့သေး သည်။

အင်္ဂလိပ်လူမျိုးတို့၏ လက်ဖက်ရည်သမိုင်းမှာ ကျမ်းတစ်စောင်ဖွဲ့ လောက်စရာ ကျယ်ပြန့်ပါသည်။ လက်ဖက်ခြောက်နှင့် ပတ်သက်၍ ထူးခြားသော သမိုင်းဝင်ဖြစ်ရပ်တစ် ခု အမေရိကန်တို့ အင်္ဂလိပ်လက် အောက်မှ လွတ်လပ်ရေးမရမီ ဖြစ် ပွားခဲ့သည်။ အင်္ဂလိပ်တို့၏ အခွန် အကောက်စည်းကြပ်မှုကို မကျေ နပ်ကြသော အမေရိကန်တို့က ဒေသခံ အင်ဒီးယန်းများ အသွင်ယူ ကာ ၁၇၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဘော်စတန်ဆိပ်ကမ်း ရှိ အင်္ဂလိပ်သင်္ဘောများပေါ်မှ လက်ဖက်ခြောက်သေတ္တာများကို တက်ရောက် ဖျက်ဆီးပစ်ခဲ့ကြ သည်။ လက်ဖက်ခြောက် အခွန် အကောက်နှင့် စပ်လျဉ်း၍ ဖြစ်ပွားရသော ပဋိပက္ခဖြစ်ရာ အင်ဒီးယန်း အသွင်ယူ၍ တက်ရောက်ဖျက်ဆီးသူများကို Boston Tea Party ဟူ၍ သမိုင်းတွင် မှတ်တမ်းတင်သည်။ အလွန်လူသိများသော အမည်လည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသားတို့ လက်ဖက်ခြောက်နှင့် မည်သည့်ခေတ်ကာလ ကစ၍ ထိတွေ့ရင်းနှီးခဲ့ကြောင်း စာရေးသူ တိတိကျကျ မရေးပြနိုင် ပါ။ သုတေသီတို့ မှတ်တမ်းတင် ထားခြင်းမျိုးကတော့ တစ်နေရာရာ မှာ သေချာပေါက် ရှိပါလိမ့်မည်။ စာရေးသူ လူမှန်းသိခါစ ၁၉၅ဝ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံရှိ မြို့ကြီးပြကြီးများမှာသာမကဘဲ မြို့ သိမ်မြို့မွှားကလေးတွေမှာပါ လက် ဖက်ရည်ဆိုင်တွေ ရှိနေကြပြီကို မှတ်မိနေပါသည်။ လက်ဖက်ရည် ဆိုင်အများစုကို မြန်မာပြည်ရောက် အိန္ဒိယတိုင်းရင်းသားတွေက ဖွင့်လှစ်ရောင်းချခဲ့ကြရာ ‘ကာကာ ဆိုင်’ ဟုလည်း အချို့က ခေါ်ခဲ့ ကြသည်။ နောက်ပိုင်းတွင် တရုတ် လူမျိုးတွေကလည်း လက်ဖက်ရည် ဆိုင်များ ဖွင့်လှစ်လာကြသည်။ လက်ဖက်ရည်ဆိုင် စီးပွားရေး နယ်ပယ်တွင် ယနေ့အထိ တရုတ်ကုလားများ ကြီးစိုးနေကြပြီး တိုင်း ရင်းသားမြန်မာတို့ နိုင်ငံခြားအနွယ် တွေကို ပခုံးချင်းမယှဉ်နိုင်ကြသည် မှာ ဘာကြောင့်နည်းဟု စာရေးသူ စဉ်းစားကြည့်ခဲ့ဖူးသည်။ လက်ဖက်ခြောက်၏ အရသာကို ဦးစွာ ထိ တွေ့ သိရှိဖူးသော လူမျိုးတွေက လက်ဖက်ခြောက်၏ လျှို့ဝှက်ချက်ကို ပို၍များ နားလည်နေကြမလား ဟု တွေးမိပါသည်။ သို့တည်းမ ဟုတ် ငွေကြေးအရင်းအနှီးချင်း မယှဉ်ပြိုင်နိုင်ကြ၍လား။

ယခုဆိုလျှင် မြန်မာ့ကျေးလက် တောကြိုချုံကြားထိ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုက ထိုးဖောက် ရောက်ရှိနေပါပြီ။ လက်ဖက်ရည် ဆိုင်ဟုဆိုရသော်လည်း လက်ဖက် ခြောက် ကောင်းကောင်း သုံးစွဲနိုင် သောဆိုင်က ရှားပါသည်။ စင်စစ် မြို့မှာပဲဖြစ်ဖြစ် တောမှာပဲဖြစ်ဖြစ် လက်ဖက်ရည်ဆိုင်သို့ လာရောက် ကြသူများမှာ လက်ဖက်ရည် အရ သာခံရင်း အာဟာရ ဖြည့်ဆည်း သို့မဟုတ် အခြားသော ရည်ရွယ် ချက်များစွာဖြင့် လက်ဖက်ရည်ဆိုင် မှာ လာရောက် စုဝေးကြခြင်းသာ ဖြစ်သည်။ လက်ဖက်ရည်ဆိုင်မှာ စီးပွားရေးဆွေးနွေးမည်။ နိုင်ငံရေး တိုင်ပင်မည်။ လူမှုရေး ရင်ဖွင့်မည် စသော ရည်ရွယ်ချက်များမှာ လက်ဖက်ရည် သောက်ခြင်းထက် ပိုမို အရေးပါနေကြသည်။ လက် ဖက်ရည် တစ်ခွက်၏ အာဟာရ တန်ဖိုးကို တွက်ဆချင့်ချိန်သူများ မရှိကြတော့ဟု ထင်သည်။ ယခု ခေတ်လက်ဖက်ရည်သည် ရှေးက ရပ်သူရွာသားများ စုဝေးတတ်ကြ ရာ ရွာလယ်ဇရပ်အသွင် ဆောင် လာသည်။ မြို့ပြ၏ လူနေမှုစနစ်ကျပ်တည်းကျဉ်းမြောင်းခြင်းက လူ ငယ်ယောက်ျားကလေးများကို လက်ဖက်ရည်ဆိုင်ဆီသို့ တွန်းပို့ နေခဲ့သည်က ကြာပြီ။ လက်ဖက် ရည်ဆိုင်ကနေ အစပြုကာ မလိုလားအပ်သော ပြဿနာတွေ နေ့ စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသည်။ လက်ဖက်ရည်ဆိုင်သည် Public Space အသွင်ဆောင်လာခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အလားအလာကောင်းဟု စာရေးသူ မယူဆပါ။ လက်ဖက် ရည်ဆိုင်တွင် စကားဖွာလောင်နေသူတစ်ဦးမှာ လူတွင်ကျယ် စိတ္တဇအနာစွဲကပ်နေသူသာ ဖြစ်နိုင်သည်။ လက်ဖက်ရည်ဆိုင်၌ တစ် ကိုယ်တော်ထိုင်၍ စာဖတ်နေသူ တစ်ဦးမှာ သူ့အတွက် စာဖတ်ဖို့ သင့်တော်သော အခြားနေရာ မရှိလောက်အောင် အခက်ကြုံနေရ ရှာသူ ဖြစ်ကောင်း ဖြစ်နိုင်သည်။

လက်ဖက်ရည်ဆိုင်တွေ ဖွံ့ဖြိုး ကြီးထွားလာကြခြင်းမှာ နိုင်ငံ့စီးပွား ဖွံ့ဖြိုးကြီးထွားလာ၍ မဟုတ်ပါ။ လက်ဖက်ရည် မှန်မှန်သောက်နေ ခြင်းအားဖြင့်လည်း ကျန်းမာ တောင့်တင်း ကြံ့ခိုင်လာမည် မဟုတ်ပါ။ ဤမျှသာမက လက်ဖက်ရည်ဆိုင်က မိမိ တန်ဖိုးရှိသော အချိန်ကို မသိမသာ ခိုးဝှက်ဖဲ့ယူ သွားတတ်ကြောင်း သတိပြုမိသူ နည်းလှစွာသည်။ လက်ဖက်ရည် တစ်ခွက်အတွက် ပေးရမည့် ငွေ ကြေး၊ အချိန် နာရီတို့ကို နှမြော တတ်လျှင် ကိုယ့်အိမ်မှာကိုယ် ကြက်ဥပြုတ်တစ်လုံး စားလိုက်ခြင်း က ပို၍ လက်တွေ့အကျိုးရရှိနိုင် မည်ဟု စာရေးသူက ပြောလျှင် ငြင်းဆန်လိုသူတွေ အများအပြား ပေါ်ပေါက်လာနိုင်ပါသည်။ မှန်ပါ သည်။ လက်ဖက်ရည်တစ်ခွက် သောက်မလား၊ သို့မဟုတ် ကြက်ဥ ပြုတ်တစ်လုံး စားမလားဆိုသည် ကိုတော့ မိမိတို့ဘာသာ ဝေခွဲဆုံး ဖြတ်ကြရန် ဖြစ်ပါသည်။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*