ပြည်သူတီးတဲ့ တရားစည်ပီပီသသမြည်ပါစေ

ပြည်သူတီးတဲ့ တရားစည်ပီပီသသမြည်ပါစေ
March 23, 2017 Asian Fame

5:05 pm
ပြည်သူတီးတဲ့ တရားစည်ပီပီသသမြည်ပါစေ

Tayar Si (3)

လမ်းနယ်အတွင်းကျူးကျော်ဆိုင်ခန်းများကို ရှင်းလင်းသင့်

ပဲခူးမြို့ ဆည်မြောင်းလမ်း(ရန်ကုန်-မန္တ လေးလမ်းနှင့် မြို့ရှောင်လမ်း ဆက်သွယ်ထား သောလမ်းမ) ဟံသာဝတီလေယာဉ်ကွင်း အ
ဝင်ပေါက်တည့်တည့်တစ်လျှောက်တွင် လမ်း နယ်အတွင်း ကျူးကျော်ဆိုင်ခန်းများ ပေါ် ပေါက်လာသည်မှာ ကြာပါပြီ။ အဆက်ဆက် လူကြီများမှ တာဝန်ရှိသည့်အတိုင်း မလုပ်ခဲ့ ကြသောကြောင့် ယခုအခါ အခိုင်အမာ အ ဆောက်အဦများဆောက်လုပ်ခြင်း၊ အဆင့် ဆင့်ရောင်းချခြင်း၊ ငှားရမ်းခြင်း စသည်ဖြင့် ပြုလုပ်လာကြသည့်အပြင် လမ်းဘေးယာဉ် ရပ်ရန် နေရာမရှိသဖြင့်လမ်းမပေါ်တွင်သာရပ်နားရသဖြင့် ယာဉ်အန္တရာယ်များ မကြာ ခဏကြုံတွေ့ရပါသည်။ တာဝန်ရှိသူဌာနဆိုင်ရာများ အာဏာ ပိုင်များမှ ကျူးကျော်များအားစည်းကမ်းနှင့် အညီဆောင်ရွက်မှုအားနည်းခဲ့ခြင်း အစပိုင်း တွင် အရေးယူမှုမရှိဘဲ ပျက်ကွက်ခဲ့သော ကြောင့် ကြာလာသောအခါ ကျူးကျော်များ အခိုင်အမာဖြစ်လာပြီး မကိုင်တွယ်နိုင်ဖြစ်ကြ ရပါသည်။

တာဝန်ရှိသူအဆင့်ဆင့်၏ ခေတ်အဆက် ဆက် တာဝန်ပျက်ကွက်ခဲ့ခြင်းကြောင့် အ များပြည်သူများ ဒုက္ခရောက်ရသလို အခွင့်အ ရေးထိခိုက်ကြရပါသည်။ ဟံသာဝတီလေ ယာဉ်ကွင်းစီမံကိန်းလုပ်ငန်းများ စတင်လုပ် ကိုင်လျက်ရှိပြီး ပစ္စည်းများတင်သွင်းသယ်ယူ ပို့ဆောင်သည့်အခါနှင့် နိုင်ငံခြားကုမ္ပဏီများလုပ်ငန်းစတင်သည့်အခါ အဆိုပါကျူးကျော် များကိစ္စဖြင့် မလိုလားအပ်သောပြဿနာ များဖြစ်လာနိုင်သဖြင့် ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်သောတာဝန်ရှိသူများမှ ရှင်းလင်းဆောင်ရွက်နိုင်ပါရန် တင်ပြလိုက်ပါ သည်။

ကိုအောင်မိုး

Tayar Si (2)

ရေနံချောင်းစည်ပင်သိရှိနိုင်စေဖို့ပါ

ရေနံချောင်းစည်ပင်မှ တာဝန်ရှိသူများနှင့် စည်ပင်သာယာ ရေးကော်မတီ လူကြီးမင်းများ ခင်ဗျာ။ လူကြီးမင်းများအနေဖြင့် လမ်းခင်းသည့်နေရာများတွင် သာ အာရုံစိုက်မနေဘဲ ထွန်းကော်မာရှယ်ဘဏ်ရှေ့က ရေ မြောင်းက လျှံထွက်နေတဲ့ အဖြစ်ဆိုးကိုလည်း ကြည့်ပြီး ပြင် ပေးကြပါဦးလို့ တောင်းဆိုပါရစေ။ဘယ်လောက်ထိ အခြေအနေဆိုးနေသလဲဆိုတာ ကိုယ် တိုင်သွားကြည့်ရင် သိမှာပါ။

ရေနံချောင်းသား

Tayar Si (1)

အမှိုက်သိမ်းကားသာ ဖြစ်စေချင်

ရန်ကုန် ရွှေပြည်သာထဲက အမှိုက်တွေကို သိမ်းပေးနေတဲ့ စည်ပင်ကို ကျေးဇူးတင်ပါတယ်။ သူတို့တွေ သိမ်းပေးတာကြောင့် ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်တွေ နည်းနေ တာပါ။ တစ်ခုတော့ ပြောပြချင်ပါတယ်။ အဲ့ဒါကတော့ လုံခြုံတဲ့ အမှိုက်သိမ်းကားနဲ့ သိမ်းပေးပါ။ နို့မို့လို့ကတော့ လမ်းပေါ် အမှိုက်တွေကျနေတာနဲ့ အရာမရောက်မှာ စိုးလို့ပါ။ ပုံနဲ့တကွ တင်ပြပေးလိုက်ရပါတယ်။

ရွှေပြည်သာသား

Tayar Si (4)

မေတ္တာရပ်ခံချင်ပါတယ်

အားလုံးကို မေတ္တာရပ်ခံချင်ချင်တာတစ်ခုရှိပါတယ်။ အဲဒါကတော့ အရေးကိစ္စကြုံလို့ ကားတား တဲ့အခါ (သေရေးရှင်ရေးကလွဲရင်) ဖြစ်နိုင်ရင် လမ်း မပိတ်သော၊ ဖြူနီကြားတွေ မဟုတ်သောနေရာတွေ ကနွှေထေင တားဖို့ မေတ္တာရပ်ပါတယ်။ ဒီလိုတားပြီး ဈေးတွေဆစ်၊ ဈေးစကားတွေပြောနေတော့ နောက် မှာ ကားတွေ တတန်းကြီးပိတ်ပါတယ်။ တက္ကစီ မောင်းတဲ့ ညီလေး၊ အစ်ကို၊ ဦးလေးတွေကို မေတ္တာ ရပ်ချင်တာကလည်း ခရီးသည်တွေ တင်တဲ့အခါ မဖြစ်လို့ အရေးပေါ်တင်ရင်တောင် လမ်းဘေးလေး ကပ်ရပ်ပြီးတင်ကြပါ။ ဒီနေ့တွေ့ရတာ နောက်တစ် နေရာမှာ လမ်းလည်ကောင် ဒီအတိုင်းရပ်ပြီး စိန်ပြေ နပြေ ဈေးစကား ပြောနေတာများ နောက်ကားတွေ ဘယ်လောက်ပိတ်ပိတ် ဂရုမစိုက်။ မေတ္တာရပ် တာပါ။

အောင်ကျော်ဆန်း

TS5 (2)

မန္တလေးက ဆေးရုံကြီးမှာတဲ့ဗျာ

အင်မတန် အန္တရာယ်များတယ် ဗျာ။ သန့်ရှင်းရေးလုပ်သားတွေ ကလေးသူငယ်တွေ၊ လမ်းသွားလမ်း လာတွေ တစ်ယောက်ယောက်များ ရောဂါပိုးရှိနေတဲ့ ဆေးရုံထွက် စွန့် ပစ်ပစ္စည်းတွေများ နင်းမိထိခိုက်မိများ ဖြစ်ခဲ့ရင် သွားပြီပေါ့။ ဆေးရုံကြီးက တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ကြပ်မတ်စစ်ဆေးသင့်ပြီ။

အောင်ကျော်ချမ်းအေး

(မှတ်ချက်။ ။ ဖော်ပြပါ တင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော် မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*