10:25 am

(မန္တလေး၊ မတ် ၂၁)
အနုပညာ အထက်တန်းကျောင်း (မန္တလေး)တွင် လာမည့် ပညာသင်နှစ်မှ စတင်ကာ ကျောင်းအိပ် ပညာသင်ခွင့် ပြုတော့ မည်ဖြစ်ကြောင်း သိရသည်။
”လာမယ့်နှစ်က စပြီး ကျောင်းအိပ်ဘော်ဒါ နေခွင့်ပြုသွား မှာပါ။ ကျောင်းဝင်းထဲမှာ အဆောင်ပေးထားမယ်၊ စားရေး သောက်ရေး ကတော့ ကိုယ့်အစီအစဉ် နဲ့ကိုယ်ပါ။ ဌာနဆိုင်ရာ ညွှန်ကြားချက်လည်း ထွက်ထားပြီးပြီ။ ဒီမှာလည်း အဆင် သင့်ဖြစ်နေပါပြီ” ဟု အနုပညာ အထက်တန်းကျောင်း (မန္တ လေး) အတီးဌာန ဆိုင်းနည်းပြဆရာ ဦးစိုးဝေက ပေါ်ပြူလာ နယူးစ် သို့ ပြောသည်။
အနုပညာ အထက်တန်းကျောင်း(မန္တလေး)သည် ၁၉၅၂ ခုနှစ်က မန္တလေး ပန်တျာကျောင်းအဖြစ် စတင်တည်ထောင်ခဲ့ ရာမှ တပ်မတော် အစိုးရ လက်ထက်တွင် အနုပညာအထက် တန်းကျောင်း အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ပန်တျာကျောင်းအဖြစ် ဖွင့်လှစ်ထားစဉ်နှင့် အနုပညာ အထက်တန်းကျောင်း အဖြစ် ပြောင်းလဲ ဖွင့်လှစ်သည့် နှစ်အ နည်းငယ် အတွင်း ကျောင်းအိပ် ပညာသင်ခွင့်ရခဲ့ပြီး နောက်ပိုင်း တွင်မူ ကျောင်းအိပ်ပညာသင် ခွင့်မပြုတော့သဖြင့် ရပ်ဝေး ကျောင်း သူ များ အခက်အခဲ ဖြစ်ခဲ့ကြရကြောင်း သိရသည်။
အစိုးရ အဆက်ဆက် ကျောင်းအိပ် ပညာသင်ခွင့် တောင်း ခံခဲ့သော်လည်း ခွင့်ပြုချက် မရရှိဘဲ ယခုအစိုးရ လက်ထက်တွင် မှ ပြန်လည် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ကျောင်းအိပ် လက်ခံတုန်းက သင်တန်းသား ရာချီရှိခဲ့တဲ့ ဒီကျောင်းမှာ ကျောင်းအိပ် လက်မခံတော့ တဖြည်းဖြည်း နည်းလာတယ်။ ဒီကျောင်း လာတက်သူ တော်တော်များများက နယ်တွေက ဆိုတော့ မန္တလေးမှာ နေစရာဆွေမျိုးသားချင်း အိမ်မရှိသူဆို အဆင် မပြေကြဘူး။ အဲဒီလိုနဲ့ သင်တန်းသား နည်းလာတာ၊ အခုဆိုရင် သင်တန်းသား လေးငါးဆယ်ပဲ ရှိ တယ်။ လာမယ့် ပညာသင်နှစ်တော့ များလာမယ် ခန့်မှန်းပါ တယ်” ဟု ဦးစိုးဝေက ဆိုသည်။
အနုပညာ အထက်တန်း ကျောင်းတက်ရောက်လို သူသည် အနိမ့်ဆုံး ပညာအရည်အချင်း ၇ တန်းအောင် ရမည်ဖြစ်ပြီး ကျောင်း ထွက် လက်မှတ်၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ၊ မိဘ အုပ်ထိန်းသူ သဘောတူညီမှု အထောက် အထားများ ပြသ ၍လျှောက် ထားနိုင်ကြောင်း၊ တက်ရောက်ခွင့် ရပါက ၃ နှစ် တက်ရောက်ရမည်ဖြစ်ပြီး အတီး၊ အက၊ ပန်းချီ၊ ပန်းပု စသည့် အနုပညာ ဘာသာရပ်များ သင်ကြားပေးသွား မည် ဖြစ်ကြောင်း သိရသည်။
စောထွေး