မရင်ရွှေရဲ့ တပင်တိုင်ဇာတ်

မရင်ရွှေရဲ့ တပင်တိုင်ဇာတ်
March 23, 2017 Asian Fame

11:02 am
မရင်ရွှေရဲ့ တပင်တိုင်ဇာတ်

yyမြန်မာ့ရုပ်ရှင် လောက၏ ဟောလိဝုဒ် ဟု တင်စားခံရသည့် ၃၅ လမ်းထဲသို့ ရောက်လာပါက ထူးထူးခြားခြား ချိတ်ဆွဲထားသော ပိုစတာများ ကို သင်သတိပြုမိပါ လိမ့်မည်။

သူမ၏ ပိုစတာများက အခြားသူများ ကဲ့သို့မဟုတ်။ ထူးခြားသည်။ သရဲသဘက်ပုံ၊ ပြိတ္တာလိုလို၊ လူ တစ်ပိုင်း ငါးတစ်ပိုင်း၊ အသားငါး စိမ်းများကို စားနေသည့် ပုံများ စသည့်ကြောက်မက်ဖွယ် ခြောက် ခြားဖွယ် ကောင်းသော ပိုစတာ များက အများစု ဖြစ်လို့နေသည်။

ထိုပိုစတာ များကို မြင်ရသူ တိုင်းက ”ဟယ် ..ရွံစရာကြီး..ဘာကြီးလဲ…ကြောက်စရာကြီး တွေ” စသည့် နှုတ်ထွက် စကားများ အလိုလို ထွက် လာမည်။ တကယ် လည်း ဤသို့ရှိခဲ့သည်။

မိတ်ကပ် ခြယ်သထားခြင်း မရှိသည့် အပြင် ရုပ်ကိုပါ ဖျက်ကာ ချိတ်ဆွဲထားသည့် သူမ၏ပုံများ ကြောင့်နှစ်လို ဖွယ်မကောင်း။ သူ မလည်း အလေးထား အချစ်မခံရ။

သူမသည် အခြားသူ မဟုတ်၊  ”မိဘ ကို စော်ကားရင် မရင်ရွှေလို မြေ မျို ခံရမယ်”ဟူ၍ ဗီဒီယို ကြည့် ပရိသတ် များကြား ပြော စမှတ်ဖြစ် လောက်အောင် သရုပ်ဆောင် ပီပြင် ခဲ့သူ၊ ”မိဘပစ်မှား၍ မြေမျိုခံရ သော မရင်ရွှေ” ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့သူ မင်းသမီး အာကာမြင့်အောင်ပင် ဖြစ်သည်။

”အချစ်ကား ဟာသကားထက် ပညာပေး ဇာတ်လမ်းက ကိုယ်နဲ့ပိုပြီး လိုက်ဖက်တယ်။ သားသမီးကို စား သောပြိတ္တာမ ဆိုရင် ဒီနေ့ခေတ် အမျိုးသမီးတွေ သားသမီး မလိုချင် လို့ရတဲ့ ကိုယ်ဝန်ကို ဖျက်ချတာ၊ မွေးကင်စ ကလေးကို စွန့်တာ သတ်ပစ်တာ အဲဒီ ဝဋ်ကြီးပုံကို ပြချင်လို့ သရုပ်ဆောင်ခဲ့တယ်” ဟု သူမက ပြောသည်။

သရုပ်ဆောင်များ ထဲတွင် အာကာမြင့်အောင်သည် အများ အကျိုးဖြစ်စေမည့် ဘဝဇာတ်လမ်း များကိုသာ ရွေးချယ် ရိုက်ကူးလေ့ ရှိ နေသည်ကို သတိပြုမိသည်။

y4မရင်ရွှေရဲ့ ဘဝဇာတ်ကြောင်း

အာကာမြင့်အောင် ကို အဖ ဦးမောင်ဝင်း အမိဒေါ်အေးသန်း တို့ မှ ၁၉၇၆ ခုနှစ် တွင် မွေးဖွားခဲ့ပြီး မောင်နှမ သုံးယောက် အနက် တစ် ဦး တည်းသော သမီး ဖြစ်သည်။ နာမည် အရင်း မှာ ယုယုနိုင် ဖြစ်ပြီး အစ်ကို ကြီး ဖြစ်သူ မှာ ဇော်မြင့်နိုင်၊ မောင်ဖြစ်သူ မှာ ဇော်ကိုကိုနိုင် ဖြစ် သည်။ အာကာမြင့်အောင် သည် ဒါရိုက်တာ မဟာ နှင့် အကြောင်းပါ ပြီး သား တစ်ဦး ထွန်းကားခဲ့သည်။ သားဖြစ်သူမှာ ၂ တန်း အရွယ် သို့ ရောက် ရှိပြီ ဖြစ်သည်။ သူမသည် အနုပညာလောက ထဲကို ဘကြီး ဖြစ်သူ၏ ကူညီ မှု ကြောင့် ရောက်ရှိ လာခဲ့ပြီး ရုပ်ရှင် အစည်းအရုံးမှ ဖွင့်လှစ် သည့် သရုပ် ဆောင် သင်တန်းကို ၁/၉၈ ခုနှစ် တွင် တက်ရောက်ခဲ့သည်။

”ဘကြီး ကပြောတယ်။ အမျိုး ထဲမှာ နင်တစ်ယောက်ပဲ သင့်တင့် တဲ့ ရုပ်ရည် ရှိတယ် ဆိုတော့ မင်း သမီး လုပ်ပါလား ဆိုပြီး။ အဲဒါ နဲ့ဒီ လောက ထဲ ရောက်လာခဲ့တာပေါ့” ဟု သူမက ပြုံးကာပြောပြ ခဲ့သည်။

၁၉၉၈ ခုနှစ် အနုပညာ သင် တန်းကျောင်း မတက်ခင်ကတည်း ကပင် အခြား အနုပညာ လုပ်ငန်း များကို လုပ်ကိုင် ခဲ့သော်လည်း ပရိတ်သတ် များ ၏ အားပေးမှုကို မရရှိ ခဲ့ပေ။

အနုပညာ သင်တန်း ဆင်းပြီး နောက် နိုင်ငံတော် ဇာတ်ကားများ ရိုက်ကူးခဲ့သည့် အပြင် အခြားဗီဒီ ယိုကားများစွာ ကိုရိုက်ကူးခဲ့ရသော် လည်း အာကာမြင့်အောင် ဟူ၍ ဖြစ်မလာခဲ့ပေ။

မအောင်မြင်သည့် အနုပညာ လောကမှ နောက်ဆုတ်မည်ဟု သူမ ဆုံးဖြတ် လိုက်သည့် အချိန် မမျှော်လင့်ပဲ  ‘မရင်ရွှေ’ ဇာတ်ကား ကို လာရောက်ကမ်းလှမ်းခဲ့သည်။

ထိုဇာတ်ကားကို နောက်ဆုံး ရိုက်ကူးမည်ဟု သူမ ဆုံးဖြတ်ခဲ့ သည်။

”မရင်ရွှေကတော့ ကိုယ့်ရဲ့ အနုပညာ မှတ်တိုင်ပဲ။ အာကာမြင့် အောင်ရယ်လို့ ပရိသတ်တွေ စတင် လက်ခံလာတဲ့ ဇာတ်ကားပါ။ မရင် ရွှေဇာတ်ကား ရိုက်ပြီးတဲ့နောက် ခုချိန်ထိ မနားရတော့ပါဘူး” ဟု သူမက အောင်မြင်မှု လမ်းစ ရရှိခဲ့ပုံ ကို လေသံမြှင့် ကာ ပြောပြ ခဲ့သည်။
y3
နာမည်သုံးခုရှိသည့် မင်းသမီး

နေအလွန် ပူသည့်ကြားက အမိုးမလုံသောတဲ၊ အရိပ်မရှိသော ကွင်းလယ်ပြင်တွင် သူမက လုပ် ငန်းစရန် အဆင်သင့်။ နေရာက သန်လျင် မြို့နယ် အတွင်းရှိ ကျေး ရွာတစ်ရွာ၊ ရွာထဲတွင် ယောက်ျား က ဆိုက်ကားနင်း၊  သားနှင့်သမီးက အလုပ် မရှိသည့် ဆင်းရဲသည့် မိသား စု။ ထိုဆင်းရဲမှုဒဏ်မှ လွတ်မြောက် အောင် မိလုံး တစ်ယောက်အရက်ပုန်းဆိုင် ဖွင့်လိုက်သည်။ ဘုရား တရားရှိ သည့် ယောက်က္ခထီး က လက်မခံ။ သို့ကြောင့် ယောက်က္ခ ထီးကို ဘုန်းကြီးကျောင်း ပို့လိုက် သည်။  အရက်ပုန်းရောင်းကောင်း သဖြင့် စီးပွား အဆင်ပြေခါစ မိလုံး။

အရက်ပုန်း ရောင်းသဖြင့် တစ်ရွာလုံးက ကြည့်မရ။ မိလုံး အရက်ဆိုင်ကြောင့် မိမိတို့၏ သား များ၊ ခင်ပွန်းများ အရက်ကျေး ကျွန် ဖြစ် ရသည်ဟုစွပ်စွဲကာ မိလုံးကို မျက်မုန်းကျိုးကြသည်။

ဟောင်းနွမ်း စုတ်ပြတ်နေသည့် ထဘီအစား တစ်ပတ်နွမ်း ထဘီကို တိုတိုဝတ်ဆင်ကာ”ဟဲ့ ကောင်မ နင်ဘယ်သူ့ကို ပြောတာလဲ၊ နင့် လင်ကို ငါ့အရက်ဆိုင်မှာလာ သောက်ပါလို့ ငါ မခေါ်ဘူးနော်။  နင့်လင် ကိုယ်တိုင်က အရက်ကြိုက် လို အရက်သောက်တာ ကောင်မ ရဲ့” ဟူ၍ ရန်တွေ့သည့် ဇာတ်ဝင် ခန်းက ပီပြင်လှသည်။

ဟောင်းနွမ်းသော ဝတ်စား ဆင်ယင်မှု၊ မိတ်ကပ်မရှိ သောမျက် နှာပြင်က ဇာတ်ကောင်ကို ပို၍ ပီ ပြင်စေသည်။

”ကိုယ်ရိုက်တဲ့ ကာရိုက်တာနဲ့ အပြင်အဆင် ကလည်း ညီဦးမှ၊ မဟုတ်ရင် ပရိသတ်တွေက တိုက် ရိုက်ပြန်ပြောတာ” ဟုသူမ က ရေ တစ်ခွက်ကို မော့သောက်ကာ ပြောသည်။

ယောက်ျားသား တစ်ယောက် ကဲ့သို့ အထိုးအကြိတ် ကလည်း ကျွမ်းသေးသည်။ သိုင်းတတ် သလားဟု ဆိုပြန်တော့လည်း မတတ်ပါ။ အလုပ်က သင်ရင်း အ ထိုးအကြိတ်ရာတွင် ဆရာတစ်ဆူ ဖြစ်လာသည်။

မိမိကိုနောက်ပြောင် ကျီစယ် သော အမျိုးသား များကို လှလှပပ ပညာပေး ထိုးချလိုက်သည့် မြင် ကွင်းသည် မိန်းမသား တစ်ယောက် အဖို့ ခက်ခဲသည်ဟု ဆိုသော်လည်း သူမကိုယ်တိုင် ပေါ့ပါးစွာ သရုပ် ဆောင်သွားခဲ့သည်။

”အခုချိန်ထိ ကျွန်မပြန်ကြား နေရတဲ့ စကားအများဆုံး ထဲမှာ မိဘတွေက သားသမီးကို ဆိုဆုံးမ ရင် သူတို့စကား နားမထောင်ဘဲ မိဘ ကိုပြန်ပြောရင် မရင်ရွှေလို မြေမျိုမယ်နော် ဆိုပြီးတော့။ ပီတိ ဖြစ်ခဲ့ရတယ်။ ကျွန်မသရုပ်ဆောင် မှု တွေကြောင့် တစ်ပါးသူ အတွက် အသိတစ်ခု ဖြစ်သွားတာကို ကျေ နပ်တယ်”ဟု သူမက တစ်ချက်ပြုံး ကာ ပြောသည်။

ရိုက်ကူးရေးသို့ လာရောက် ကြည့်ရှုသော ကလေးငယ်များက သူမကို ကွက်ကြည့် ကွက်ကြည့်လုပ် ကာ အချင်းချင်း စနောက်ကြသည်။

”ဟေ့ကောင် ဟိုမှာတွေ့လား မရင်ရွှေ။ အဲဒီတော့ ဘာဖြစ်လဲ။ နင့်အမေကို ပြန်ပြောရင် တွေ့တယ် နော် မရင်ရွှင်လို မြေမျိုမှာ ငါတော့ ကြောက် တယ်”ဟု ပြောဆိုနေ သော ကလေးများကို သူမတစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ဝမ်းသာ အားရဖြင့် ”ယုယုနိုင်က မွေးမိခင်နဲ့ ဖခင်ကပေးတဲ့ နာမည် အရင်း၊ အာကာမြင့်အောင်က အနုပညာလုပ်ဖို့ နာမည်၊ မရင်ရွှေ ကတော့ ကလေးပါ မကျန် ချစ်ခင် တဲ့ပရိသတ်တွေ အသိအမှတ် ပြုခံရတဲ့ မမေ့နိုင်တဲ့ အရေးပါတဲ့ ကျွန်မရဲ့နာမည်ပါ။ အဲဒီတော့ ကျွန်မမှာ နာမည်သုံးခု ရှိတယ်” ဟုပြောသည်။

y5မရင်ရွှေရဲ့ စိုးရိမ်စိတ်

သူမ၏ ဇာတ်ကောင် များသည် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ လူကြီး သူမ ကိုများ စော်ကားမိုက် ရိုင်းပြုမူ ရသည့် ဇာတ်ကောင် စရိုက် အများစုပင်။ သို့သော် ထိုဇာတ် ကောင်စရိုက် များကြား အသက် ရှင် နေသည့် အာကာမြင့်အောင်၏ တီဗီဖန်သားပြင်မှ ဘဝနှင့် လက် တွေ့ ဘဝက အလွန်ကွာခြားလှ သည်။

”အဲဒီကားတွေ ရိုက်လွန်းလို့ အစ်မ ကံကြီးထိုက် မှာတောင် စိုး ရိမ် ရတယ်။ တစ်ခန်းရိုက်ရင် တစ်ခါ ဘုရား တရား သံဃာ မိဘ ဆရာ တွေကို ကန်တော့ ရတယ်။ ကိုယ်နဲ့ အတူ သရုပ်ဆောင်တဲ့ အမိအဖ အရွယ် သက်ကြီး ဝါကြီးတွေကို လည်း တစ်ဆင်း(န်)ရိုက် တစ်ခါ ကန်တော့ ရတယ်” ဟု သူမကလက် အုပ်ချီ မျက်စိမှိတ် တစ်ခုခု ကိုအာရုံ ပြုကာ ပြောသည်။

သူမ သရုပ်ဆောင် ရသည့် ဇာတ်ကောင် အများစုက ထူးခြား သည်။ တိရစ္ဆာန် များကို ချစ်ခင် သနား တတ်သည့် အာကာမြင့် အောင် ၏ မမေ့နိုင်သည့် ရိုက်ကွင်း ခံစားမှုတစ်ခု ရှိသေး သည်။ ထို ရိုက်ကွင်းက တိရစ္ဆာန်များကို ဖမ်း ဆီး သတ်ဖြတ် ပြီး ရောင်းစား သည့် အမျိုးသမီး တစ်ဦး။ ဘုရားပေါ် က စောင့်ရှောက် ထားသည့် မြွေကိုပင် မရှောင်။ အကုသိုလ် အကျိုး ကို ဘယ်လိုပြန်၍ ခံစားရမလဲ ဆိုသည့် မေးခွန်း ကိုတော့ ဖန် သားပြင် ထက် တွင် စောင့်မျှော် ကြည့်ရှုနိုင်ပါသည်။

”မြွေကြောက်ပေမယ့် လုပ်ရ တဲ့ ကာရိုက်တာတစ်ခု ပီပြင် အောင် မြွေ အကြီးကြီးလည်း ကိုင် ရတာပဲ။ ဒါကကျွန်မ ရွေးချယ်တဲ့ ဘဝပါ” ဟုအာကာမြင့်အောင်က နဖူးမှ ချွေးများကိုသုတ်ကာ ပြော သည်။

နေပူပူအောက်တွင် အဖွဲ့သား များကလည်း မနားတမ်း သူမနှင့် အတူ လှုပ်ရှားရသည်။ မင်းသားမ ပါသည့် ဈေးကွက်မို့သူများ ထက်ပို ကြိုးစားရသည်။ ရိုက်ကွင်းဘုရင်၏ ကတ်ဟူသော အသံကိုမကြားမချင်း အဖွဲ့သားများ အားလုံးမိမိ တာဝန် ကို သတိအပြည့်နှင့် ထမ်းဆောင်ရ သည်။

ကတ်ဟူသော အချက်ပေးသံ ကြားသည်နှင့် မီးထိုးမှန်ထိုး၊ စက် အဖွဲ့သားများပါမကျန် မင်းသမီး အပါအဝင် အရိပ်ရှိရာသို့ အပြေး အလွှား။

”အစ်မကားတွေက မင်းသား မပါတော့ ဈေးကွက်ဝင် တိုးရတာ ခက်တယ်။ ဒီမှာက မင်းသားဈေး ကွက်က ပထမဖြစ်နေတော့ အစ်မ တစ်ယောက်တည်း ရိုက်တဲ့ကား တွေမှာ အားလုံးက မပံ့ပိုးရင် ဘယ် လိုမှမ အောင်မြင်နိုင်ဘူး” ဟုသူမ က အဖွဲ့သားများကို လှမ်းကြည့် ကာ ပြောသည်။

ပီတီကိုစားသုံးသူ

နေအပူရှိန်အောက် လှုပ်ရှား ထိုးကြိတ်နေရသည့် သူမတွင် လိမ်းခြယ်ထားသော မိတ်ကပ်ပါး ကွက်ကြားများ ကပင် မညီမညာ ဖြစ် လို့နေသည်။ မညီညာဖြစ်သော မျက်နှာကို သူမသည် လျင်မြန်စွာ ခြယ်သကာ ဟိုနားဒီနားတို့ပြီး ”ရပြီ စမယ်ဟေ့” ဟုအသံပြုလိုက် သည်နှင့် အဖွဲ့သားများသည် လည်း ခိုနားရာ အရိပ်အောက်မှာ အလျှိုလျှို ထွက်လာသည်။

ဆယ်ကျော်သက် တစ်ဦး ကဲ့သို့ သူမလျင်မြန် ဖြတ်လတ်စွာ ထိုးကြိတ်ပြီးနောက် ဒိုင်ယာလော့ မှားပါကလည်း တစ်ဖွဲ့လုံး တဟား ဟားနှင့် ရယ်မောကာ ဝမ်း တူး သရီး အက်ရှင် ဟူသည့် အသံကြား လိုက်သည်နှင့် အားလုံး တိတ်ဆိတ် သွားပြန်သည်။ ထိုမြင်ကွင်းသည် လည်း ချစ်စရာ အလွန်ကောင်း သည်။

”အသိတစ်ယောက် က ပြန် ပြောတာပေါ့။ ဒဂုံဘက်မှာ အရက် သမား တစ်ယောက် ရှိတယ်၊ အမေ ကိုအရမ်းနိုင်တာ။ အရက်မူးပြီဆို မအေကို မအေမှန်း မသိတော့ဘူး။ အစ်မတို့ ရိုက်ထားတဲ့ အရက်သမား အကြောင်း ဇာတ်ကားကို ပြပြီးတဲ့ နောက်ပိုင်း လုံးဝအရက်ပြတ် သွားတယ် ပြောပြတော့ ပီတိဖြစ် တယ်” ဟု သူမက ပြောသည်။

စကားပြောရင်း သူမ၏ခြေ အစုံကို ငုံ့ကြည့်ကာ ”အစ်မက ကိုယ်တိုင် ဖိုက်တင် ချတော့ခြေ သန်းလေး ဆိုလည်း ကျိုးတယ်။ ဒူး လည်း ပြုတ်ဖူး တယ်။ ဒါပေမယ့် ဘယ်နေရာ သွားသွား ဘယ်ဇာတ် ကားကဘယ်လို၊ ဇာတ်ကောင်နာ မည် တွေနဲ့အစ်မ ကိုခေါ် ပြီး တော့ ပြောပြကြတာ။ အဲဒီတော့အမော တွေ ဒဏ်ရာတွေရတာ အစ်မတွက် ဘာမှ မဟုတ်တော့သလိုပဲ” ဟု သူမက ဆိုလာသည်။

ဒဏ်ရာရသော ခြေကို ဆေး လိမ်းရင်း သူမရှေ့တွင် ဆော့ ကစားနေသည့် သားဖြစ်သူကို လှမ်းကြည့် လိုက်သည်။

”သူလည်းအနုပညာ သိပ်ဝါ သနာပါတာ။ ပါလွန်းလို့ မနည်းဆူ ပြောထားရတယ်” ဟု ရယ်ကာ ပြောသည်။

အာကာမြင့်အောင်သည် တစ်လလျှင် ဇာတ်ကား ၂ ကား ပုံမှန် ရိုက်ကူးရပြီး တစ်ခါတစ်လေ သုံးကားထိ ရိုက်ကူးရသည်။

”အနုပညာကြေးကို စရိုက် တုန်းက ၂ သောင်းရဖူးတယ်။ အခု ဆယ်သိန်းလောက်တော့ ရတယ်။ အဝတ်အစားဖိုး၊ အစားအသောက် ခရီးစရိတ် နုတ်လိုက်ရင် မိသားစု အတွက် အဆင်ပြေတယ်။ အစ်မ ရဲ့ မိဘနှစ်ပါးလုံးက အစ်မနဲ့နေ တယ်။ သူတို့မြေးလေး ကိုလည်း ကြည့်ပေးတယ်။ သူတို့နဲ့ဆို အစ်မ အားလုံး စိတ်ချရတယ်” ဟု အာ ကာမြင့်အောင်က ပြောသည်။

y2မရင်ရွှေရဲ့ ပြင်ပဘဝ

ဇာတ်ကား ထဲတွင်တော့ မိဘ ကိုစော်ကားသည့် သမီးမိုက်၊ နှုတ် ကြမ်းသည့် မိန်းမ ဆိုး အဖြစ် ထင် ရှားသော်လည်း လက်တွေ့ပြင်ပ ဘဝတွင်တော့ မိဘပေါ် သိတတ် လွန်းသည့် သမီး တစ်ယောက်ဖြစ် သည်။

”မိဘ ဆိုတာက သားသမီးတွေ အတွက် အဖိုးကြီးတယ်။ မိဘတွေ ရှိလို့ သား သမီးတွေ လူဖြစ်လာ တာပါ”ဟု သူမက တိုးတိုးလေးဆို လာသည်။

သူမ ကိုယ်တိုင် အိမ်အမှုအ လုပ်ကို လုပ်ကိုင်သလို သားလေး မွေးဖွား လာချိန်တွင် လည်း က လေးအကူ လုံးဝ မထားဘဲ ကိုယ် တိုင် ပြုစု ပျိုးထောင် လာခဲ့ကြောင်း ဂုဏ်ယူ စွာဖြင့် ပြောပြခဲ့သည်။

”ကြက်မတွန်လို့ မိုးမလင်းဘူး ဆိုတဲ့ အဲဒီအယူအဆတွေက တစ် ဖက်သတ်ပါ။ မိန်းကလေးတွေ မှာ လည်း သူတို့လုပ်နိုင်တဲ့ အင်အားရှိ တယ်။ အစ်မ သရုပ်ဆောင် လုပ် တယ်။ ကလေး ဝေယျာဝစ္စတွေ လုပ်တယ်။ အိမ်မှု ကိစ္စတွေ လုပ် တယ်။ ယောက်ျား ရဲ့ အလုပ်သွား အလုပ်ပြန် အဲဒီ ကိစ္စတွေက အစ ကိုယ်တိုင်ပဲ လုပ်တယ်။ အစ်မ လူပို မခေါ်ဘူး။ အစ်မလုပ်မှ စိတ်ချတဲ့ စိတ်ကြောင့် ကိုယ်တိုင်ပဲ လုပ် တယ်” ဟု သူမက ပြောသည်။

ဗီဒီယို ဇာတ်ကားပေါင်းသုံး ရာကျော် ရိုက်ကူး ပြီးစီးခဲ့သော် လည်း ရုပ်ရှင်ရုံသို့ သူမသည်တစ်ခါ မှ မရောက်ခဲ့ဖူးကြောင်း၊ သူမ၏ ကာရိုက်တာ များကြောင့် ပရိသတ် များ၏ မေတ္တာပင် ရပါ့မလား စိုး ရိမ်ခဲ့ဖူးကြောင်း တိုးတိတ်စွာ ဆို လာသည်။

”မိန်းမသား တစ်ယောက်အ နေနဲ့ ဒီဈေးကွက်ကို ဝင်တိုးဖို့ဆိုတာ ထုတ်လုပ်သူရဲ့ ယုံကြည်မှု ကိုယ့် ရဲ့အားစိုက်မှုနဲ့ မလုံလောက်ဘူး။ အဓိကက ပရိသတ်တွေရဲ့အား ပေးမှု ဖြစ်တယ်။ ပရိသတ်တွေ အားပေးမယ်ဆိုရင်တော့ ရုပ်ရှင် ရုံကြီးရောက်တဲ့ အထိ ကြိုးစားချင် တယ်” ဟုသူမက သက်ပြင်းချကာ ပြောသည်။

အပြင်ဘက်တွင် နေကပူပြင်း တောက်လောင်နေဆဲ။ သို့သော် ကျင့်သားရနေ၍ ထင်သည်။ အာ ကာမြင့်အောင် တစ်ယောက် ကင် မရာရှေ့တွင် အိုက်တင် အပြည့်နှင့် ပင်။

နယ်ပရိသတ်များ၏ အားပေး မှုကို အခိုင်အမာ ရရှိထားသည့် အာကာမြင့်အောင် (မရင်ရွှေ) တစ်ယောက် သမ္မတရုံပေါ် ဘယ် အချိန်ကာလတွင်မှ တက်ခွင့်ရ မည်၊ ဘယ်လောက် စောင့်စားရ ဦးမည် သူမမသိ။

တစ်နေ့တာ သူမနှင့် ပြောခဲ့ သမျှ အကြောင်းများစွာထဲမှ  မရဲ တရဲ ဖွင့်ဟလာသည့် သူမ၏ တောင့် တမှုကတော့ ပရိသတ်များ၏ ချစ် ခြင်းမေတ္တာပင် ဖြစ်သည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*