နှစ် ၃ဝ နီးပါးရပ်ဆိုင်းထားသည့် တောင်သူလယ်သမားအာမခံ ပြန်စမည်

နှစ် ၃ဝ နီးပါးရပ်ဆိုင်းထားသည့် တောင်သူလယ်သမားအာမခံ ပြန်စမည်
March 22, 2017 Asian Fame

2:20 pm
နှစ် ၃ဝ နီးပါးရပ်ဆိုင်းထားသည့် တောင်သူလယ်သမားအာမခံ ပြန်စမည်

ဖြိုးထက်အောင်
ရန်ကုန်၊ မတ် ၂၁

နှစ်ပေါင်း ၃ဝ နီးပါး ရပ်ဆိုင်းထားသည့် တောင်သူလယ်သမားအာမခံကို မြန်မာ့အာမခံလုပ်ငန်းက ပြန်လည်ဆောင် ရွက်တော့မည်ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ဝင်းက ပြောသည်။

မြန်မာ့အာမခံလုပ်ငန်းမှ လာမည့် ဧပြီလဆန်းပိုင်းမှစတင်၍ တောင်သူလယ် သမားအာမခံဟူ၍ အာမခံတစ်ခုကို ထား ရှိပေးသွားမည်ဖြစ်ပြီး စုပေါင်းအသက် အာမခံပုံစံနှင့်ဆင်တူသည်။ အဆိုပါ အစီ အစဉ်ကို မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီ ၁၁ ခုတို့ ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။

”အိမ်ထောင်ဦးစီး တောင်သူလယ်သမားတစ်ဦး ကွယ်လွန်သွားခဲ့ရင် ကျန်ရစ် တဲ့သူတွေက ခြေမကိုင်မိလက်မကိုင်မိ ဖြစ်မယ်။ ဘာမှ ရင်းနှီးစားသောက်စရာ မရှိဘဲ ဖြစ်မှာစိုးလို့ သူ့အတွက် အသက် အာမခံ ဆောင်ရွက်ပေးခြင်း အားဖြင့် လျော်ကြေးနဲ့ အရင်းအနှီးအဖြစ် လုပ်ကိုင်ပြီး ရပ်တည်သွားနိုင်ဖို့အတွက်ပါ။ တောင် သူလယ်သမားအကျိုးအတွက် ပြန်လည်အကောင်အထည် ဖော်ရခြင်းဖြစ်ပါတယ်” ဟု ဦးခင်မောင်ဝင်းက ပြောသည်။

တောင်သူလယ်သမားအာမခံမှာ ၁၉၈ဝပြည့်နှစ်ကတည်းက ရှိခဲ့သည့် အာမခံအမျိုးအစားဖြစ်ရာ ထိုစဉ်က အာမခံ ကြေးကို ၁ဝကျပ်ဖြင့် ထားရှိနိုင်ပြီး တောင်သူလယ်သမားတစ်ဦး ဆုံးပါးသွားပါက ကျပ်တစ်ထောင် လျော်ကြေးငွေ ပေးခဲ့သည်။ ထို့နောက် ၁၉၈၉ ခုနှစ်တွင် တောင် သူလယ်သမားအစည်းအရုံး ဖျက်သိမ်း လိုက်သည့်အခါ ယင်းအာမခံကို ရပ်နားခဲ့ သည်။ ယခုအခါ အသက် ၆၅ နှစ် မကျော် သည့် သတ်မှတ်ချက်များနှင့် ကိုက်ညီ သော မည်သည့် တောင်သူလယ်သမား မဆို အာမခံထားရှိနိုင်ကြောင်း ၎င်းက ပြောသည်။ သို့သော်လည်း အာမခံကြေး မည်ရွေ့မည်မျှဆိုသည်နှင့် သတ်မှတ်ချက် များကိုမူ လတ်တလောမပြောနိုင်သေးဘဲ မတ်လအကုန်ပိုင်းတွင်မှ တရားဝင် ထုတ် ပြန်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဝင်း က ဆက်ပြောသည်။

”ဆေးလည်း စစ်စရာ မလိုဘူး။ ဘာမှ ကန့်သတ်ချက်မရှိဘူး။ ရောင်းလို့ ရှိရင်လည်း သက်ဆိုင်ရာ မြို့နယ်ခရိုင်တွေက အာမခံ ကိုယ်စားလှယ်တွေရှိပါတယ်။ သူ တို့ကတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းသွားပါမယ်” ဟု ၎င်းကပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ”အာမခံကို တကယ်ပဲ ဥပဒေနဲ့အညီ ထုတ်ပြန်ထားတဲ့ မူဝါဒတွေအတိုင်းတိတိကျကျ လယ်သမားတွေအပေါ် ရိုးသားစွာနဲ့ ဆောင်ရွက်ဖို့တော့ လိုပါမယ်။ အသက်အာမခံဆိုပြီးတော့ သေဆုံးသွားတဲ့အခါ အရင်တုန်းကမရခဲ့ ဘူး။ ဒါတွေ ကြုံတွေ့ခဲ့ရလို့ အဲဒီလိုမျိုး တော့ မဖြစ်စေချင်ဘူး” ဟုပြောသည်။ မြန်မာ့ အာမခံလုပ်ငန်းတွင် အာမခံလုပ်ငန်းအမျိုးအစားပေါင်း ၄၆ မျိုးခန့် ရှိပြီး ယမန်နှစ်ကကျပ် ၄၆ ဘီလျံဝင်ငွေရှိ ခဲ့ကြောင်း၊ ယင်းအထဲတွင် မီးအာမခံထားရှိမှုမှာ အများဆုံးဖြစ်ပြီး အသက်အာမခံထားရှိမှုမှာ အနည်းဆုံး ဖြစ်နေကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*