နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ဥပဒေပုဒ်မများကို အစိုးရ ပြန်လည် စိစစ်သင့်ကြောင်း AAPP အကြံပြု

နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ဥပဒေပုဒ်မများကို အစိုးရ ပြန်လည် စိစစ်သင့်ကြောင်း AAPP အကြံပြု
March 22, 2017 Asian Fame

5:36 pm
နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ဥပဒေပုဒ်မများကို အစိုးရ ပြန်လည် စိစစ်သင့်ကြောင်း AAPP အကြံပြု

မေဇင်ဝင်း
ရန်ကုန်၊ မတ် ၂ဝ

တိုင်းရင်းသားဒေသများတွင် နေထိုင်သူများသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်နွှယ်သည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးခံရလျက်ရှိသဖြင့် နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ဥပဒေပုဒ်မများကို အစိုးရကပြန်လည် စိစစ်သင့်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

AAPP မှ ထုတ်ပြန်သော ဖေဖော်ဝါရီလအတွက် နိုင်ငံရေး အကျဉ်းသားများ အခြေအနေပြ အစီရင်ခံစာအရ ဖေဖော်ဝါရီလအတွင်း ၉၂ ဦးဖမ်းဆီခံခဲ့ရပြီး ၎င်းတို့ထဲမှ ၉ဝ ဦးသည် တိုင်းရင်းသားများဖြစ်ကြောင်း၊ အများစုမှာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့်ဖမ်းဆီးခံရခြင်းဖြစ်ရာ အစိုးရအနေဖြင့် နိုင်ငံရေးနှင့် ပတ် သက်ဆက်နွှယ်နေသောပုဒ်မများကို ပယ်ဖျက်သင့်သည်ကို ပယ်ဖျက် ကာ ပြင်ဆင်သင့်သည်ကိုပြင်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်တော့ ပုဒ်မ ၅ (ည) (အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ)ကိုပယ်ဖျက်ခဲ့တယ်၊ အဲလိုပဲ ပုဒ်မ ၁၇/၁ တို့၊ ပုဒ်မ ၅ဝ၅(ခ) တို့၊ ငြိမ်းစုစီအက်ဥပဒေ ပုဒ်မတို့နဲ့ ပတ် သက်ပြီး စိစစ်ဖို့လိုပါတယ်။ အဓိကအားဖြင့် ၁၇/၁ ၊ ၁၇/၂ ပေါ့ဗျာ။အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ကြိုးစား နေချိန်မှာ ဒီလိုပုဒ်မတွေဟာ လိုသေးရဲ့လားလို့ ပြန်လည်သုံး သပ်သင့်ပါတယ်” ဟု ၎င်းကပြောသည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မူဆယ်မြို့နယ်တရားရုံးမှ ကချင် ပြည်နယ်၊ မုံးကိုးမြို့နယ်မှ သင်းအုပ်ဆရာနှစ်ဦးဖြစ်သည့် ဦးဒွယ်ဒေါ့ နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့အား မတရားအသင်းအက် ဥပဒေ၊ ပုဒ်မ၁၇/၁ ဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ ထိုတရားစွဲဆိုမှုများသည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြားရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်လျက်ရှိကြောင်း AAPP ကထုတ်ပြန်သည်။

ဖေဖော်ဝါရီလကုန်အထိ စာရင်းအရ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးလှုပ်ရှားမှများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၉၂ ဦးရှိနေ ပြီး ထိုထဲတွင်နိုင်ငံရေးအကျဉ်းသား ၈၆ ဦးအကျဉ်းကျခံနေရကြောင်း၊ တက်ြ<ွကလှုပ်ရှားသူ ၈၅ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရကာ ၁၂၁ ဦးသည် ထောင်ပြင်မှ တရားရင်ဆိုင်နေရကြောင်း AAPP မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*