နိုင်ငံတော်သီချင်းဆိုပြီးတိုင်း ‘ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု’ ဆိုသည့် စာသား မဖြစ်မနေထည့်သွင်းရန် ကလေးလွှတ်တော်အမတ် လိုလားနေ

နိုင်ငံတော်သီချင်းဆိုပြီးတိုင်း ‘ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု’ ဆိုသည့် စာသား မဖြစ်မနေထည့်သွင်းရန် ကလေးလွှတ်တော်အမတ် လိုလားနေ
March 22, 2017 Asian Fame

2:52 pm
နိုင်ငံတော်သီချင်းဆိုပြီးတိုင်း ‘ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု’ ဆိုသည့် စာသား မဖြစ်မနေထည့်သွင်းရန် ကလေးလွှတ်တော်အမတ် လိုလားနေ

PNews
စစ်ကိုင်း၊ မတ် ၂၁

နိုင်ငံတော်သီချင်း ပြီးဆုံးလျှင် ‘ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု’ ဆိုသည့် စာသားအား မဖြစ်မနေ ထည့်သွင်းပေးရန် အစီအစဉ် ရှိ/မရှိ စစ်ကိုင်း NLD လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဒေါ်သန့်ဝေကျော်က သက်ဆိုင်ရာကို တိုင်းလွှတ်တော်မှတစ်ဆင့် မေးခွန်း မေးခဲ့သည်။ ၎င်းက ”လွှတ်တော်ကိုယ်စားလှယ် မဖြစ်ခင်ကတည်းက ဒါကို လုပ်ချင်နေတာ။ ခု ဆောင်ရွက်ခွင့်ရပြီ” ဟု ပြောသည်။ တိုင်းအစိုးရက ကလေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်း လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို ဗဟိုအစိုးရအဖွဲ့ထံသို့ တင်ပြပေးမည်ဟု အဖြေပေးခဲ့သည်။

သူမက ထိုမေးခွန်းမေးရခြင်းမှာ နိုင်ငံတော်သီချင်းဆိုကြသည့် အခမ်းအနားတိုင်းတွင် ယင်းစကားမပါသည်မှာ ကြာနေ၍ ဖြစ်သည် ဟု ပြောပြသည်။တိုင်းအတွင်းမှ စာသင်ကျောင်းများ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ နိုင်ငံတော်အလံကိုအလေးပြုသည့် အခမ်းအနားများတို့တွင် ထိုစကား ထည့်သွင်းစေဖို့သာ မေးခွန်းမေးသည်ဖြစ်၍ ဗဟိုအစိုးရနှင့် တိုင်ပင်ရန်မလိုဘဲ ဆောင်ရွက်ပေးစေချင်ကြောင်း၊ သို့သော်လည်း ဗဟိုအစိုးရထံတင်ပြပေးမည်ဟု လူမှုရေးဝန်ကြီးက ဖြေခဲ့သည့် အဖြေအပေါ်အားရမှု အပြည့်အဝ မရှိခဲ့ဟု ဆက်ပြောသည်။ နန်းယွန်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ထိုစာသားကွယ်ပျောက်နေသည်မှာ ကြာနေ၍ မေးသင့်သည့်မေးခွန်းဟူ၍ ထောက်ခံခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*