မြန်အောင်မြို့နယ်တွင် ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးခံရ

မြန်အောင်မြို့နယ်တွင် ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးခံရ
March 22, 2017 Asian Fame

1:50 pm
မြန်အောင်မြို့နယ်တွင် ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးခံရ

လင်းဟိန်း
ရန်ကုန်၊ မတ် ၂၁

မြန်အောင်မြို့နယ်အတွင်း ၂ဝ၁၆ ခုနှစ်အတွင်းက တည်ထားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖျက်ဆီးခံလိုက်ရကြောင်း မြန်အောင်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင် လတ်ကပြောသည်။

မြန်အောင်မြို့နယ် တာခွကျေးရွာရှိ ဗိုလ်ချုပ်ရုပ်တုကို ယင်းရွာအနီးရှိ ပန်းထိန်ကုန်းကျေးရွာမှ စိတ်မနှံ့သူတစ်ဦးက ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ဦးခင်မောင်လတ်က ”သူက ပထမတစ်ခေါက် ရောက်လာတယ်။ ပြီးရင်ပြန်သွားတယ်။ ခဏနေတာနဲ့ တစ်တောင်လောက်ရှိတဲ့ သံတုတ်ပိုင်းတစ်ခုနဲ့ ပြန်ရောက်လာပြီး ဖျက်ဆီးခဲ့တာ” ဟုပြောသည်။ အဆိုပါ ဗိုလ်ချုပ်ရုပ်တုအား ဖျက်ဆီးသူကို လက်ရှိတွင် မြန်အောင်မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုဖွင့်ထား ခြင်းမရှိသေးကြောင်း ရဲစခန်းမှတာ ဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

ယင်းဖျက်ဆီးသူသည် အသက် ၃ဝ ကျော်ခန့်အရွယ် ရှိပြီး စိတ်မနှံသူတစ်ဦးဖြစ်ကြောင်း ၎င်း၏မိဘများက ပြောသည်ဟု ဦးခင် မောင်လတ်က ပြောသည်။”စိတ်မနှံ့ဘူးလို့ပြောတယ်။ သူဟာ အရင်လည်း အဲလိုပဲလမ်း မှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေကို ဖျက်ဆီးတာတွေ ရှိခဲ့တယ်လို့ပြော ကြတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ ဖျက်ဆီးခံလိုက်ရသည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုမှာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်းက ဧရာဝတီတိုင်းအစိုးရအဖွဲ့က လာရောက်ဖွင့်လှစ်ပေးခဲ့သည့် ရုပ် တုဖြစ်ကြောင်း ၎င်းကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*