မြန်မာ့ရုပ်ရှင်မှာ ဇာတ်ညွှန်းက အရေးမပါဘူး ထင်ရင် ရုပ်ရှင် အစည်းအရုံးမှာ ဇာတ်ညွှန်းအလွှာ မထားပါနဲ့တော့လို့ အကြံပေးပါရစေ

မြန်မာ့ရုပ်ရှင်မှာ ဇာတ်ညွှန်းက အရေးမပါဘူး ထင်ရင် ရုပ်ရှင် အစည်းအရုံးမှာ ဇာတ်ညွှန်းအလွှာ မထားပါနဲ့တော့လို့ အကြံပေးပါရစေ
March 22, 2017 Asian Fame

5:25 pm
မြန်မာ့ရုပ်ရှင်မှာ ဇာတ်ညွှန်းက အရေးမပါဘူး ထင်ရင် ရုပ်ရှင် အစည်းအရုံးမှာ ဇာတ်ညွှန်းအလွှာ မထားပါနဲ့တော့လို့ အကြံပေးပါရစေ

scriptအကယ်ဒမီပေးပွဲ ကို နှစ်စဉ် အစိုးရကသာ ဦးစီးပြုလုပ်ခဲ့ပြီး ထူးချွန်ဆုများ ရွေးချယ် ပေးအပ်ခဲ့သော်လည်း ၂ဝ၁၃ ခုနှစ်မှစ ၍   မြန် မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး က ဦးစီးဆောင်ရွက်ခဲ့သည်။ အကယ်ဒမီ ထူးချွန်ဆု များကို စိစစ်ရွေးချယ်ရာ တွင်လည်း ရုပ်ရှင်၊ စာပေ၊ ဂီတ နယ်ပယ် မှ အတတ်ပညာရှင် အသီးသီးက ဦးစီးရွေးချယ်ခဲ့သည်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဦးစီးပြု လုပ်သော အကယ် ဒမီ ပေးပွဲ နှင့်ပတ်သက်၍ နှစ်စဉ် ဝေဖန်မှုများ ရှိခဲ့သည်။ ၂ဝ၁၅ ခုနှစ် အကယ်ဒမီ ပေးပွဲတွင် ဇာတ်ညွှန်းဆု ကို ပေးအပ်ခဲ့ခြင်း မရှိသလို ၂ဝ၁၆  အကယ်ဒမီ ထူးချွန်ဆု များတွင်လည်း ဇာတ်ညွှန်းဆုကို ချီးမြှင့်ခဲ့ခြင်းမရှိ၍ ဝေဖန်မှုများ ရှိခဲ့သည်။ ထို့ကြောင့်  ၂ နှစ်ဆက်တိုက် ဇာတ်ညွှန်းဆု ချီးမြှင့်ခဲ့ခြင်း မရှိသည့် အပေါ် ဇာတ်ညွှန်းပညာရှင် များနှင့် တွေ့ဆုံမေးမြန်းဖော်ပြ လိုက်ပါသည်။

မင်းညီ

တကယ်ဆို တစ်ခုခုတော့ ဇာတ် ညွှန်း အကယ်ဒမီ စည်းမျဉ်းပြောင်း လဲသင့်ပါတယ်။ သူများတွေရပြီး တကယ် ပခုံးနဲ့ထမ်းရတဲ့ လူတွေက မရတာ။ ကျွန်တော်တို့ ဇာတ်ညွှန်း ရေးသူတွေ နေရာမှာ ခံစားပေးကြ ပါဗျာ။ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေ က အရုပ်နဲ့ ပျော်နေချိန်မှာ အဓိက ရင်ဘတ်နဲ့ ရင်းတဲ့သူတွေ ဘယ်လို စိတ်ရှိနေမလဲ  ကိုယ်ချင်းစာပေးပါ ဇာတ်ညွှန်းသမား ဘဝကို။ အကယ် ဒမီမှာ အသံဆုနဲ့ ဂီတဆုတောင်ခွဲ ပေးထားတယ်။ ၂ဆုရတယ်။ ဒါ ရိုက်တာ နဲ့ဇာတ်ညွှန်းက လင်မယား တွေလေ။ လင်ကိုပေးပြီး မယားကို ကျတော့ ဘာလို့ပစ်ထားကြတာလဲ။ ‘ဝိ’ကို အသိအမှတ်ပြုရင် ‘ဝ’ကို ရော အသိအမှတ် မပြုသင့်ဘူးလား။ ဇာတ်ညွှန်း မကောင်းဘဲနဲ့ ဘယ်ဒါ ရိုက်တာက ရိုက်လို့ရမလဲ။ ဘယ် သရုပ်ဆောင်က အမူအရာ လုပ်လို့ ရမလဲ။ အကဲဖြတ်ဆရာတွေ ထဲက ဇာတ်ညွှန်းဆရာတွေ မပြောကြဘူး လားဗျာ။ မနှစ်ကလည်းဆု အများ ကြီးရအောင် ညွှန်ကြားတဲ့ ဒါရိုက် တာဇေပါ ဆုမရဘူး။  ဒီနှစ်လည်း ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊  ဇာတ်ဆောင်ဆုရတဲ့ ကားက ဇာတ် ညွှန်းရေးဆရာကို မပေးဘူး။ဇာတ် ညွှန်းရေးသမား မပါဘဲ ရုပ်ရှင်ရိုက် ပြကြ ပါ။ မြန်မာ့ ရုပ်ရှင်မှာ ဇာတ်ညွှန်း က အရေးမပါဘူး ထင်ရင် ရုပ်ရှင် အစည်းအရုံးမှာ ဇာတ်ညွှန်း အလွှာ မထားပါနဲ့တော့လို့ အကြံပေး ပါရ စေ။ ခံဘက်က ဆိုရင် ဇာတ်ပို့သမား တွေနဲ့ဇာတ်ညွှန်းတွေပါပဲ။ တကယ့် တကယ် ရှုတင်မှာ ဆိုရင်လည်း ပိုက် ဆံအနည်းဆုံး ရကြတယ်။ နောက် နှစ် အကယ်ဒမီဘုတ်အဖွဲ့တွေ စည်းမျဉ်း အသစ်လေးနဲ့ သေသေ ချာချာလေးတော့ လုပ်ကြပါဗျား။

ဆူးခက်မင်း

သတင်းကြားတာကတော့ ဇာတ် ညွှန်းကိုသူတို့ဆီတင်ရင် စာအုပ်ပါ တင်ရမယ် လို့ကြားတယ်။ စာအုပ်နဲ့ တကွ မတင်ရင် အကျုံးမဝင်ဘူး။ သူတို့ချမှတ်ထားတဲ့ စည်းကမ်းချက် တွေ မူဝါဒတွေ မကိုက်ညီရင် မပေး ဘူးကြားတယ်။ ဒါပေမယ့် ဘယ်လို ပဲဖြစ်ဖြစ် အသံ နဲ့ပတ်သက်ပြီးတော့ အသံဆု ဂီတဆု နှစ်ဆုတောင် ပေး တယ်လေ။ အဲဒီ အသံဆုတွေ၊ ဂီတ ဆုတွေ အကယ်ဒမီစာရင်း တင်တဲ့ အခါ သူတို့ တီးထားတဲ့ နုတ်တွေကို ရော တင်ရလို့လား မေးချင်တယ်။ အသံပိုင်းဆိုင်ရာ ဆိုတာ ရုပ်ရှင်အ နောက်မှာ ပါတဲ့ကိစ္စ။ ဇာတ်ညွှန်း ဆိုတာရုပ်ရှင် အရှေ့ မရိုက်ကူးခင် ကတည်းက ပါတဲ့ကိစ္စ။ အစ်ကိုတို့ ဇာတ်ညွှန်းက Pre-production  မှာပါတယ် ။ ဇာတ်ညွှန်းက ကနဦး ပါတယ်။ ဇာတ်ညွှန်းကို ဒါရိုက်တာ တွေက သရုပ်ဆောင် အသီးသီးတွေ က ကိုင်ပြီးတော့ ရိုက်ကူး ခဲ့ရတယ်။ အခု အစည်းအရုံး လုပ်တဲ့အခါမှာ ဆုမပေးတာ ၂ နှစ် ဆက်တိုက်ဆို တော့ ကနဦးက တည်းကပါတဲ့ ဇာတ်ညွှန်းကို ဖျောက်ဖျက်ချင်တာ လား။ ဖျောက်ဖျက် လို့ရတဲ့ အရာ လည်းမဟုတ်ဘူး။ ဇာတ်ညွှန်းမပါ ဘဲ ရုပ်ရှင်ရိုက်ကြတော့ မှာလား။ ဇာတ်ညွှန်း အဆင့် မမီဘူးဆိုရင်  ဇာတ်ကားဆု ကိုလည်း မပေးနဲ့။ ရှင်းရှင်းလေးပဲ။ ဇာတ်ကားဆု ရပြီ ဆိုကတည်းက ဒီဇာတ်ကားကို ဇာတ်ညွှန်းကနေတစ်ဆင့် အသက် ဝင်တာ။ ဇာတ်ကား ၃၃ ကားမှာ ဇာတ်ညွှန်းအဆင့်မီတဲ့ကား တစ် ကားမှ မရှိတော့ဘူးလား။ ဇာတ် ညွှန်းဆရာတွေ အဲသလောက် တာင် အဆင့် မမီတော့ဘူးလား။ အရာမဝင်တော့ဘူးလား။ ဇာတ် ညွှန်း မကောင်းရင် ဘာဖြစ်လို့ ဇာတ်ညွှန်းနဲ့ ဆက်နွှယ်ပတ်သက် တဲ့ဆုတွေ ကရတာလဲ။ မပေးချင် လို့ အရုပ်တွေကိုပြန်သိမ်းတာလား။ ဂုဏ်ပြုထိုက်တဲ့ ပညာရှင်ကို ထိုက် ထိုက်တန်တန် ဂုဏ်ပြုပေးတာကို တော့ လိုချင်တယ်။

ထူးနွယ်အိမ်

ဆုတွေပေးတဲ့နေရာမှာ ဘယ် ဆုကိုမှ ချန်လှပ် မထားစေချင်ပါ ဘူး။ ပိုထပ်တိုးပေးသင့်တဲ့ ဆုတွေတောင်ရှိပါတယ်။ Oscar  ပေးပွဲ မှာ တောင် Original Screenplay နဲ့ Adapted Screenplay ဆိုပြီးနှစ် မျိုးပေးပါတယ်။ ဇာတ်ကားတွေ ရိုက်ရင် ဝတ္ထုတွေ ဇာတ် လမ်းတွေ ဝယ်ရိုက်ကြရပါတယ်။ Original Screenplay က မူရင်းဝတ္ထုထဲက ဇာတ်ညွှန်းပါ။ Adapted Screen-play  ကတော့ ပြန်လည် ရေးသားတဲ့ ဇာတ်ညွှန်းပါ။ ဇာတ်ညွှန်းဆုဆို တာ ချန်လှပ် မထားသင့်တဲ့ အပြင် ဇာတ်လမ်းဆုကိုပါ ပေးသင့်နေပါ ပြီ။ ရိုက်တုန်း ကတော့ ဝတ္ထုတွေ ဇာတ်လမ်းတွေ ဝယ်ရိုက်၊ ဆုပေး တော့ကျ ဒါစာပေနဲ့သက်ဆိုင်တယ် လို့ တွေးမိလို့ များလား။ သူတို့ ဇာတ် လမ်းတွေ သူတို့ ဇာတ်ညွှန်း တွေကြောင့် ဇာတ်ကားကောင်း တစ်ကားဖြစ်ခဲ့ရင် ဘယ်လို တိုင်း တာချက်တွေနဲ့ သူတို့ကို အဆင့်မမီ ဘူးလို့ သတ်မှတ်သလဲ။ နောက် တစ်ခု  လက်တွေ့ဘဝ မှာတောင် ကိုယ့်ကိုယ်ကိုယ် ဇာတ်လိုက်လို့ သတ်မှတ်ရင်ကိုယ့်ဘဝထဲမှာ ဇာတ် ပို့တွေ အများကြီး ရှိပါတယ်။ ကိုယ့် ကို ခွန်အားတွေ ဖြစ်အောင် အား ပေးပံ့ပိုးသူတွေ ကိုယ့်ကို ဘဝသင် ခန်းစာတွေပေးတဲ့ ဗီလိန်တွေရှိပါ တယ်။ ဇာတ်ကား တစ်ကားမှာ လည်း ဇာတ်ဆောင်ကောင်းဖို့ ပို့ ပေးရတဲ့ ဇာတ်ပို့ဟာလည်း အင်မ တန် အရေးပါပါတယ်။ ဒါ့ကြောင့် ဘယ်ဆုကိုမှ ချန်လှပ် မထားသင့် တဲ့အပြင် ခေတ်နဲ့အညီ ထပ်တိုး ပေးသင့်တဲ့ ဆုတွေပါ ရှိနေတယ် လို့မြင်မိပါတယ်။ ဇာတ်ဝင်တေး သီချင်းဆုတွေလည်း ပေးသင့်နေပါ ပြီ။ ဇာတ်ကားရဲ့ Tampo ရုပ်လုံး ကြွအောင် ဇာတ်ဝင်တေး သီချင်း တွေ ဝယ်ထည့် ကြပါတယ်။ ဒါကို လည်းမေ့ထား လို့မရပါဘူး။ နောင် တစ်ချိန် နည်းပညာတွေ မြင့်မားလာ လို့ Visual Effect တွေ Animation တွေ အပြိုင်အဆိုင် ရိုက်လာ ကြတဲ့ ခေတ်တစ်ခုကို   ရောက်လာ ခဲ့ရင်လည်း ဒီတိုးတက်လာမှု အ ပေါ် ကြိုဆိုတဲ့ အနေနဲ့ အဲဒီနေရာ အတွက် ဆုတစ်ဆု ကတော့ရှိနေ ရတော့မှာပါ။ အမေစုရဲ့သဝဏ် လွှာမှာလည်း နိုင်ငံတကာ အဆင့် မီဖို့ဆိုတဲ့စကား ပါပါတယ်။ နိုင်ငံ တကာမှာ ဘယ်လို သတ်မှတ်ပြီးပေး လဲ။ ပရိသတ်ရဲ့ Vote၊ မီဒီယာတွေ ရဲ့ အကဲဖြတ်မှုတွေကိုရော ထည့် တွက်ကြ သလား ဆိုတာလေးတွေ လေ့လာစေချင်ပါတယ်။ အနုပညာ ကို အကဲဖြတ်တဲ့ နေရာမှာ လူမျိုး ရေး ခွဲခြားမှုတွေလည်း နိုင်ငံတကာ မှာမရှိတော့ပါဘူး။ ဘယ်နိုင်ငံက လူ၊ ဘာလူမျိုးပဲဖြစ်ဖြစ် မြန်မာ့ ရုပ်ရှင် ကားကောင်း တစ်ကားဖြစ်ဖို့ သူပါဝင် အားဖြည့်ထားတယ် ဆိုရင် အနုပညာကို ပေးတဲ့ဆုဖြစ်တဲ့ အတွက် အနုပညာကောင်းရင် ပေး ကို ပေးရမှာပါ။ ဒါကတော့ တစ် နေ့ညက ကျင်းပတဲ့ ပွဲတစ်ခုတည်း နဲ့ မဆိုင်ပါ။ အရှေ့အရှေ့ကပွဲတွေ အားလုံး အပါအဝင် ခြုံပြောတာပါ။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*