လာမည့် ဘဏ္ဍာနှစ်တွင် လှည်းကူးမြို့နယ်၏ လယ်ယာကဏ္ဍအတွက် ဘတ်ဂျက်ချထားမှု များပြားနေခြင်းမှာ ပုဂ္ဂိုလ်ရေး ဦးစားပေးမှုကြောင့် မဟုတ်ဟု တိုင်းအစိုးရပြော

လာမည့် ဘဏ္ဍာနှစ်တွင် လှည်းကူးမြို့နယ်၏ လယ်ယာကဏ္ဍအတွက် ဘတ်ဂျက်ချထားမှု များပြားနေခြင်းမှာ ပုဂ္ဂိုလ်ရေး ဦးစားပေးမှုကြောင့် မဟုတ်ဟု တိုင်းအစိုးရပြော
March 22, 2017 Asian Fame

2:49 pm
လာမည့် ဘဏ္ဍာနှစ်တွင် လှည်းကူးမြို့နယ်၏ လယ်ယာကဏ္ဍအတွက် ဘတ်ဂျက်ချထားမှု များပြားနေခြင်းမှာ ပုဂ္ဂိုလ်ရေး ဦးစားပေးမှုကြောင့် မဟုတ်ဟု တိုင်းအစိုးရပြော

PHA

ဖြိုးထက်အောင်
ရန်ကုန်၊ မတ် ၂၁

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဲဆန္ဒနယ်ဖြစ်သော လှည်းကူးမြို့နယ်တွင် လာမည့် ဘဏ္ဍာနှစ် လယ်ယာကဏ္ဍအတွက် ဘတ်ဂျက်ချထားမှု များ ပြားနေခြင်းမှာ လိုအပ်ချက်အရသာဖြစ်ပြီး ပုဂ္ဂိုလ်ရေးဦးစားပေးမှု ကြောင့်မဟုတ်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပေါ်ပြူလာနယူးစ် သို့ ပြောသည်။

လာမည့် ဘတ်ဂျက်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၏ လယ်ယာကဏ္ဍအတွက် ချထားပေးမည့် မြို့နယ်များအနက် လှည်းကူး မြို့နယ်မှာ ဘတ်ဂျက်ရရှိမှု အများ ဆုံးဖြစ်နေသည်ဟု လတ်တလော သတင်း ထွက်ပေါ်နေမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်သောင်းက ထိုသို့ ပြောကြား ခြင်းဖြစ်ပြီး ၎င်းကိုလွှတ်တော်တွင် အကျေအလည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

”အကြောင်းကြောင်းတွေ အ များကြီးရှိပါတယ်။ အကြောင်းမရှိဘဲနဲ့တော့ သက်သက်မဲ့ပုဂ္ဂိုလ်ရေးကြောင့်တော့ ဘယ်သူ့ဘယ်သူကိုမှ ဦးစားမပေးပါဘူး။ လိုအပ်ချက် အရသာဖြစ်ပါတယ်” ဟု ဦးမြင့်သောင်းက ပြောသည်။ သို့သော်လည်း အဆိုပါ ဘတ်ဂျက်ကိစ္စမှာ လွှတ်တော်ကိုယ်စားလှယ်များနှင့်သာ ဆွေးနွေးရသေးသည့် အတွင်းစည်း ဆွေးနွေးချက် ဖြစ်ပြီး လွှတ်တော်၌ အကျေအလည် ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး၏ စည်ပင်သာယာ နယ်နိမိတ်ပြင်ပ မြို့နယ်များအတွက် လယ်ယာမြေ ဧကများဖော်ထုတ်ရန် ဘတ်ဂျက်ချ ထားမှု၌ လှည်းကူးမြို့နယ်မှာ ဧက ၁၅၅၅ ဒသမ ၂၉ ဖော်ထုတ်ရန် ဘတ်ဂျက်ထဲမှ ၄ဝ ဒသမ ၈၁ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ¤င်း၏လူမှုကွန် ရက်စာမျက်နှာတွင် မတ်လ ၁၇ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။ ”ဝေဖန်မှုတွေကတော့ ရှိတာပေါ့ဗျာ။ ဝန်ကြီးချုပ်မြို့နယ်ဖြစ်လို့ ဆိုပြီးတော့။ ဒါပေမယ့် လိုအပ် ချက် ကြီးမားနေလို့ ပိုပြီး လုပ်ပေး တာလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ လေ။ ဘာကြောင့်လဲဆိုတော့ စည် ပင်သာယာ နယ်နိမိတ်မြို့နယ် တွေ ကျတော့လည်း စည်ပင်က ရတာကိုး။ စည်ပင်ပြင်ပ မြို့နယ် တွေထဲမှာတော့ လှည်းကူးက ဖွံ့  ဖြိုးမှု နည်းနေတဲ့သဘောလည်း ရှိချင် ရှိမှာပေါ့ ။ အဲဒါကြောင့် ညီ မျှမှု ရှိအောင်လို့  နည်းနည်းလေး ဇောင်းပေးလိုက်တာလည်း ဖြစ်နိုင် ပါတယ်။ တိုက်ဆိုင်မှု ဖြစ်နိုင်ပါတယ်” ဟု တိုက်ကြီးမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင် စိုးမင်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂ဝ ရက် နေ့က ”၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသ န္တရစီမံကိန်းဥပေဒေကြမ်း” ကို စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ရန် ကုန်တိုင်းလွှတ်တော်သို့ တင်သွင်းခဲ့သည်။ ယင်းဥပဒေကြမ်းတွင် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ၂၇၈ ဒသမ ၄၅၇ ဘီလျံ သုံးစွဲရန် လျာထားကြောင်း ဖော်ပြထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*