ရန်ကုန် စာအုပ်လမ်း ယာယီပိတ်ပွဲ အခမ်းအနားကို ဧပြီလဆန်းတွင် ပြုလုပ်မည်

ရန်ကုန် စာအုပ်လမ်း ယာယီပိတ်ပွဲ အခမ်းအနားကို ဧပြီလဆန်းတွင် ပြုလုပ်မည်
March 22, 2017 Asian Fame

10:52 am
ရန်ကုန် စာအုပ်လမ်း ယာယီပိတ်ပွဲ အခမ်းအနားကို ဧပြီလဆန်းတွင် ပြုလုပ်မည်

(ရန်ကုန်၊ မတ် ၁၇)

ရန်ကုန် စာအုပ်လမ်း ယာယီ ပိတ်ပွဲအား ဧပြီလဆန်းပိုင်းတွင် ပြုလုပ် သွားမည်ဖြစ်ပြီး မိုးရာသီ အကုန်ဖြစ်သည့် နိုဝင်ဘာလခန့် တွင် ပြန်လည် ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။

အဆိုပါ စာအုပ်လမ်းကို မြန် မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်ကာ ပြန်ကြားရေး ဝန်ကြီး ဌာန၏ ဦးဆောင် မှုဖြင့် မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းက ဦးစီးဖွင့်လှစ်ပြီး ဇန်န ဝါရီ ၇ ရက်မှစတင်ကာ သိမ်ဖြူ လမ်းရှိ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ် စက်ရုံရှေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယင်းစာ အုပ်လမ်းအား ပွင့်လင်းရာသီကာလ တစ်လျှောက် တွင်သာ ဖွင့်လှစ်ရန် ဖြစ်သောကြောင့် ဧပြီလဆန်းတွင် စာအုပ်လမ်းယာယီ ပိတ်ပွဲ အခမ်း အနား ကျင်းပ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းမှ အတွင်းရေး မှူး ဦးမြင့်ထွန်းက ပြောသည်။

”ဧပြီ ၁ ရက်နဲ့ ၂ ရက်မှာ ပိတ် ပွဲလုပ်သွားမယ်။ မိုးရာသီ နောက် ပိုင်း အောက်တိုဘာလကုန် နိုဝင် ဘာလဆန်းလောက်မှာ ပြန်စဖို့ လျာထားပါတယ်။ အဓိကကတော့ မိုးတွင်းကာလ ရောက်တော့မှာ ဖြစ် တဲ့အတွက် အဲ့ဒီမှာ မိုးကာထားမယ့် ထီးတွေနဲ့ စာအုပ်တွေက ရာသီ ဥတုဒဏ် ခံနိုင်ဖို့သိပ် မလွယ်ဘူး။ အဲ့ဒါကြောင့် ဒါကို ပိတ်လိုက်တာ ပါ။ အမိုးအကာ ကလည်း အသေ လုပ်ခွင့် ရမထားဘူးလေ။ ဒီထီး တွေက ရာသီဥတု ဒဏ်ကို ဘယ်လို မှ အကာအကွယ် မဖြစ်နိုင်ဘူး။ အဲ့ ဒါကြောင့် ယာယီ ပိတ်လိုက်တာပါ။ မိုးကုန်တဲ့ကာလ မှာ ပြန်ဖွင့်မှာပါ” ဟု ၄င်းက ပြောသည်။

အဆိုပါ စာအုပ်လမ်းပိတ်ပွဲ အခမ်းအနားကို ဧပြီ ၁ ရက်နှင့် ၂ ရက်တွင် ကျင်းပသွားမည် ဖြစ်ပြီး ပိတ်ပွဲ အထိမ်းအမှတ် အဖြစ် စာပေ ဆွေးနွေးပွဲများ၊ စာအုပ်လမ်းသို့လာ ရောက် သူများကို စတုဒိသာ ကျွေး မည့်အစီအစဉ်များ၊ စာအုပ်လမ်းသို့ လာရောက် သူများကို စာအုပ်လက် ဆောင်ပေးမည့် အစီအစဉ်များ၊ ပန်းရဲ့လမ်းတေးဂီတ အဖွဲ့ဖျော်ဖြေ ရေး အစီအစဉ်များ စသည်ဖြင့် စည် ကား စွာပြုလုပ်သွားမည်ဟု ၄င်းက ထပ်လောင်း ပြောသည်။

အပတ်စဉ် စနေ-တနင်္ဂနွေ ရက်များတွင် ဖွင့်လှစ်ထားသည့် ရန်ကုန် စာအုပ်လမ်းတွင် စာအုပ် အဟာင်း အသစ်ရောင်းချသည့် ဆိုင်ခန်းပေါင်း တစ်ရာကျော် ဖွင့် လှစ်ထားပြီး အမှတ်တရ ပစ္စည်းအ ရောင်းဆိုင်များ၊ စာပေအနုပညာ ရှင်များ၏ ပူးပေါင်းမှုဖြင့် စာပေ အနုပညာ ဆိုင်ရာ ဆွေးနွေးပွဲများ ကို ပြုလုပ်လျက် ရှိသည်။

အိမ်စည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*