ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အမေရိကန်ဒေါ်လာ ၁၇ သန်းသုံးစွဲ၍ ဆောင်ရွက်မည်

ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အမေရိကန်ဒေါ်လာ ၁၇ သန်းသုံးစွဲ၍ ဆောင်ရွက်မည်
March 22, 2017 Asian Fame

11:30 am
ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အမေရိကန်ဒေါ်လာ ၁၇ သန်းသုံးစွဲ၍ ဆောင်ရွက်မည်

ရဲလွင်၊ ဖြိုးထက်အောင်
ရန်ကုန်၊ မတ် ၂၁

အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်အသုံးပြု၍ မြန်မာနိုင်ငံအတွင်းရှိ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ် စွန့်ခွာနေထိုင်သူများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါအစီအစဉ်ကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ငွေကြေးကိုမူ UNHCR မှ ထုတ်ပေးခြင်း ဖြစ်သည်။

ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ရှိ ဒုက္ခသည်များ၊ အခြေအနေအကြောင်းကြောင်း ကြောင့် နေရပ်စွန့်ခွာနေထိုင်သူများကို ၎င်းတို့၏ သဘောဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးကို ယခု နှစ် ၂ဝ၁၇ ခု နှစ်မှစ၍ သုံးနှစ်စီမံ ကိန်းဖြင့် ဆောင်ရွက်သွားရန်စီစဉ် ခြင်းဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးစိုင်းထွန်းညိုက ပြောသည်။

”၁၇ သန်းကျော်ကို တစ်နှစ်တည်းလုပ်မှာတော့ မဟုတ်ဘူးဗျ။ သုံးနှစ်လုပ်သွားမှာ။ တစ်နှစ်ကိုပျှမ်းမျှ ၆ သန်းကျော်လောက်တော့ သုံးသွားမှာပေါ့။ အခုလက်ရှိ သမ္မတ ရုံးကိုမူအားဖြင့်တော့ ခွင့်ပြုချက် တောင်းထားတယ်”ဟု ၎င်းက ပြောသည်။ ဒုက္ခသည် အများစုရှိသည့် ဒေသများတွင် လူမှုအဆင့်အတန်း မြင့်မားစေရေးအတွက် ကျန်းမာ ရေး၊ ပညာရေးဆိုင်ရာသင်တန်းများ ကွင်းဆင်းဆောင်ရွက်သွားရန်နှင့် နေရပ်ပြန်လိုသောဒုက္ခသည်များကို နေရပ်ပြန်ပို့နိုင်ရေးဆောင်ရွက်ရန်အတွက် အဆိုပါအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် UNHCR တို့က သဘောတူစာချုပ်နားလည်မှုစာတမ်း LOU) ကို လက်မှတ်ရေးထိုးရန် စီစဉ်နေ ကြောင်း ဦးစိုင်းထွန်းညိုက ပြောသည်။

ယင်းအစီအစဉ်အတွက် သမ္မတရုံး၏ ခွင့်ပြုချက်ကျပါက ဆပ်ကော်မတီငယ် တစ်ခုဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ နယ်စပ်ရေးဝန်ကြီးဌာနနှင့် UNHCR တို့ပူးပေါင်း၍ မြန်မာ နိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂ဝဝ၅ ခုနှစ်မှစတင်၍ နားလည်မှု စာတမ်း (LOU) လက်မှတ်များ ရေးထိုးကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*