နှစ်မျိုးမရှိသော သစ္စာတရား

နှစ်မျိုးမရှိသော သစ္စာတရား
March 16, 2017 Asian Fame

2:03 pm
နှစ်မျိုးမရှိသော သစ္စာတရား

Bo-Nyein-Thar-Articleတိုင်းရေးပြည်ရေး၊ ပေါက်နှင့် ကျေး ဟူသော အဆိုကိုကြားဖူးကြ ပါမည်။ လူများ၏ မျက်စိအမြင် တွင် ကွဲကွဲပြားပြား မရှိဘဲ အရောင် အဆင်း များ ရောနေသည့် သဘော ကို ပြဆိုလေ့ ရှိပါသည်။ မိမိတို့ လျှောက်လှမ်းခဲ့ ရသော ဘဝခရီး လမ်းတွင်လည်း မှန်သလိုလိုနှင့် လွဲမှားချွတ်ချော်သည် များကို တွေ့ ကြုံရဖန် များလာသဖြင့် မည်သည့် အရာမျှ ထူးသယောင်ယောင် နှင့် မဆန်းတော့။ အထင် အမြင်အား ကိုးဖြင့် ခွဲခြားရန်ခက်ခဲသော အ ရေးအရာများကား များလှ၏။

လူတိုင်း လိုလိုသည် မိမိတို့ တွင် ကိုယ်ကာယကြီး ရှိနေသည်။ ဤ အတ္တဘောကြီးကို ပင်လျှင် ဖြစ် တည်နေသည်၊ နောင်တာရှည် လည်း ယခုအတိုင်း တည်ရှိနေဦး မည်၊ ရှင်သန်နေဦးမည်၊ ထိုကိုယ် ပိုင် ယူဆချက် များဖြင့် မိမိမှန် သည်ထင်သော အပြုအမူ များ၊ အ ကြောင်းအရာများ အတိုင်း ပြုခဲ့ သည်။ ပြောခဲ့ကြသည်။ ယင်းသို့ ပြုနိုင်ခြင်းကိုပင် အဟုတ်ထင်တတ် ကြသည်။ သို့သော်လည်း မိမိက ကြံစည် လုပ်ဆောင် ပြောဆိုရာတွင် သက်ဆိုင်ရာအရေး ကိစ္စနှင့် မဆက် စပ်ဘဲ အလှမ်းဝေးနေ တတ်ပါ သည်။ ယင်းကဲ့သို့ပင် အမှန်တရား ဟုထင်မှတ်ခဲ့သော အလုပ်များ သည် မိမိအလိုအတိုင်း မလိုက်ဘဲ အစိုးမရသည်ကို နောက်ပိုင်း ထင် ထင်ရှားရှားပြ လာသောအခါ မှား ပြီဟု နောင်တရ၍ ဝမ်းနည်းပူဆွေး ခြင်းဖြစ်ရပြန်သည်။ ထင်ရာမြင်ရာ ဇွတ်တရွတ် ပြုမူတတ်ခြင်းသည် တစ်ဖက်စွန်း သို့ ရောက်သွားစေပါ သည်။ ထိုသို့မဟုတ်ဘဲ အချိန် တန်၍ ပြီးစီးသင့်သော အလုပ် တစ်ခုကို ပြတ်ပြတ်သားသား အ ကောင် အထည် ဖော်သင့်သော်လည်း အကြောင်းရင်းမျိုးစုံကို လိုအပ်သည် ထက် ပိုမို ထည့်သွင်း စဉ်းစားကာ ဆုတ်ဆုတ် ဆိုင်းဆိုင်း ဖြစ်နေခြင်း သည်လည်း အစွန်းတရားတစ်ပါး ပင်ဖြစ်ပါသည်။ ယင်း အစွန်းနှစ်ခု ကို လွတ်အောင်ရှောင်နိုင်မှ လမ်း မှန်ပေါ်ရောက်မည် ဖြစ်ပါသည်။

အစွန်းတစ်ဖက် ရောက်၍ မိုက်မှားခဲ့ကြခြင်း များကို မိမိတို့၏ အတိတ်မှ အဖြစ်များအား နမူနာ ယူတတ်လျှင်ပင် တပုံတခေါင်း ရှိ နေပါသည်။ ဝေးဝေးပြစရာမလို။ မိမိတို့ ငယ်စဉ်က အတွေ့အကြုံများ ကိုပင်ပြန်ကြည့်။  ထိုစဉ်က ကိုလို နီနယ်ချဲ့လက်အောက်မှ တတိယ ကမ္ဘာ့နိုင်ငံများ အားလုံးလိုလို လွတ်လပ်ရေးရကာ နိုးထရှင်သန် နေသော အချိန်အခါ ဖြစ်ပါသည်။  ယင်း အချိန်အခါနှင့် လိုက်လျော ညီထွေစွာ ကျူးဘားနိုင်ငံမှ ကက်စ် ထရို၊ တရုတ်ပြည်မှ ဥက္ကဋ္ဌကြီး မော်စီတုံး နှင့် ဗီယက်နမ်နိုင်ငံမှ ဟိုချီမင်းတို့ နာမည် ရနေသော ကာလဖြစ်ကာ ကွန်မြူနစ်အတွေး အခေါ်များသည်လည်း မိမိတို့လူ ငယ်ထုကြားတွင် ကျယ်ကျယ်ပြန့် ပြန့် စိမ့်ဝင်နေပါသည်။  ကွန်မြူ နစ် ဝါဒ အကြောင်း ရေးသားထားသည့် စာအုပ်စာတမ်း များကို အားတက် သရော ဖတ်ရှုလေ့လာနေ ကြသော ကာလဖြစ် ပါသည်။ တရုတ်ပြည်မှ အစ လွတ်လပ်ရေး ရပြီးစ နိုင်ငံ ငယ်များသည်လည်း ကွန်မြူနစ် စနစ်ဖြင့် တိုင်းပြည် ထူထောင်ရန် တာစူနေကြပါသည်။

ကိုလိုနီနယ်ချဲ့ကာ လွှမ်းမိုးခဲ့ သော နိုင်ငံငယ် အသီးသီးတွင် ပွင့်လန်း လာသောအခါ အရင်းရှင် စီးပွားရေး စနစ်မှာ အိမ်နိမ့်စံ ဘဝ ရောက်နေပါ၏။ မိမိတို့ နိုင်ငံတွင် လည်း အနုပဋိလောမရုပ်ဝါဒ၊ ဆင်းရဲသား တို့၏ ထွက်ရပ်လမ်း စသော အတွေးအခေါ်ဆိုင်ရာ ကွန်မြူနစ် စာအုပ်စာပေ များကို ဝိုင်းဝန်း ဖတ်ကြကာ လူအထင်ကြီး ကာမှ ကြီးစေတော့ ဆိုသည့် သဘောနှင့် အာဘောင်အာရင်း သန်သန် ငြင်းခုံ ပြောဆိုနေကြ သည့် အချိန် ဖြစ်ပါသည်။ သခင် စိုးနှင့် သခင်သန်းထွန်း စသော ပုဂ္ဂိုလ်များကိုလည်း အလွန်အမင်း လေးစား ကြည်ညိုခဲ့ကြပါသည်။ ရာထူးရာခံနှင့် ချမ်းသာကြွယ်ဝ ခြင်းကို အလေးမထား။ ကိုယ့်အယူ အဆ၊ အတွေးအခေါ်အရ မှန် သည် ထင်ရာကို လုပ်ရဲ လုပ်ဝံ့ကြ သည်ဟု အထင်ကြီးခဲ့ကြောင်း ဝန်ခံရမည် ဖြစ်ပါသည်။ တောခို သွားကြသော လူများ အကြောင်း ကြားရသောအခါ သူတို့သည် ဝန် ကြီးလောက် ရာထူးကို အချိန်မရွေး ရယူ ပိုင်ဆိုင်နိုင်ကြကြောင်း သိရှိ ကြပါသည်။

သို့ရာတွင် လက်တွေ့မြေပြင် အခြေအနေများကို နဖူးတွေ့ ဒူး တွေ့  မကြာမီ ကြုံကြရပါသည်။  ကွန်မြူနစ်ဟု အမည် တပ်ခံရသူများ သည် ပဲခူးရိုးမ အလယ်ပိုင်းဒေသ တစ်ဝိုက်တွင် အခြေပြုကာ ကြီးစိုး လွှမ်းမိုးထား ကြပါသည်။ ”ဟာ ကွာ။ ဂျပန် လူမျိုးတွေထက်တောင် ဆိုးကြတယ်”ဟု အချို့ လယ်သမား များက ညည်းပြောပြော ကြသည်။ ရပ်ရွာထဲ တွင် ကြက်ကလေး၊ ငှက် ကလေး ခိုးသည်ကိုတွေ့လျှင် ထို လက်သည် တရားခံ သေဖို့သာပြင် ပေတော့။ တစ်တုံးထွန်လောက် လယ်ပိုင်ရှိကာ ဈေးဆိုင် ကလေး ဖွင့်စားသော မိမိအသိ လယ်သမား တစ်ဦးမှာ မြို့ပေါ်သို့ ပြောင်းပြေး လာရပါသည်။ သို့မဟုတ်လျှင် သွပ်မိုးပျဉ်ထောင် အိမ်လေးတစ် လုံးပိုင်ရုံဖြင့် ကံမကောင်း လျှင် အ ရင်းရှင်ဟု အမည်တံဆိပ်ဆွဲကာ ဖမ်းဆီးတတ်သည်ကိုး။ သူတို့က  ”ဘနဖူးတောင် သိုက်တူးမယ့်သူ တွေ၊ အမြတ်ကြီးစား အရင်းရှင် တွေ”ဟု ခေါ်ဝေါ်ထားသည့် သူ ဌေး သူကြွယ်များမှာ သူတို့လက် လှမ်းမမီသော မြို့ကြီးများ၌ အခန့် သားဖြင့် ဇိမ်ယစ်နေ ကြပါသည်။

ဤသို့ဖြင့် ကွန်မြူနစ်ဝါဒနှင့် လူနေမှု စနစ်များ အကြောင်း အာ ဘောင်အာရင်း သန်သန်နှင့် ပြော ကြရင်း လီနင် ဝါဒကို မည်သို့မည်ပုံ ဦးထိပ်ထားကာ နည်းနာခံရမည် ဖြစ်ကြောင်း သင်ကြား ပို့ချကြသူ များ၊ မော်စီတုန်း အတွေးအခေါ်ကို ထုံးလိုချေ ရေလိုနှောက်ကာ ပြော ဆိုနိုင်ကြ သူများကိုသာ တွေ့ရဖန် များတော့ မိမိ တိုင်းပြည်နှင့် မိမိလူ မျိုးအတွက် လက်တွေ့ အကျိုးရှိ စေမည့်စနစ် တစ်ရပ်ကို ရှာဖွေနေ ကြခြင်းမှ ဟုတ်ပါလေစဟု အတွေး ဖြင့် အမေးပုစ္ဆာ ထုတ်မိကာ စိတ် ပျက်လာပါသည်။ မိမိတို့ တောင် သူ လယ်သမား ဆင်းရဲသား များမှာ ”ဒုံရင်းက ဒုံရင်းပါပဲ” ဆိုသကဲ့သို့ အောက်ခြေနင်းပြား ဘဝများမှ မတက်နိုင်ပါချေ။ ထိုစဉ်က အစိုးရ အဖွဲ့ကလည်း ကွန်မြူနစ် သောင်းကျန်းသူ အဖွဲ့ကိုသာ ဦးတည်ရန် သူဟု သတ်မှတ်ထားသည်ဟု ကြား သိရသည်။ ထိုအစိုးရ အတိုက်အခံ သူပုန်သည် တပ်မတော်၏ ထိုးစစ် အမျိုးမျိုး ဆင်နွှဲကာ ချေမှုန်းခြင်းကို တာရှည် မခံနိုင်တော့သဖြင့် ရှမ်း ပြည်ဘက် ပြောင်းရွှေ့ကြကာ နောက်ဆုံး တဖြည်းဖြည်း နိဂုံးချုပ် သွားပါသည်။

ထိုစဉ်ကာလတွင် တော်လှန် ရေးကောင်စီက မြန်မာ့ ဆိုရှယ်လစ် စနစ်ဟူ၍ အဖြူလည်း မဟုတ်။ အနီလည်း မမည်ဘဲ မြန်မာဟူသော စာသားကို ရှေ့တွင်ထား၍ လမ်း စဉ်တစ်ခုကို အသစ်တီထွင်ဖောက် ခဲ့ပါသည်။ ထိုလမ်းစဉ်ကို မိမိတို့ နိုင်ငံတော်ရှိ ပြည်သူ အပေါင်း တို့က မမှိတ်မသုံ ဦးတည်ချီတက် ရမည်ဟု ဆိုပါသည်။ မိမိတို့၏ ကန့်ကူလက်လှည့် သင်ဆရာများ ကိုယ်တိုင် ပါတီဝင် ကြသည် ကို တွေ့ရတော့ သူတို့ ပြောဟောခြင်း များမှာ သင့်နိုးနိုးနှင့် မိမိတို့လည်း လမ်းစဉ်လူငယ် အဖွဲ့သို့ အလွယ် တကူ ဝင်လိုက်ပါသည်။ ”မြန်မာ လူမျိုးပဲ။ စည်းလုံးစရာ ရှိလျှင် စည်းလုံးတယ်လေ။ အများညီရင် ‘ဤ’ကို ‘ကျွဲ’ဖတ်ကြသေးတာပဲ”

ယင်းလမ်းစဉ် ပေါ်ပေါက် လာသောအခါ မိမိတို့တောသား လယ်သမားများကိုပင် ”ဦးကြီး”ဟုခေါ်ကာ ဗန်းတင်လာကြသည်။ မိမိမှတ်မိသမျှ  ခပေါင်းတောင်သူ လယ်သမား နှီးနှောဖလှယ်ပွဲကြီး ကို ခြိမ့်ခြိမ့်သည်းမျှ ကျင်းပကာ ‘တောင်သူ လယ်သမားနေ့’ ဟူ၍ ပေါ်ပေါက် လာပါသည်။ ထိုထို သော အခမ်းအနား များတွင် မိမိ တို့ ဦးလေး၊ ဦးကြီးများဖြစ်သော တောင်သူ လယ်သမား များမှာ ခေါင်းပေါင်းစ တလူလူနှင့် သဘာ ပတိ စားပွဲရှည်ကြီးတွင် စီတန်း ထိုင်ကာ ခေါင်းတမော့မော့နှင့် မျက်နှာပေး အမျိုးမျိုးဖြင့် ဝမ်းသာ နေကြသော ရုပ်ပုံများကို ယခုတိုင် မြင်မိပါသေးသည်။

အလုပ်သမား များကိုလည်း ထိုနည်းအတိုင်း စံပြအလုပ်သမား သူရဲကောင်း များဟု ရှေ့တန်းတင် လာကြ၏။ မတ်လ ၂ ရက်နေ့ ကို တောင်သူ လယ်သမားနေ့ဟု သတ်မှတ်ခဲ့သည်။ တစ်ဖန်  အစဉ်အလာ အတိုင်း မေလ ၁ရက် နေ့မှာ အလုပ် သမားနေ့ ဖြစ် လာ ပြန်သည်။ ထိုအနေအထားများကို ယခု အသက် ၆ဝ ပတ်ဝန်းကျင် ရှိသူအားလုံးသိကြပါမည်။ အခမ်း အနားကြီးများ ရှိသောနေ့များ၌ လမ်းစဉ် လူငယ်အဖွဲ့ဝင် ကျောင်း သားများ မိမိတို့လူငယ်တစ်သိုက် ကို ဦးဆောင်၍ ကျိုက္ကဆံကွင်းသို့ ကြွေးကြော်သံ များဖြင့် စုဝေးချီ တက်ခဲ့ကြ၏။ ”မြန်မာ့ဆိုရှယ်လစ်   ခေတ်ပြောင်းတော်လှန်ရေး အောင် ရမည်”ဟု ပျော်ပျော်ပါးပါး ဟစ် ကြွေးခဲ့ကြခြင်းကိုမူ မှတ်မိသေး ပါသည်။

မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ချီတက်ကြရမည်ဟူ၍တော့ ယေ ဘုယျအနေဖြင့် သိထားကြပါ သည်။ တကယ်တမ်း ဆိုရှယ်လစ် ခေတ်သို့ ရောက်ခဲ့သလား။ ခေတ် ကြီးပြောင်း သွားသလား ဆိုသည် ကိုမူ အဖြေပြန်ပေးနိုင်လောက် အောင် မိမိတို့ မခံစားလိုက်ရချေ။ ယင်း ဆိုရှယ်လစ်ခေတ်၏ အရ သာကို သိရှိခံစားရလိုက် သူတချို့ ရှိနိုင်ပါသည်။ ထိုပုဂ္ဂိုလ် များနှင့် သီးသန့် တွေ့ဆုံကာ စိစစ်မေး မြန်းရန်လိုပါမည်။

အပြောအဟော ကောင်းစွာ ဖြင့် ဟုတ်သလိုလို ရောယောင် အထင်ကြီးခဲ့သော စနစ်အမျိုးမျိုး ကိုဆုံဖူးခဲ့ပြီ။ ဝန်ခံရလျှင် မိမိတို့ လည်း သူ့ခေတ်အခါ ရာသီအ လိုက်ပေါ်ခဲ့သည့် ကြွေးကြော်သံ များကို လက်သီး လက်မောင်းတန်း ကာဟစ်ကြွေးခဲ့ကြသည်။ နောက် တော့လည်း ဘာမှ မယ်မယ်ရရ မဟုတ်ဘဲ ပေါ်လာသည့် အကျိုး စီးပွားများကို ခံစားခွင့်ရသူက ရ သွားကြသည်။ တိုင်းပြည်၏ စီးပွားရေးမှာလည်း ချွတ်ခြုံကျ ကာ မိမိတို့တောသားဆင်းရဲသား များမှာမူ ဆင်းရဲ မွဲတေမှုကိုသာ အဖော်ပြု၍ နေကြရပါသည်။ ထိုအချိန် မှစ၍ စနစ်များ ဝါဒများ အကြောင်း စကားအဖြစ် အလေး ထားကာ ကောင်းစွာ မပြောဖြစ် တော့ချေ။

၁၉၈၈ အရေးအခင်း ဖြစ်ပြီး နောက်ပိုင်း ဇာတ်လမ်းများကို ယခုခေတ် လူငယ်များပင်လျှင် ဂဃနဏ သိရှိနေကြပြီ ဖြစ်သဖြင့် အထူး စာဖွဲ့နေရန် မလိုတော့။ သို့သော်လည်း ဖြစ်ပေါ်လာသော အကျိုးတရားများကိုသာ တက်ကြွ အားရကာ မကြည့်ဘဲ အကြောင်း ရင်းခံကို ဦးစွာ ဆင်ခြင်သုံးသပ် သင့်ပါသည်။ အမှန်စင်စစ် ဤ နိုင်ငံသူ နိုင်ငံသားများမှာ တော် ရုံတန်ရုံ ဖိအားကို တောင့်ခံထား နိုင်ကြပါသည်။ သို့ရာတွင် နောက်ဆုံး အကြိမ် ငွေစက္ကူလဲ ရသည့် ကိစ္စတွင်မူ မိမိတို့၏စား ဝတ်နေရေးကို ထိခိုက်လာသော အရေး ဖြစ်ပါသည်။ ထိုစဉ်က လမ်းဘေးဈေးသည် များပင်လျှင် မိမိတို့လက်ထဲမှ သာမန်စက္ကူ လိုသာဖြစ်သွားသော ငွေများကို လက်ထဲတွင် ကိုင်ထားလျက် မည် သို့မည်ပုံ ဆက်လုပ်ရမှန်း မသိ နိုင်တော့ ဘဲ ယောင်တောင်တောင် နှင့် လက်မှိုင်ချ ရသောအခြေအနေ ရောက်သွားပါသည်။ ကြီးကြီး ကျယ်ကျယ်ပြောလျှင် ထိုကိစ္စမှာ စီးပွားရေး ပြဿနာ ဖြစ်ပါသည်။ ဝါဒရေးရာ အမြင်ဖြင့် မကြည့်သင့် သကဲ့သို့ စနစ် အပေါ်တွင် လည်း ဦးမလွှဲသင့်ချေ။ ကွန်မြူနစ်ဝါဒ ကြောင့်၊ ဆိုရှယ်လစ် စနစ်ကြောင့် စသည့် အကြောင်းများကိုပြလျှင် ပြကြမည်။ သို့သော်လည်း ထို အကြောင်းပြချက်များနှင့် တိုက်ရိုက် မဆိုင်လှ၍ ယိုးမယ်ဖွဲ့ကာ ပြော နေရန်ပင် မလိုတော့ပေ။ ဘဝဖြစ် တည်မှုဝါဒကို အခြေခံကာ အပြောင်းအလဲ ဖြစ်တော့မည့် အရိပ်အယောင် ပဲဟူ၍လည်း တွက်ဆနေရမည့် အကြောင်း မရှိ ချေ။ အမှန်စင်စစ် တစ်တိုင်းပြည် လုံးထိလာသဖြင့် အုံကြွခဲ့ကြကာ ခေတ်သစ် တစ်ခုသို့ရောက်သွား ခြင်းသာဖြစ်ပါသည်။ ဤကမ္ဘာ မြေကြီး မပျက်သရွေ့ ထိုအဖြစ် အပျက်များ ၏ သံသရာ မှာလည် နေဦးမည်သာ ဖြစ်ပါသည်။

ယခုလည်း ကျယ်ကျယ် လောင်လောင် ကြားရပြန်သည်။ ”ဒီမိုကရေစီဆိုတာ လူထုကို လူထုက အုပ်ချုပ်ခြင်းလို့ ဆိုလို တာပဲ။ ဒီစနစ်မှာ လူထုဟာ တိုင်းပြည်ရဲ့အရှင်သခင်။ တိုင်း ပြည်ကို အုပ်စိုးတဲ့ အာဏာဟာ လူထုထံကပဲ ဆင်းသက်လာတယ်” ဟုဆိုသည်။ ”အုပ်ချုပ် သူများ သည် ပြည်သူ့ အကျိုးအတွက် ၄င်းတို့အစား ကိုယ်စားလှယ် အဖြစ် ဝန်ဆောင်ပေးရသော ဝန်ထမ်းများ၊ သို့မဟုတ် အစေ အပါးများသာ ဖြစ်ကြသည်” ဟူ ၍ ဆိုကြပြန်သည်။ ယခုလည်း တောင်းဆိုသံမျိုးစုံဖြင့် ကြွေးကြော် သံများကို ကြားရပြန်ပါသည်။ ဤသည် များမှာ ဒီမိုကရေစီ၏ အနှစ်သာ ရလားဟု မေးစမ်းလိုက် ချင်ပါသည်။ သို့ဖြစ်၍ မည်သည့် အစိုးရ တက်ကြသည် ဖြစ်ဖြစ်။ မည်သည့် အယူဝါဒကို လက်ကိုင် ထားထား။ မိမိတို့ကမူ  ထမင်းကို အေးချမ်းစွာ ဝဝလင်လင် စားရန် အရေးမှာ ထိပ်ဆုံး ကဖြစ်ပါသည်။ လက်တွေ့လည်း ကျပါ၏။

မိမိတို့မှာ ရှင်ကြီးဝမ်းထဲသို့ လည်းဝင်ခဲ့ပြီ။ ရှင်ငယ်ဝမ်းသို့ လည်း ဝင်ခဲ့ပြီ။ ချေးနံ့ရ၍လည်း ပြန်ထွက်ခဲ့ပြီ။ ထူးပြီးခြားနားလာ ခြင်း မရှိခဲ့ချေ။ ယခုတော့လည်း မည်သည့် အယူဝါဒကိုမျှ အထင် မကြီးတော့။ လူသားသည် လူသာ ဖြစ်သည်။ ကောင်းနိုင် သမျှ ကောင်းနေ မည်။ ကောင်းချင်သမျှ သာဖြစ်လာမည်။ အတ္တအဝန်း အဝိုင်းမှ ရုန်းမထွက်နိုင်ကြသေး သည့် ပုထုဇဉ်များပါတကားဟု ထင်မြင် လာပါကြောင်းသာပြော လိုပါသည်။

ဘိုငြိမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*