ပင်လုံ နှင့် လူထုခေါင်းဆောင်

ပင်လုံ နှင့် လူထုခေါင်းဆောင်
March 16, 2017 Asian Fame

3:10 pm
ပင်လုံ နှင့် လူထုခေါင်းဆောင်

Myat-Hlaing-Articleအခု ကျွန်တော်တို့ နိုင်ငံအ တွက် အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ ကိစ္စများစွာ ထဲက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စက လည်း တစ်ခု အပါအဝင် ဖြစ်နေ ပါတယ်။ အရေးတကြီးဆိုတာ အ ရေးပေါ် ဆောင်ရွက်ရမယ့် ကိစ္စ တော့ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ အရေးပေါ် မဟုတ်ပေမယ့်လည်း မဆောင်ရွက်ဘဲ ရပ်ဆိုင်းထားလို့ မရပါဘူး။  နှစ်ပေါင်း ခုနစ်ဆယ်နီး  ပါး ဖြစ်ခဲ့တဲ့ ပြည်တွင်း စစ်ကြောင့်  တိုင်းပြည်က မွဲတေ ဆင်းရဲတဲ့ ဘဝ ကို ရောက်ခဲ့ရပါတယ်။

နောက် ကျွန်တော်တို့ တိုင်း ပြည်က လူမျိုးစုတွေ များပြားစွာ နေခဲ့ကြတဲ့ တိုင်းပြည်ပါ။ ပြောမယ် ဆိုရင် ပြည်ထောင်စု နိုင်ငံပါ။ ဒီ ပြည် တွင်း စစ်ကြောင့်လည်း တိုင်း ပြည် ဆင်းရဲ မွဲတေခဲ့သလို လူမျိုးစု တွေကြားမှာ အမုန်း စိတ်တွေဖြစ် ပေါ်ခဲ့ရပါတယ်။ တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ရေးဆိုတာလည်း ပျောက်ကွယ် ပျက်စီးခဲ့ရပါတယ်။ ရင်ကြားမစေ့နိုင်အောင် ကွဲနေတဲ့ အနေ အထားမျိုးပါ။ ဒီပြည်တွင်း စစ်ပွဲတွေ ဖြစ်နေရင် အကြောင်း ကြောင်းကြောင့် ပျက်စီးနေတဲ့ တိုင်းပြည်ကို အပျက်တွေ ပြင်ပြီး ပြန်တည်ဆောက်ဖို့ မလွယ်ကူနိုင် ဘူးဆိုတာ ပြည်သူတွေ အားလုံးသိ နေခဲ့ကြပါတယ်။

ကျွန်တော်တို့ တိုင်းပြည်အခြေ အနေက စစ်အာဏာရှင် စနစ် အောက်က အတင်းရုန်းကန် တိုး ထွက်လာခဲ့ရတဲ့ အခြေအနေပါ။  အခုမှ ဒီမိုကရေစီ စနစ်နဲ့ ဖက်ဒ ရယ် ပြည်ထောင်စု တစ်ခု ဖြစ်ပေါ် လာအောင် ပြန်တည်ဆောက်ဖို့ လမ်းအစပဲရှိပါသေးတယ်။ ဒီလမ်း အစမှာရှေ့လမ်းကို ဆက်လျှောက် လှမ်းဖို့အတွက် တိုင်းရင်းသားလူ မျိုးစုတွေ အချင်းချင်း မုန်းတီးမှု တွေနဲ့ရော၊ ပြည်တွင်း စစ်ဖြစ်နေ တာရောက တားဆီးနေပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေ ကြားမှာ ကွဲနေတဲ့ ရင်ကြားကိုပြန်စေ့နိုင်မှ ဒီလမ်းအစကနေ ဆက်လျှောက် လှမ်းနိုင်မှာပါ။ အမျိုးသား ပြန် လည် သွေးစည်း ညီညွတ်ရေးဆိုတဲ့  တိုင်းရင်းသား လူမျိုးစုတွေ ကြားမှာ ကွဲနေတဲ့ ရင်ကြား ပြန်စေ့ပေးနိုင် ဖို့ မဖြစ်မနေ လုပ်ရတော့မှာပါ။ တိုင်းရင်းသား အစုံ ပါဝင်တဲ့တစ်မျိုး သားလုံးအတွက် ရင်ကြားပြန်စေ့ ပေးနိုင်ဖို့ ရည်ရွယ်ပြီး၂၁ရာစုပင် လုံညီလာခံကို ခေါ်ယူကျင်းပ ပြု လုပ်ခဲ့ရတာပါ။ ၂၁ရာစု ပင်လုံညီ လာခံအနေနဲ့ ကျင်းပမယ်ဆိုရင်၊ ၂ဝရာစုပင်လုံနဲ့ ဘယ်လို ကွာသလဲ ဆိုတာ နှိုင်းယှဉ်ပြရမလို ဖြစ်နေပါ တယ်။

ကျွန်တော်တို့ နိုင်ငံက လူမျိုး ပေါင်းစုံ နေထိုင်တဲ့နိုင်ငံ ဖြစ်သလို ဗမာလူမျိုးအများစုက မြေပြန့် ဒေသမှာ နေထိုင်ပြီးတော့ တိုင်းရင်း သား လူမျိုးစုတွေ က တောင်ပေါ်၊ တောင်တန်းဒေသနဲ့ ပင်လယ်ကမ်း ရိုးတန်း ဒေသတွေမှာ နေထိုင်ကြ တာ ထူးခြားချက် လို့ ပြောရမ လိုဖြစ် နေပါတယ်။ တောင်တန်းတွေက လည်း မြန်မာနိုင်ငံအတွက် သစ် တောတွေ၊ ကျောက်သံပတ္တမြား တွေ ပိုင်ဆိုင်နေ တဲ့ ဒေ သဖြစ်နေ ပါ တယ်။ ဗြိတိသျှ နယ်ချဲ့တွေက မြန် မာပြည်ကို လွတ်လပ်ရေး ပေးရ တော့မယ့် အခြေအနေမှာ တိုင်း ရင်းသားတွေ နေထိုင်တဲ့ တောင် တန်း ဒေသတွေကို လက်မလွှတ် ချင်ခဲ့ပါဘူး။ ဒီလို အခြေအနေမှာ ၂ဝ ရာစု ပင်လုံစာချုပ် ဆိုတာ ဖြစ် ပေါ်ခဲ့ရပါတယ်။ ကျွန်တော်တို့မြန် မာနိုင်ငံ တစ်နိုင်ငံလုံး လွတ်လပ်  ရေးရဖို့အတွက် အမျိုးသားခေါင်း ဆောင် ဗိုလ်ချုပ်အောင်ဆန်း က အပင်ပန်းခံ ကြိုးစားခဲ့မှုရဲ့ ပြယုဂ် အဖြစ် ပင်လုံစာချုပ်က သက်သေ ပြနေပါတယ်။ ပင်လုံစာချုပ်ကို အ ကျဉ်းပြန်ပြောပြ ရမယ် ဆိုရင်၊ ၁၉၄၅ခု မတ်လမှာ ဖက်ဆစ်ဂျပန် တွေကို မြန်မာပြည်ထဲမှ တိုက်ထုတ် ပြီး၊ နယ်ချဲ့ဗြိတိ သျှတွေ မြန်မာ ပြည်ကို ပြန်လည် အုပ်ချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဗြိတိသျှတွေက စက္ကူ ဖြူစီမံကိန်းကို ရေးဆွဲပြဋ္ဌာန်း လာခဲ့ပါတယ်။ အဲဒီ စက္ကူဖြူစီမံ ကိန်း အရမြန်မာပြည်မကို ဒိုမီနီယံ အုပ်ချုပ်ရေး အဆင့် တိုးမြှင့်ပေးပြီး၊ တောင် တန်း ဒေသတွေ ကိုတော့ မြန်မာပြည်မနဲ့ ခွဲခြား ဆက်ဆံမယ် ဆိုတဲ့ စီမံကိန်းပါ။ အဲဒီစက္ကူဖြူစီမံ ကိန်းဆိုတာကို အမျိုးသားခေါင်း ဆောင် ဗိုလ်ချုပ်အောင်ဆန်း က ပြတ်ပြတ် သားသား ငြင်းဆန်လိုက် ပါတယ်။ မြန်မာပြည်ကို လုံးဝလွတ် လပ်ရေးပေးရမှာ ဖြစ်ကြောင်းနဲ့ လွတ်လပ်ရေး ပေးတဲ့နေရာမှာ လည်း တောင်တန်းဒေသတွေ ပါ ဝင်ရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကို ၁၉၄၆ ခုနှစ် စက်တင်ဘာလ၂၆ ရက်နေ့မှာ ကျင်းပတဲ့ အထွေထွေသပိတ် မှောက်ခဲ့တဲ့ အခါ၊ ဗြိတိသျှ အုပ်ချုပ် ရေးယန္တရားကြီး လုံးဝရပ်ဆိုင်း သွားခဲ့ ရတယ်။ ဒီလို အခြေအနေ နဲ့ ၁၉၄၇ ဇန်နဝါရီ ၂ ရက်နေ့မှာ  ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို လန်ဒန်မြို့ ကို ဖိတ်ခေါ်ပြီး မြန်မာ ပြည် လွတ်လပ်ရေးပေး ဖို့ ဆွေးနွေး ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်ထဲမှာ ပါဝင် တဲ့တောင် တန်းဒေသတွေပါ တစ်ပြိုင်နက်ထဲ လွတ်လပ်ရေး ပေး ရမယ်လို့ ပြတ် ပြတ်သားသား ဆွေးနွေးခဲ့ပါတယ်။ အဲဒီအချိန် မှာ ပြဿ နာ တစ်ခု ပေါ်လာပါတယ်။ ရှမ်းပြည် နယ် စော်ဘွား ကောင်စီဝင် အချို့က ဗိုလ်ချုပ်အောင်ဆန်းက စော်ဘွား တွေ အုပ်ချုပ်နေတဲ့ ရှမ်းပြည်နယ် ရဲ့ ကိုယ်စားလှယ် မဟုတ်ကြောင်း ၊ တောင်တန်း ဒေသတွေ ကိစ္စကို စော်ဘွားတွေကို သီးသန့် ဖိတ်ပြီး ဆွေးနွေး ရန် ကြေးနန်း စာ တစ် စောင် ပေးပို့ ခဲ့ပါတယ်။ ဒီကြေးနန်း စာကြောင့် ၁၉၄၆ ခုနှစ် ဇန်နဝါရီ လ ၂၁ရက်နေ့မှာ ဆွေးနွေးမှုကို ခေတ္တ ရပ်ဆိုင်းပြီး၊ ဗိုလ်ချုပ်အောင် ဆန်းနဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာပြည်ကို ပြန်ခဲ့ရတယ်။

ဒါပေမယ့် ဒီလုပ်ရပ်ဟာ ဗြိတိသျှတွေ ရဲ့ လှည့်ကွက်မှန်းသိ တဲ့ ရှမ်းပြည်နယ် လွတ်လပ်ရေး အဖွဲ့(ရပလ) ကလူငယ်တွေဟာ  ရှမ်းပြည်နယ် လူထုအစည်းအဝေး ပွဲကို ခေါ်ယူ ကျင်းပပြီး အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း သာ ရှမ်းပြယ်နယ် လူထုရဲ့ကိုယ်စား လှယ် အစစ်ဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တို့လည်း လန်ဒန်မြို့ကနေ ဖေဖော် ဝါရီ ၂ ရက်နေ့ မှာပြန်ရောက်လာပြီး၊ လုံးဝမနားဘဲ ပင်လုံကို ဆက်ထွက် ခွာခဲ့ပါတယ်။

၁၉၄၇ ဖေဖော်ဝါရီလ ၉ ရက် နေ့မှာ ကျင်းပတဲ့ တောင်တန်း ဒေသစုံညီ ပင်လုံ အစည်းအဝေးပွဲ မှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ တာကတော့ ဘိလပ်ဆွေးနွေးပွဲမှာ  တောင်တန်း ဒေသ များကို မြန်မာ ပြည်မနဲ့ တစ်ချိန်တည်း လွတ်လပ် ရေးမပေးရင် မဖြစ်နိုင်ကြောင်း ၊ မြန်မာ များဟာ ဗြိတိသျှရဲ့ကျွန် မ ဖြစ်လို၊ တောင်တန်း ဒေသများကို လည်း ဗြိတိသျှကျွန် အဖြစ်မခံနိုင် ကြောင်း၊ ဒါ့ အပြင် တောင် တန်း ဒေသများဟာလည်း မြန်မာတို့ရဲ့ ကျွန်မဖြစ်ကြစေချင်ပါဘူး။ တောင် တန်းဒေသ လူမျိုးများ ကလည်း ဘယ် သူခြောက်ခြောက် မကြောက် ကြဖို့ လိုကြောင်း၊ ချော့ရင်လည်း မပျော့ကြဖို့လိုကြောင်း၊ တောင် တန်းဒေသ လူမျိုးများ ဟာ မြန်မာ ပြည်မကဲ့သို့ တူညီတဲ့ အဆင့်အ တန်းကို လိုချင်ပါတယ်လို့ ပြောရ မှာဖြစ်ကြောင်း၊ ဒီစကား ဒီနေ့ပြောရင် နက်ဖြန် လွတ်လပ်ရေးရမယ် လို့ ဗိုလ် ချုပ်အောင်ဆန်း က ပြတ် ပြတ်သားသား တာဝန်ယူ ပြောဆို ခဲ့ပါတယ်။ လူထု ခေါင်းဆောင် တစ်ယောက် အနေ နဲ့ ပြတ်သားတဲ့ စကား ကို ပြောဖို့ လိုသလို၊ တာဝန် လည်း ယူရဲရပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းပြော ပြီး၊ နောက်ရက် ဖြစ်တဲ့ ၁၉၄၇ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၁ဝနာရီမှာပင်လုံ စာချုပ် လက်မှတ် ထိုးနိုင်ခဲ့ပါတယ်။ မြန်မာပြည်က တိုင်းရင်းသားတွေ အားလုံက ဗိုလ်ချုပ် ပြောတဲ့စကား ကို ယုံကြည်မှု အပြည့် ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကလည်း အ ပြော ပြတ်သားတဲ့ အပြင် သူပြော တဲ့ စကားကို တာဝန် ယူရဲတယ် ဆို တာ၊ သူပြောတဲ့ အတိုင်း လွတ်လပ် ရေးမရရင် တိုက်ယူမယ် ဆိုတာ လည်း ဗြိတိသျှတွေက သိခဲ့ကြပါ တယ်။

ပြောမယ်ဆိုရင် ၂ဝရာစု ပင်လုံ စာချုပ်ဟာ မြန်မာပြည်တစ်ပြည် လုံး လွတ်လပ်ရေးရဖို့အပြင် တိုင်း ရင်းသားလူမျိုးများအားလုံး သွေး စည်းညီညွတ်စွာ အတူတကွ နေ ထိုင်ကြမယ် ဆိုတာကို ကတိပေး ခဲ့ကြတဲ့စာချုပ်ပါ။ ဗိုလ်ချုပ်အောင် ဆန်းဟာ အဲဒီအချိန်က စစ်သေနာ ပတိဖြစ်သလို၊ လူထုခေါင်းဆောင် လည်းဖြစ်နေတဲ့ အတွက် တိုင်းရင်း သားတွေအားလုံးက ဗိုလ်ချုပ် အောင်ဆန်းကို ယုံကြည်ခဲ့ကြ တယ်။ ဒီလို ယုံကြည်ခဲ့တာရယ်၊ ဗြိတိသျှတွေကလည်း ကြောက်လန့် တာရယ်ကြောင့် ၂ဝရာစုပင်လုံဟာ  အချိန်တိုလေး အတွင်း မှာ အောင် မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဗိုလ် ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် မှသာ လူမျိုးစုတွေနဲ့ သဘောထား ကွဲလွဲ ပြီး ပြည်တွင်း စစ်ဖြစ်လာခဲ့ ပါတယ်။

အခု ၂၁ရာစုပင်လုံညီလာခံနဲ့  မြန်မာပြည်တွင်းမှာ အတူနေထိုင် ကြတဲ့ တိုင်းရင်းသားတွေ သွေး စည်းညီညွတ်ရေးကို အဓိကထား တယ် ဆိုပေမယ့် ၂ဝရာစု ပင်လုံနဲ့ ကွာခြားချက်တွေ များစွာ ရှိနေပါ တယ်။

မြေပြန့်နေ ဗမာလူမျိုးကြီးဝါဒ ကိုင်စွဲထားတယ်ဆိုတဲ့ တောင်တန်း နေ တိုင်းရင်းသားတွေရဲ့ အမြင်မှာ ရှိနေတဲ့အစွဲကို အရင်ဆုံးချေဖျက် ဖို့ လိုအပ်ပါတယ်။ နှစ်ပေါင်း ခုနစ် ဆယ်နီးပါးကြာ  ပြည်တွင်းစစ် ဒဏ် ကို ခံနေကြရတဲ့ တိုင်းရင်းသားတွေ ဟာ ၂၁ ရာစု ပင်လုံ ညီလာခံကို ခေါ်ယူ ကျင်းပတဲ့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အ ပြည့်အဝ ယုံကြည်လာဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ကို တိုင်း ရင်းသားတွေ ယုံကြည်လာဖို့ အတွက်၊ ဗိုလ်ချုပ်အောင်ဆန်း ပြတ်ပြတ်သား သား ပြောခဲ့သလိုပြောပြီး၊ တာဝန် ယူရဲဖို့ လည်း လိုပါတယ်။ နောက် ကွာခြားနေတဲ့ အချက်က ဗိုလ်ချုပ် အောင်ဆန်းဟာ ပင်လုံ စာချုပ်ချုပ် ချိန်မှာ လူထုခေါင်းဆောင် ဖြစ်သ လို၊ စစ်တပ် သေနာပတိ ဖြစ်နေတာ ဖြစ်ပါတယ်။ တိုင်းပြည်လွတ်လပ် ရေးရဖို့ လူမျိုးစုတွေ အားလုံးသွေး စည်းညီညွတ်နေတဲ့ အချိန် ဖြစ်ပါ တယ်။

အခုအခြေအနေနဲ့ အရမ်းကွာ နေပါတယ်။ တိုင်းပြည်မှာအကွဲကွဲ အပြဲပြဲဖြစ်နေတာကို ရင်ကြားပြန် စေ့နိုင်ရေးကိုတောင် အချိန်ယူကြိုး စားဆောင်ရွက်ရပါဦးမယ်။ ရင် ကြားစေ့ပေးဖို့အတွက်လည်း တိုင်း ရင်းသားတွေကို ပြီးခဲ့တဲ့ခေတ်ကာ လမှာဖြစ်ခဲ့တဲ့ လူလူချင်း ခွဲခြား ဆက်ဆံမှုတွေ၊ နယ်ပယ်ပေါင်းစုံ မှာ အဆင့်အတန်း နိမ့်ကျခဲ့မှုတွေ နဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေ ယုံကြည်မှုကို အာမခံပေးနိုင်ဖို့ လို ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရ ရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် တွေ အနေနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို လူထုခေါင်းဆောင် အဖြစ် သတ်မှတ်ထားနိုင်ဖို့ ကြိုးစား ဆောင်ရွက်ရလိမ့်ဦးမယ် လို့ ပြော ချင်ပါတယ်။ ၂ဝ ရာစုပင်လုံနဲ့ ၂၁ ရာစုပင်လုံရဲ့ အဓိက ကွာခြားနေတဲ့ အချက်ပါ။ ဒီကွာခြားချက်ကြောင့် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ခြွင်း ချက်မရှိ လက်ခံနိုင်မှုကလည်း ကွာ ခြားနေပါလိမ့်မယ်။ ယုံကြည်မှု ရှိ လာနိုင်မှသာ တစ်မျိုးသားလုံး ရင် ကြားစေ့ရေးကို အမြန်ဖော်ဆောင် နိုင်ပါလိမ့်မယ်။ တစ်နိုင်ငံလုံး အ ပစ်ရပ်စဲဖို့ တင်မကဘဲ တိုင်းပြည် ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ပါ လိမ့်မယ်။ ဒါကလည်း အချိန်ယူ ဆောင်ရွက်ရမယ့် အနေအထားမှာ ဖြစ်နေပါတယ်။

နောက်တစ်ချက်အနေနဲ့ ပြောရမယ်ဆိုရင်၊ ပြီးခဲ့တဲ့ဦးသိန်းစိန် အစိုးရလက်ထက်မှာ တပ်မတော် နဲ့ရေးဆွဲပြီး အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူ စာချုပ်(NCA)ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ သဘောတူ လက်မှတ်ရေးထိုးဖို့ လိုအပ်နေပါတယ်။ ဒီ (NCA)စာချုပ်ကို တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေရဲ့ တစ်ခြမ်းက လက်မှတ်ထိုးပြီး၊ တစ်ခြမ်းက လက်မှတ် မထိုးသေးပါဘူး။ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး သဘောတူ လက်မှတ်ထိုး မှသာ ဒီစာချုပ်အဓိပ္ပာယ်ပြည့်စုံ မယ့် အနေအထား ရှိနေပါတယ်။ လက်နက်ကိုင်အဖွဲ့တွေရဲ့တစ်ခြမ်း လက်မှတ်ထိုးပြီးမှသာ ၂၁ ရာစု ပင်လုံညီလာခံဟာလည်းအဓိပ္ပာယ် ပြည့်စုံမှာပါ။

၁၉၄၇ ပင်လုံစာချုပ်ကို လက် မှတ်ရေးထိုးတုန်းက ရှမ်းစော်ဘွား ၇ ဦး၊ ရှမ်းလူထု ကိုယ်စားလှယ် ၂ ဦး၊ ကချင်ကိုယ်စားလှယ် ၅ ဦး၊ ချင်း ကိုယ်စားလှယ် ၃ ဦး၊ ဗိုလ်ချုပ် အောင်ဆန်းနဲ့ မြန်မာကိုယ်စားလှယ် ၂၃ ဦး ပါဝင် လက်မှတ်ရေးထိုးခဲ့ ကြပါတယ်။ ဒီလို တောင်တန်းဒေသ အားလုံး မပါဝင်ခဲ့တာကို ဗြိတိသျှ တွေက ထောက်ပြခဲ့လို့၊ ဗိုလ်ချုပ် အောင်ဆန်း အနေနဲ့ ကျန်တိုင်းရင်း သားများပါဝင်တဲ့ တောင်တန်းဒေသ စုံစမ်းရေး ကော်မတီ ဖွဲ့စည်းတာကို လက်ခံပြီး စုံစမ်းခဲ့ရပါတယ်။

ဒီတောင်တန်းဒေသ စုံစမ်းရေး ကော်မတီမှာ သခင်နု၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ ဦးကျော် ငြိမ်း၊ ဦးမြင့်သိန်း၊ ဦးထွန်းဖေ၊ မိုင်း ပွန်စော်ဘွား စဝ်စံထွန်း(ရှမ်း)၊ ဗိုလ် မှူးရှမ်းလုံ၊ ဆမားဒူးဝါးဆင်ဝါးနောင် (ကချင်)၊ ဦးဝမ်ကိုဟော (ချင်း)၊ စောစံကေး (ကရင်)တို့ ပါဝင်ခဲ့ ပါ တယ်။ တိုင်းရင်းသားတို့ တင်ပြခဲ့ တဲ့ ဆန္ဒများကိုမှတ်တမ်းတင်ထား ခဲ့ပြီး၊ ဗြိတိသျှကို တင်ပြခဲ့ပါတယ်။ ၁၉၄၇ မေလ ၁၈ ရက်နေ့မှာ ဗြိတိသျှ အစိုးရက ပင်လုံစာချုပ်ကို အတည်ပြုလက်ခံပြီး မြန်မာ တစ်ပြည်လုံးကို လွတ်လပ်ရေးပေး ခဲ့ပါတယ်။

အခု ၂၁ရာစု ပင်လုံမှာလည်း  တိုင်းရင်းသား အားလုံး ပါဝင်ဖို့ အ ရေးကြီးတာကို ပြောချင်ပါတယ်။ တိုင်းရင်းသား အားလုံး မပါဝင်ဘဲနဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ မ အောင်မြင်နိုင်ပါဘူး။ တောင်တန်း ဒေသ တိုင်းရင်းသားတွေ အားလုံး (NCA) ကို သဘောတူ လက်မှတ် ရေးထိုးဖို့ဆိုတာ ပထမ အဆင့် ကြိုးစားရမယ့် အချက်ပါ။  ဒီပထမ အဆင့်ကို အောင်မြင်စွာ ကျော်လွန် နိုင်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ကို ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံး အနေ နဲ့ ကွန်တော် ပြောချင်တာက ၂ဝရာစု ပင်လုံနဲ့ ၂၁ရာစုပင်လုံဟာ အလွန်ကွာခြား နေတာကို ပြောချင်ပါတယ်။ ၂၁ ရာစုပင်လုံဟာ အချိန် အများကြီး ယူပြီး ခရီးဆက်ရဦးမယ် ဆိုတဲ့ အကြောင်း ပြောပါရစေ။

မြတ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*