ဆန္ဒပြသူနာပြု ကျောင်းသားအချို့ဧ။် မိဘများကို ကျောင်းမှ ဖုန်းဆက် ဖိအားပေးမှုများ ရှိနေဟုဆို

ဆန္ဒပြသူနာပြု ကျောင်းသားအချို့ဧ။် မိဘများကို ကျောင်းမှ ဖုန်းဆက် ဖိအားပေးမှုများ ရှိနေဟုဆို
March 16, 2017 Asian Fame

3:57 pm
ဆန္ဒပြသူနာပြု ကျောင်းသားအချို့ဧ။် မိဘများကို ကျောင်းမှ ဖုန်းဆက် ဖိအားပေးမှုများ ရှိနေဟုဆို

Nurse(ရန်ကုန် မတ် ၁၆) 

မနေ့ ကဆန္ဒပြခဲ့တဲ့ သူနာပြုကျောင်းသားများရဲ့ မိဘတွေကို သူနာပြု တက္ကသိုလ်က ဆရာ ဆရာမများက ဖုန်းဆက် ဖိအားပေးမှုတွေ ရှိနေတယ်လို့ ရန်ကုန် သူနာပြု တက္ကသိုလ် ကျောင်းသား သမဂ္ဂမှ သိရပါတယ် ။  သူနာပြု တက္ကသိုလ် ကျောင်းဆင်းတွေ ကို အစိုးရ ပြည်သူ့  ဆေးရုံတွေမှာ ၃ နှစ် တာဝန်ထမ်းဆောင်ပြီးမှသာ သူနာပြု လိုင်စင်ထုတ်ပေးတော့မယ် လို့ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပြီးတဲ့နောက် ၄၂ ရက်အကြာမှာ သူနာပြုတက္ကသိုလ်ကျောင်းသားကျောင်းသူ ၇၀၀ နီးပါးက မတ်လ ၁၅ ရက်မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။  ရန်ကုန် သူနာပြုတက္ကသိုလ် ကျောင်းသားသမဂ္ဂက စတုတ္ထနှစ် ကျောင်းသား ကိုယ်စားလှယ် မအေးမိစံက ”ဖုန်းဆက်ပြီး တိုင်ပါတယ် ဖိအားပေးတာ ဟုတ်ပါတယ် ။ ဘယ်လိုတိုင်သလဲ ဆိုတာတော့ သေချာအောင် ကျွန်မ တို့ ပြန်ပြီးမေး ရပါဦးမယ်” လို့ ဆိုပါတယ်။  သို့ သော်လည်း ဆန္ဒပြခဲ့တဲ့ ကျောင်းသား အားလုံး တိုင်ကြားခံရတာမျိုး မဟုတ်ဘဲ ပထမနှစ်ကျောင်းသား ကျောင်းသူများရဲ့ မိဘများထံသာ ဖုန်းဆက် တိုင်ကြားတာဖြစ်တယ် လို့ ၎င်းကပြောပါတယ် ။

အဆိုပါ ကိစ္စနဲ့ပတ်သတ်ပြီး ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ကုသရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက် တာမြင့်ဟန် ကိုယနေ့မေးမြန်းရာ အဲဒီကိစ္စ နဲ့ပတ်သတ်ပြီး မတ်လ ၁၇ ရက်နေ့မှာ သတင်း ထုတ်ပြန်ပေး မယ်လို့ဖြေကြားခဲ့ပါတယ် ။

စိုင်းလမင်း -ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*