ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းကိုခိုင် နှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းကိုခိုင် နှင့် တွေ့ဆုံမေးမြန်းခြင်း
March 16, 2017 Asian Fame

12:16 pm
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းကိုခိုင် နှင့် တွေ့ဆုံမေးမြန်းခြင်း

Min-Ko-Khaingမြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် တို့၏ တစ်နှစ်တာ သက်တမ်းအတွင်း ဆောင်ရွက်မှု များကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံမေးမြန်း၍ အပတ်စဉ်တင်ဆက် လာခဲ့ရာ၊ ယခုအပတ်တွင် မတော့ ကရင်ပြည်နယ် နှင့် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် တို့၏ ဆောင်ရွက်ချက် များနှင့် ပတ်သက်၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင် တွေ့ဆုံ မေးမြန်းခဲ့ခြင်း များကို တင်ပြထားပါသည်။

သက်တမ်း တစ်နှစ်ကျော် လာပြီ ဖြစ်တဲ့ ဒုတိယ အကြိမ် ပြည်နယ် လွှတ်တော်ရဲ့ တစ်နှစ်တာ အတွင်း ဆောင်ရွက်ချက်တွေကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ အားရ ကျေနပ်မှုတွေ ရှိပါသလား။

အားရကျေနပ်မှု အပြည့်အဝ ရှိပါတယ်။ ဘာ့ကြောင့် အခုလိုပြော ရလဲဆိုရင် ဒုတိယအကြိမ် ကရင် ပြည်နယ် လွှတ်တော်ရဲ့ ဆောင်ရွက် ချက်ဟာ ပထမအကြိမ် ကရင်ပြည် နယ်လွှတ်တော်ထက် အများကြီး သာနေလို့ပါ။ လွန်ခဲ့တဲ့ ပထမအ ကြိမ်လွှတ်တော်က သူ့ရဲ့ သက်တမ်း ငါးနှစ်အတွင်းမှာ ဥပဒေ ၉ ခု ပြဋ္ဌာန်း ပေးနိုင်ခဲ့ပါတယ်။ ကျွန် တော်တို့ ဒုတိယအကြိမ် ပြည်နယ် လွှတ်တော်ကတော့ တစ်နှစ်အ တွင်း ဥပဒေ ၆ ခု ပြဋ္ဌာန်းပေးနိုင် ခဲ့ပါတယ်။ ဒီဥပဒေတွေ ဟာ ပြည် သူလူထု အကျိုးရှိစေမယ့်၊ ဒေသဖွံ့ ဖြိုးစေမယ့် ဥပဒေတွေ ဖြစ်ပါတယ်။ ဒီ ဥပဒေတွေထဲမှာ  ဓာတ်မြေသြဇာ သုံးစွဲရေးဆိုင်ရာ ဥပဒေ၊ စာကြည့် တိုက်ဥပဒေတွေ လည်း ပါပါ တယ်။ ရှေ့ဆက်ပြီးတော့ လိုအပ်တဲ့ ဥပ ဒေတွေ ပြဋ္ဌာန်း သွားဖို့ လုပ်ဆောင် နေတဲ့ အတွက် လွှတ်တော်ကိုယ်စား လှယ် တစ်ယောက် အနေနဲ့ ဒုတိယ အကြိမ် ကရင်ပြည်နယ် လွှတ်တော် အပေါ် အားရကျေနပ်မှု အပြည့်ရှိ နေပါတယ်။

လွှတ်တော်ထံ မေးခွန်းလာဖြေတဲ့ ပြည်နယ် ဝန်ကြီးတွေရဲ့ အဖြေစကား တွေနဲ့ ပတ်သက်ပြီးတော့ရော။

အားရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လွှတ်တော်နဲ့ ပြည်နယ် အစိုးရကြား ပူးပေါင်း ဆောင်ရွက် မှုက အပြည့်အဝ ရှိနေလို့ပါ။ သူ တို့လာဖြေတဲ့ အဖြေတွေနဲ့ ပတ် သက်ပြီးတော့ လွှတ်တော်ကိုယ် စားလှယ်တွေ ဘက်က တစ်စုံတစ် ရာ မေးခွန်းပြန် ထုတ်ရ တဲ့ ဖြစ်ရပ် တွေက တော်တော်လေးရှားပါ တယ်။ သူတို့လုပ်နိုင်တဲ့ဟာကိုလုပ် ပေးမယ်လို့ ကတိပေးခဲ့တယ်။ အဲဒီ ကတိအတိုင်း တကယ် လုပ် မလုပ် ဆိုတာကိုလည်း လွှတ်တော်က ဖွဲ့ ထားတဲ့ ကတိကဝတ် ကော်မတီက စောင့်ကြည့်တယ်။ ပြီးတော့ ဒီစာ ရင်း ဒီစာရင်း ရှိတယ် ဆိုတာ အစိုးရ အဖွဲ့ကို အသိပေးတယ်။ ဒါ့ကြောင့် သူတို့ရဲ့အဖြေစကားတွေ နဲ့ ပတ်သက် ပြီး အပြစ်ပြောစရာ မရှိခဲ့ပါဘူး။

ကရင်ပြည်နယ် အစိုးရရဲ့ ဆောင် ရွက်ချက်ပေါ့။ ဒီတစ်နှစ်တာအတွင်း  သူတို့တွေရဲ့ ဆောင်ရွက်မှုနဲ့ ပတ် သက်လို့ ဒေသ ခံတွေ က ဘာပြော ကြလဲ။ ကြီးကြီးမားမား ပြောင်းလဲမှု မျိုးတွေ ကြုံနေပြီ ဆိုတဲ့ တုံ့ပြန်သံ တွေရော ရှိရဲ့လား။

လောလောဆယ်တော့ ကြီး ကြီးမားမား အပြောင်းအလဲကြီး တွေ မရှိသေးဘူး။ သို့သော်လည်း ကရင်ပြည်နယ် ရဲ့မြို့တော် ဘားအံ မှာတော့ လျှပ်စစ်မီးတွေ ထိန်ထိန် ညီးနေပြီ။ ပြီးတော့ နိုင်လွန်ကတ္တ ရာလမ်းတွေ ခင်းနေတယ်။ ဒီအ ပေါ်ကို မြို့ခံတွေက ပြောင်းလဲမှု တစ်ခုလို့တော့ ပြောနေကြ တာတွေ ရှိတယ်။ အရင်တုန်းက ဒီလိုနိုင် လွန်ကတ္တရာ လမ်းပေါ် ဆိုင်ကယ် တွေ မမောင်းခဲ့ရဖူးဘူး၊ ကားတွေ လည်း မမောင်းခဲ့ရဖူးဘူး။ ခုတော့ မောင်းနေရပြီ။ ဒါဟာ ပြောင်းလဲမှု ပါလို့တော့ သူတို့က ပြောကြပါ တယ်။

ပြည်နယ်လွှတ်တော်က ပြည်နယ် အစိုးရကို ဘယ်လို ထိန်းကျောင်း နေလဲ။

သုံးစွဲမယ့် ငွေတွေ။ ပြည်သူ့ ဘဏ္ဍာငွေတွေ အလေအလွင့် မရှိ ရအောင်၊ အကျိုးရှိရှိ အသုံးချနိုင် အောင် စိစစ်မှုတွေ၊ ကွင်းဆင်း စစ် ဆေးမှုတွေ လုပ်ပေးပါတယ်။ ပြီး တော့ ဥပဒေနဲ့အညီ လုပ်ဆောင် နိုင်အောင် ဥပဒေတွေ ပြဋ္ဌာန်းပေး ပါတယ်။ လွှတ်တော် တစ်ရပ်က ဆောင်ရွက်ရမယ့် အလုပ်ကိုအ ပြည့်အဝ လုပ်ကိုင်ပေးရင်းနဲ့ အပြန် အလှန် ထိန်းကျောင်းမှုကို လုပ်နေ ပါတယ်။

ပြည်နယ်လွှတ်တော် အတွင်း လွှတ် တော် ကိုယ်စားလှယ်တွေရဲ့ ဆောင် ရွက်ချက်။ နောက်ပြီး ပူးပေါင်းမှု အနေအထား ဘယ်လို ရှိလဲ။

လွှတ်တော် အတွင်း ပူးပေါင်း ဆောင်ရွက်မှု အနေအထားက ကောင်းပါတယ်။ ကရင်ပြည်နယ် လွှတ်တော်ထဲ မှာ အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်က ၁၃ ဦး၊ ပြည်ခိုင် ဖြိုးက ၁ဦး၊ တပ်မတော်သား လွှတ် တော် ကိုယ်စားလှယ်က ၆ဦး၊ တိုင်း ရင်းသားရေးရာ ဝန်ကြီးတွေက ၃ ဦး စုစုပေါင်း ၂၃ ဦးဟာ ညီညီ ညွတ်ညွတ် နဲ့ အလုပ်ကို လုပ်နေပါ တယ်။ ပြည်သူ့ အကျိုးရှိမယ့် အဆို တွေ ၊ မေးခွန်းတွေ မေးမြန်းဆွေး နွေးတဲ့အခါမှာ လွှတ်တော်ကိုယ် စားလှယ်တွေ အားလုံးက တစ်ညီ တစ်ညွတ်တည်း ရှိနေပါတယ်။တစ် ခုတော့ ပြောစရာ ရှိတာပေါ့။ အဲဒါ က ဘာလဲဆိုတော့ နယ်မြေကွင်း ဆင်းတဲ့အခါမျိုးမှာ ဆိုရင် တပ်မ တော်သား လွှတ်တော် ကိုယ်စား လှယ်တွေက မလိုက်ကြတာ များ တယ်။ သူတို့ ကလည်း အလုပ် ၂ ခု ရှိနေလို့ မလိုက်ဘူး ထင်ပါတယ်။

ပြည်နယ် အစိုးရ အနေနဲ့ ကရင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ဘာတွေ လုပ်ဖို့လိုမလဲခင်ဗျ။

လျှပ်စစ်မီး ရဖို့ တွန်းအားပေး ဆောင်ရွက်ပေးနိုင်ရင် ပြည်နယ် ဟာ ခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက် လာပါလိမ့်မယ်။ ပြီးတော့ ခရီးသွား လုပ်ငန်း။ ဒါကိုလည်း အားပေး ကူ ညီမယ်ဆိုရင် ပြည်နယ်ဟာ တော် တော်လေးကို အခြေအနေကောင်း သွားပါလိမ့်မယ်။ ဘာဖြစ် လို့လဲဆို တော့ ကျွန်တော်တို့ ပြည်နယ်မှာ မပျက်စီးသေးတဲ့ သဘာဝတော တောင် ရေမြေတွေ အများကြီး ရှိနေ ပါတယ်။ လှိုင်းဘွဲ့မှာ ဆိုရင် နိုင်ငံ တကာ အဆင့်မီတဲ့ ရေတံခွန်တွေ တောင်ရှိပါတယ်။ ဒါကို စနစ်တ ကျစီစဉ်နိုင်ရင် ခရီးသွားလုပ်ငန်း ကရလာမယ့် ငွေကြေး ဟာ နည်းမှာ မဟုတ်ဘူး။ ပြည်နယ် အစိုးရက လည်း ဒါတွေကို လုပ်ဖို့  စီစဉ်နေ တယ်လို့ သိရှိထားပါတယ်။

ဟုတ်ကဲ့။ အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*