11:22 am
(၀ါရှင်တန်၊ မတ် ၁၄)
Facebook လူမှုကွန်ရက်မှ အချက်အလက် များကို ဆန္ဒပြသူများ၊ တက်ကြွ လှုပ်ရှား သူများအား စောင့်ကြည့် ခြေရာခံရန် အတွက် အသုံပြုခြင်း မပြုရ ဟူ၍ facebook မှကြေညာလိုက်သည်။
အမေရိကန်ပြည်ထောင်စု ဖာဂူဆန်၊ မစ်ဇူရီ နှင့် ဘယ်လ်တီမိုးမြို့ များတွင်ဖြစ်ပွားခဲ့သော အမှုများဝယ် ရဲတပ်ဖွဲ့ဝင် များသည် ဆန္ဒပြ သူများနှင့် တက်ကြွလှုပ်ရှားသူများ၏ facebook အကောင့်များအား ခြေရာခံ စောင့်ကြည့်ခြင်းမျိုးကို ခွင့်မပြုနိုင်ကြောင်း မာ့ခ်ဇူကာဘတ် က ယမန်နေ့ က ကြေညာ လိုက်ပါသည်။ ယင်းသည် facebook ကုမ္ပဏီ၏ ခံယူချက်နှင့် ရည်မှန်းချက်ဖြစ်သော “ကမ္ဘာကြီးကို ဆက်သွယ်ပေးခြင်း” ဟူသည်နှင့် ဆန့်ကျင်နေပြီး လူမှုကွန်ရက် အသိုက်အ၀န်း အတွက် လုံခြုံမှုကို လျော့နည်းစေခြင်းကြောင့် ဟူ၍ သူက ဆိုပါသည်။
တနင်္လာနေ့က ထပ်မံဖြည့်စွက်အတည်ပြုလိုက်သော facebook မှ တာဝန်ရှိသူ developer များအတွက် လမ်းညွှန်ချက်များဝယ် “ကျွ န်ုပ် တို့ထံမှ အချက်အလက်များကို ရယူ၍ ခြေရာခံ စောင့်ကြည့် အကဲခတ်ရန် အတွက် အသုံးပြုခြင်းကို”ခွင့်မပြုနိုင်ကြောင်း ပါရှိသည်။
PN-002
ref: Facebook says police can’t use its data to monitor protesters, activists