အလုပ်ရှင် အလုပ်သမား သဘော တူညီချက် စာချုပ် ကြန့်ကြာနေ၍ ဝန်ကြီးဌာနသို့ တောင်းဆို

အလုပ်ရှင် အလုပ်သမား သဘော တူညီချက် စာချုပ် ကြန့်ကြာနေ၍ ဝန်ကြီးဌာနသို့ တောင်းဆို
March 15, 2017 Asian Fame

2:40 pm
အလုပ်ရှင် အလုပ်သမား သဘော တူညီချက် စာချုပ် ကြန့်ကြာနေ၍ ဝန်ကြီးဌာနသို့ တောင်းဆို

(ရန်ကုန်၊ မတ် ၁၃ )

အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် EC အသစ်ကို အ လုပ်ရှင်နှင့် အလုပ်သမား ဆွေးနွေး သဘောတူ ပြီးသော်လည်း ယနေ့ ထိ အတည်ပြုပေးခြင်း မရှိသေးသော ကြောင့် ဝန်ကြီး ဌာနသို့ စာပေးပို့သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတောင် သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စား သောက်ကုန်ထုတ် လုပ်ငန်းပေါင်း စုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM-IUF)  က ပြောသည်။

အလုပ်ရှင် ကိုယ်စားလှယ်များ ၏တောင်းဆိုချက် အရ EC စာချုပ် နှင့်ပတ်သက်၍ အလုပ်ရှင် အလုပ် သမား မျက်နှာချင်းဆိုင် ဆွေးနွေးပွဲ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့  UMFCCI တွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် အသစ် ပြဋ္ဌာန်းမည့် EC စာချုပ်ပါ အချက် များ၌ ငါးချက်ကို ပြန်လည်ပြင်ဆင် ရန် အလုပ်ရှင်နှင့် အလုပ် သမား နှစ်ဦးနှစ်ဖက် သဘောတူခဲ့သည်။ ထိုသို့သဘော တူခဲ့ပြီးသော်လည်း ယနေ့ထိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနက  စာချုပ်နှင့်ပတ်သက် ၍ တစ်စုံ တစ်ရာ အကောင်အထည် ဖော် အတည်ပြု ထုတ်ပြန်ခြင်းများ ပြုလုပ်ခြင်း မရှိသေး သည့် အတွက် ဝန်ကြီး ဌာနသို့  စာပေးပို့တောင်းဆို သွားမည်ဖြစ်ကြောင်း  UMFCCI  မှ အထွေထွေ အတွင်းရေးမှူး ချုပ် ဦးဇာနည်သွေးက ပြောသည်။

”ကျွန်တော်တို့ ၂၈ ရက်နေ့က ဆွေးနွေးတဲ့ အထဲမှာ သဘောတူပြီး ပြီ။ ၅ ချက်ကို ပြန်ပြင်ဖို့၊ အလုပ်ရှင် ဘက်က နောက်ထပ် ၂ ချက်ပြင် ဖို့ တောင်းဆိုတယ်။ ဒါပေမယ့် အဲဒီ အချက်တွေကို အလုပ်သမားတွေ ဘက်က မပြင်ချင်ဘူး။ ဒါကိုပဲ အ တည်ပြုတော့မယ် လို့ ပြော ထားပြီး သား။ အဲဒါအခုထိ ဝန်ကြီးဌာနဘက် က နည်းနည်းမှ တုံ့ပြန်လာတာ မရှိ သေးဘူး။ ဒီနေ့ပဲ စာရေးပြီးပို့မယ်” ဟု ၄င်းကဆိုသည်။

ယခု အသစ်ပြဋ္ဌာန်းမည့်  EC စာချုပ်နှင့်ပတ်သက်၍ အစိုးရက စာချုပ် မူကြမ်း သုံးစုံကို အလုပ်သမား များထံသို့ ပေးပို့ခဲ့ပြီး နှစ်သက်ရာ တစ်စုံကို ရွေးချယ်ခိုင်း ခဲ့ခြင်းဖြစ် သည်။ အလုပ်သမားများက ရွေး ချယ်လိုက်သော စာချုပ် တစ်စုံကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ အတွင်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် အမျိုးသား အဆင့်ဆွေး နွေးပွဲလုပ်၍ အတည်ပြုရန် ဆောင် ရွက်စဉ် အလုပ်ရှင်တို့ ဘက်မှတောင်း ဆိုချက်အရ အလုပ်ရှင် အလုပ်သ မား မျက်နှာချင်းဆိုင် ဆွေးနွေးပွဲကို ထပ်မံ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် စာ ချုပ်ပါအချက် ၅ ချက်ကို ပြန်လည် ပြင်ဆင်ရန် သဘောတူ ခဲ့ခြင်း ဖြစ် သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် ကျော်ထံသို့ ဆက်သွယ် မေးမြန်းရာ အလုပ်ရှင် များဘက်က အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဖက် ဆွေး နွေးပြီးသော စာချုပ်ကို ဝန်ကြီးဌာန ဘက်သို့ ပြန်လည် ပေးပို့လာခြင်း မရှိ သေးကြောင်း ဆိုသည်။

”အဲဒီကိစ္စ က မပြီးပြတ်သေး ဘူးဗျ။ သူတို့ ၂၈ ရက်နေ့ပြီးကတည်း က ပြန်ပို့ပေးဖို့ ပြောထားတာ။ အ လုပ်ရှင်တွေဘက်က အခုထိ ပြန် မပို့သေးဘူး။ ပြန်မေးကြည့်ရဦးမယ်” ဟု ဦးမောင်မောင်ကျော်က ဆို သည်။

ပထမ အကြိမ် ပြဋ္ဌာန်းခဲ့သော EC စာချုပ်မှာ လုပ်ငန်း အမျိုးအ စားအားလုံးကို စာချုပ် တစ်မျိုးတည်း ဖြင့် ချုပ်ထားခြင်း ဖြစ်သောကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများက ဝေဖန်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ စက်ရုံ အလုပ်ရုံများ စာချုပ်ချုပ်ရေး ကိစ္စမှာ လည်း ယနေ့ တိုင် အောင်မြင်ခြင်း မရှိသေးပေ။

ပထမအကြိမ် EC စာချုပ် မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း က သက်တမ်း ၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပြီး စာချုပ်ပါ သက်တမ်းမှာလည်း ကုန် ဆုံးခဲ့ပြီဖြစ်သည်။ ပထမအကြိမ် က စာချုပ် တစ်စုံတည်းကို လုပ်ငန်း အမျိုးအစားများ အားလုံး အသုံးပြု ရသောကြောင့် ဝေဖန်သံ ညံခဲ့သော် လည်း ယခု ဒုတိယ အကြိမ်၌ စာ ချုပ် တစ်စုံတည်းကို လုပ်ငန်းအား လုံး အသုံးပြုမည့်စနစ်ဖြင့်သာ ချုပ် ဆိုရန် ဆောင် ရွက်နေသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*