မန္တလေးတွင် ငြိမ်းချမ်းရေး လှုပ်ရှားမှု အစီအစဉ်များ ပြုလုပ်မည်

မန္တလေးတွင် ငြိမ်းချမ်းရေး လှုပ်ရှားမှု အစီအစဉ်များ ပြုလုပ်မည်
March 15, 2017 Asian Fame

2:47 pm
မန္တလေးတွင် ငြိမ်းချမ်းရေး လှုပ်ရှားမှု အစီအစဉ်များ ပြုလုပ်မည်

MDY(မန္တလေး၊ မတ် ၁၄)

မန္တလေး နိုင်ငံရေး အင်အားစု များနှင့် ငြိမ်းချမ်းရေး လိုလားသူ များ ပူးပေါင်းပြီး ငြိမ်းချမ်းရေး လှုပ်ရှားမှု အစီအစဉ်များ ပြုလုပ် သွား မည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေး လိုလားသူများ ကွန်ရက်မှ ဦးညီညီကျော်က ”ပြည် တွင်းစစ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်လာမှ အောင်မြင်မှုရ မယ်လို့ ကျွန်တော်တို့က ယုံကြည် ချက်ရှိတယ်။ ဒါကြောင့်မို့လို့လည်း ပြည်သူ တစ်ရပ်လုံးရဲ့ ငြိမ်းချမ်းရေး လိုလားမှုကို အရှိန်အဟုန် မြှင့်တင် ဖို့ဆိုပြီး ကျွန်တော် တို့က ငြိမ်းချမ်းရေး လိုလားသူများ ကွန်ရက်ဆိုတာ ကို ထူထောင် ခဲ့တယ်။ အဆက်မ ပြတ် လှုပ်ရှားမှု ပုံစံနဲ့ လုပ်သွားကြ မှာပါ” ဟု ပြောသည်။

အဆိုပါ အစီအစဉ်တွင် စာပေ ပညာရှင်များ၊ အနုပညာရှင်များ စသည့် ကျော်ကြား ပုဂ္ဂိုလ်များကို ဖိတ်ကြားကာ ပူးပေါင်း ပါဝင်စေ မည်ဖြစ်ပြီး ကဗျာရွတ်ပွဲများ အနု ပညာ ဖျော်ဖြေပွဲ များဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တပ်လှန့် ဆောင်ရွက်မည့် အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

”အထိတ်တလန့် ဖြစ်စေမယ့် ဆန္ဒပြ တောင်းဆိုမှုတွေထက် ပြည် သူအားလုံး အလွယ်တကူ ပူးပေါင်း ပါဝင်လာနိုင်တဲ့ လိုလားမှုပြတဲ့ လှုပ်ရှားမှုတွေ ကို ဖော်ဆောင်သွား ဖို့ရည်မှန်း ထားတာပါ။ ကမ်ပိန်း ဆိုတဲ့ အတိုင်း အကန့်အသတ်တော့ ရှိမှာမဟုတ်ဘူး။ ဆက်တိုက် လို ရင် လိုသလို တိုးချဲ့ပြီးတော့ အရှိန် အဟုန်မပြတ် လုပ်သွားဖို့ မျှော်မှန်း ထားပါတယ်” ဟုလည်း ၄င်းက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီးမှ စတင်မည့် အဆိုပါ ငြိမ်းချမ်းရေး လှုပ်ရှားမှု အစီအစဉ်ကို မကြာခင် စတင် အကောင် အထည်ဖော် ဆောင် ရွက်သွားမည် ဖြစ်ပြီး ပြည် သူတစ်ရပ်လုံး ပူးပေါင်းပါဝင်လာနိုင် အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*