ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မန္တလေး၌ ပြုလုပ်မည်

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မန္တလေး၌ ပြုလုပ်မည်
March 15, 2017 Asian Fame

3:18 pm
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မန္တလေး၌ ပြုလုပ်မည်

စောထွေး
မန္တလေး၊ မတ်လ ၁၄

ဘာသာရေးလူမျိုးရေး ပဋိပက္ခများအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဘာသာပေါင်းစုံပါဝင်သော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၁၈ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံပွဲစီစဉ်ရခြင်းနှင့်ပတ်သက်၍ မန္တလေးရွှေဝါရောင်သံဃာ့ကွန်ရက်မှ ဆရာ တော်ဦးသောဘိတက ”ကြားဖြတ်ရွေး ကောက်ပွဲကာလမှာဖြစ်လာနိုင်တဲ့ ဖြစ်လာ တတ်တဲ့အခြေအနေတွေကို ဦးဇင်းတို့က ကြိုတင်ကာကွယ်ချင်တဲ့အတွက် အခုလိုပွဲ လုပ်ရတာပါ။ ဦးဇင်းတို့တိုင်းပြည်မှာ မကြာခဏဖြစ်လေ့ဖြစ်ထရှိတဲ့ လူမျိုးရေး ဘာသာရေးအမုန်းတရားတွေကို အတိုင်း အတာတစ်ခုအထိ ဟန့်တားကာကွယ်နိုင်ဖို့အတွက်လည်း ရည်ရွယ်ပါတယ်” ဟု ပေါ်ပြူလာနယူးစ်သို့ မိန့်သည်။

အဆိုပါတွေ့ဆုံပွဲ၌ ဗုဒ္ဓဘာသာ၊ ခရစ် ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ဘဟာအီဘာသာစသည့် ဘာသာကြီး ၅ ခု အဓိက ပါဝင်ဆွေးနွေး ကြမည်ဖြစ်ပြီး ဖက်ဒရယ်နှင့်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိစ္စများ၊ ဘာသာ ပေါင်းစုံချစ်ကြည်ငြိမ်းချမ်းစွာ နေထိုင်ရေး ကိစ္စများတွင် စိတ်ဝင်စားသည့် အရပ်ဘက် လူ့အဖွဲ့အစည်းများကိုလည်း ဖိတ်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

”ကျွန်တော်တို့နိုင်ငံမှာ ဘာသာ ပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံဟာ ငြိမ်း ငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင်နဲ့ နေလိုကြ တယ်။ အချင်းချင်းဖြစ်ကြတဲ့ ပြဿနာတွေ ကိုလည်း အတူလက်တွဲပြီးတော့ဖြေရှင်း ခဲ့ကြတယ်။ ဒီအခြေအနေကိုပေါ်လွင် အောင်ပြချင်လို့ ဒီပွဲလုပ်ဖို့စီစဉ်ဖြစ်တာပါ။ ဒီပွဲကနေပြီးတော့ ပေါ်ထွက်လာတဲ့ ရလဒ် တွေဟာ ၂၁ ပင်လုံညီလာခံကို အထောက် အကူဖြစ်သွားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် နဲ့လည်းလုပ်တာဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူတစ်ဦး ဖြစ်သည့် NLD မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးကဆိုသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၁၈ ရက်မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ အထိ မန္တလေးမြို့တော်ခန်းမ၌ ပြုလုပ် သွားမည်ဖြစ်ပြီး တက်ရောက်သူဦးရေ တစ်ထောင် အချိုးကျဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

၂၁ ရာစု ပင်လုံညီလာခံကို အနှောင့် အယှက်ကင်းဝေးစေရန်နှင့် ဘာသာမတူ၊ လူမျိုးမတူသူများအကြား ငြိမ်းချမ်းစွာ နေထိုင်နိုင်ခဲ့ခြင်းကို ပေါ်လွင်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်မည့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် ဖွယ်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*