ဘင်္ဂါလီများကို ဥပဒေနှင့်မညီဘဲ နိုင်ငံသားကတ် ထုတ်ပေးမှုကြောင့် ရခိုင်ဒေသခံများ ရက်ရှည် ဆန္ဒပြမည်

ဘင်္ဂါလီများကို ဥပဒေနှင့်မညီဘဲ နိုင်ငံသားကတ် ထုတ်ပေးမှုကြောင့် ရခိုင်ဒေသခံများ ရက်ရှည် ဆန္ဒပြမည်
March 15, 2017 Asian Fame

3:40 pm
ဘင်္ဂါလီများကို ဥပဒေနှင့်မညီဘဲ နိုင်ငံသားကတ် ထုတ်ပေးမှုကြောင့် ရခိုင်ဒေသခံများ ရက်ရှည် ဆန္ဒပြမည်

လင်းဟိန်း
ရန်ကုန်၊ မတ် ၁၄

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါ လီများအား ဥပဒေနှင့် မညီဘဲ နိုင်ငံသားကတ် ထုတ်ပေးနေမှုကိုကန့်ကွက်သည့်အနေဖြင့် စစ်တွေ မြို့တွင် ရက်ရှည် ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း ဦးဆောင်ပါဝင်သူ မောင်တောဒေသခံ ကိုဝင်းသိန်းက ပြောသည်။

မတ်လ ၁၉ ရက်နေ့တွင် မောင်တော၊ ဘူးသီးတောင်နှင့် ရ သေ့တောင်မြို့နယ်တို့မှ ဒေသခံ များက စစ်တွေမြို့သို့ချီတက်ကာ စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမရှေ့၌ ၈ ရက် ဆက်တိုက် ဆန္ဒထုတ်ဖော် ကြမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ ရုံးရှေ့တွင် ဆန္ဒပြရန်ခွင့်ပြုချက်မရ သည့်အတွက် ဦးဥတ္တမခန်းမရှေ့ တွင် ဆန္ဒပြမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။ ”နိုင်ငံသားကတ် ထုတ်ပေးတဲ့အခါမှာ ပွင့်လင်းမြင်သာမှုမရှိဘူး။ ကျွန်တော်တို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ဘာမှအကြောင်းမ ပြန်ဘူး။ ဒါကြောင့် ခုလို လုပ်တာ ပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ ရက်ရှည်ဆန္ဒထုတ် ဖော်ခြင်းသည် ဘင်္ဂါလီအရေးနှင့် ပက်သက်ပြီး အစိုးရသစ်လက် ထက်တွင် ပထမဆုံးအကြိမ် ရက် ရှည် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ နိုင်ငံသား ဥပဒေအရ စာရင်း ကောက်ယူပြီး နိုင်ငံသားကတ်ထုတ်ပေးရာတွင် ဥပဒေနှင့်မညီဘဲ နိုင်ငံသား မဖြစ်သင့်သူများအား နိုင်ငံသားကတ် ထုတ်ပေးသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း၊ နိုင်ငံသား စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းရာတွင်လည်း မြို့မိမြို့ဖများ ပါဝင်ခြင်းမရှိ ဘဲ ဌာဆိုင်ရာ ဝန်ထမ်းများနှင့် သာ ဖွဲ့စည်းထားကြောင်း ဘူးသီး တောင်မြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။ ”ဒီအဖွဲ့က ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒီအဖွဲ့ထဲမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အရပ်ဘက်အဖွဲ့အ စည်းကလူတွေမပါဘူး”ဟု ဦးထွန်းအောင်သိန်းကပြောသည်။

မောင်တော မြို့နယ်တွင် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ နှင့် အညီမဟုတ်ဘဲ နိုင်ငံသားမဖြစ်သင့်သူများကို နိုင်ငံသားကတ်ထုတ် ပေးခဲ့သည်ဟုဆိုကာ ရခိုင်ပြည်နယ် လဝကဦးစီးမှူးကို ရခိုင်အမျိုး သားပါတီက စစ်တွေရဲစခန်းတွင် ယခုနှစ်အတွင်း အမှုဖွင့်ခဲ့သည်။ နိုင်ငံသားကတ်များ ထုတ်ပေး ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုး မင်းကလည်း ”၁၉၈၂ ဥပဒေအရ ဆိုရင် မိဘနှစ်ယောက်လုံးက နိုင်ငံသားဖြစ်ရမယ်။ ဒါမှ နိုင်ငံ သားကတ် ပေးလို့ရတယ်။ မဟုတ် ရင် ပေးလို့မရဘူး။ အခုက အမေ လည်း နိုင်ငံသားမဟုတ်၊ အဖေလည်း နိုင်ငံသားမဟုတ်ဘဲ ကတ် တွေ ထုတ်နေတယ်” ဟုပြောသည်။

ဘင်္ဂါလီအချို့အား ဥပဒေနှင့် မညီဘဲ နိုင်ငံသားကတ်ထုတ်ပေးခြင်းကြောင့် စစ်တွေမြို့နယ်နှင့် မောင်တော မြို့နယ်တို့တွင်ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ဆန္ဒ ထုတ်ဖော်မှုများ ရှိခဲ့သည်။ ၂ဝ၁၆ ခုနှစ်အတွင်း ရခိုင် ပြည်နယ်တွင် နိုင်ငံသားစိစစ်ရေး ဗဟိုအဖွဲ့၏ အဆုံးအဖြတ်ဖြင့် နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူအဖြစ် လူဦးရေ ၁၆၂ ဦးကို ကတ်ပြားများ ထုတ်ပေးထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*