မေယုတောင်တန်းကို ဆင်ဘေးမဲ့တောအဖြစ်သတ်မှတ်ရန် ဆောင်ရွက်သည်ကို ဒေသခံအချို့ ကန့်ကွက်မှုများ ရှိနေ

မေယုတောင်တန်းကို ဆင်ဘေးမဲ့တောအဖြစ်သတ်မှတ်ရန် ဆောင်ရွက်သည်ကို ဒေသခံအချို့ ကန့်ကွက်မှုများ ရှိနေ
March 15, 2017 Asian Fame

4:34 pm
မေယုတောင်တန်းကို ဆင်ဘေးမဲ့တောအဖြစ်သတ်မှတ်ရန် ဆောင်ရွက်သည်ကို ဒေသခံအချို့ ကန့်ကွက်မှုများ ရှိနေ

ဝေရှိုင်းကျော်
ရန်ကုန်၊ မတ် ၁၃

ရခိုင်ပြည်နယ်အတွင်း မေယုတောင်တန်းကို ဆင်ဘေးမဲ့တောတစ်ခုအဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်ရာတွင် ဒေသခံတချို့၏ ကန့်ကွက်မှုများရှိနေသော ကြောင့် ပြည်ထောင်စုအစိုးရသို့ မတင်ပြနိုင်သေးကြောင်း ရခိုင်ပြည်နယ်သစ်တောမှူး ဦးကျော်ထွန်းက ပြောသည်။

ရခိုင်ဒေသတွင်း တောဆင်ရိုင်းများ ဘေးကင်းလုံခြုံစွာ ကျက်စားသွားလာနိုင် ရေးအတွက် ဆင်ဘေးမဲ့တောတစ်ခုအဖြစ် သတ်မှတ်ထားရှိနိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်းမှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့် သစ်တောဝန်ကြီး ဦးကျော်လွင်က ပြောသည်။

”ဒေသခံတချို့က ဝါးတွေခုတ်တာတွေ ရှိပါတယ်။ ရှာဖွေစားသောက်ကြပါတယ်။ တချို့ ဒါကြောင့်ကန့်ကွက်နေပါတယ်။ ဒါ တွေကို ပြန်လည်စစ်ဆေးဆောင်ရွက်နေ ပါတယ်။ သဘာဝနယ်မြေသတ်မှတ်လိုက်ရင်ဝင်လည်း မဝင်ရတော့ပါဘူး။ အဲဒီမှာရှိတဲ့ ဝါးတွေကိုပါ ခုတ်ခွင့်တွေပါ မရှိတော့ပါဘူး” ဟု ရခိုင်ပြည်နယ် သစ်တောမှူးက ပြောသည်။ မေယုတောင်တန်းကြီးကို ဘေးမဲ့တော အဖြစ် မသတ်မှတ်ဆောင်ရွက်နိုင်ပါက ကာကွယ်တောအနေဖြင့် ထိန်းသိမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အမီ ရခိုင် ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ် မြေအတွင်းရှိ မေယုတောင်တန်းကြီးကို တောဆင်ရိုင်းဘေးမဲ့တောအဖြစ် သတ် မှတ်နိုင်ရေးအတွက် အပြီးသတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့်သစ် တော ဝန်ကြီး ဦးကျော်လွင်က ဆိုသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း သွားလာလှုပ်ရှားနေကြသည့် တောဆင် ရိုင်းများအား ဖမ်းဆီးသတ်ဖြတ်မှုများရှိသ ကဲ့သို့ တချို့ဆင်ရိုင်းများမှာ ကျက်စားရန် နေရာမရှိခြင်း၊ လူနေ ပတ်ဝန်းကျင်များသို့ ဝင်ရောက် အစာရှာစားနေကြရခြင်းတို့ ကြောင့် တောပြောင်းကျက်စားလာခြင်း၊ ဒေသခံများမှာလည်း ဆင်များ၏အန္တရာယ် နှင့် ရင်ဆိုင်လာနေကြရခြင်းစသည့် အခြေအနေသို့ရောက်ရှိနေကြောင်းလည်း သိရသည်။

တိရစ္ဆာန် ဘေးမဲ့တောအဖြစ် ရခိုင် ရိုးမတစ်ခုသာရှိပြီး အဆိုပါ ဘေးမဲ့တော တွင် နို့တိုက်သတ္တဝါမျိုးစိတ် ၄ဝ၊ ကုန်းနေ ရေနေတွားသွားသတ္တဝါမျိုးစိတ် ၆ဝ၊ လိပ် ပြာမျိုးစိပ် ၂ဝ၊ ရေချိုငါးမျိုးစိတ် ၄ဝ၊ အင်း ဆက်မျိုးစိတ် ၁၂ မျိုးတို့ နေထိုင်ကျက်စား သည်။ မေယုတောင်တန်းအား ဆင်ဘေးမဲ့ တောအဖြစ် ပြုလုပ်ပြီးစီးပါက ဘေးမဲ့တော နှစ်ခုရှိလာမည်ဖြစ်ကာ မေယုတောင်ဘေးမဲ့ တောသည် အကြီးဆုံး ဖြစ်လာမည်ဖြစ်လာ မည်ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်လွင်က ဆိုသည်။ ပျက်စီးပျောက်ဆုံးလျက်ရှိသည့် ဇီဝ မျိုးစုံမျိုးကွဲများအားလည်း ထိန်းသိမ်းမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှ တွင် ဆင်ကောင်ရေအများဆုံးပိုင်ဆိုင် သည့် နိုင်ငံဖြစ်ပြီး သစ်တောဦးစီးဌာနမှ မှတ်ပုံတင်ထားသည့် စာရင်းများအရ မြန် မာနိုင်ငံတွင် ဌာနပိုင်ဆင်များ အပါအဝင် အိမ်မွေးဆင်စုစုပေါင်း ၄၈ဝဝ ခန့်နှင့် သစ် တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝနယ်မြေများအတွင်း တောဆင်ရိုင်းကောင်ရေ ၂ဝဝဝ ခန့် ရှိ ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*