ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည့် ‘အကယ်၍’ ကဗျာကို အခြေခံပညာ ကျောင်းများတွင် သင်ကြားရန် လွှတ်တော်သို့ အကြံပြုတင်ပြ

ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည့် ‘အကယ်၍’ ကဗျာကို အခြေခံပညာ ကျောင်းများတွင် သင်ကြားရန် လွှတ်တော်သို့ အကြံပြုတင်ပြ
March 15, 2017 Asian Fame

11:12 am
ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည့် ‘အကယ်၍’ ကဗျာကို အခြေခံပညာ ကျောင်းများတွင် သင်ကြားရန် လွှတ်တော်သို့ အကြံပြုတင်ပြ

(နေပြည်တော်၊ မတ် ၁၄)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ထားသော IF (အကယ်၍) ကဗျာကို အခြေခံ ပညာကျောင်း များတွင် သင်ကြား ရန်အတွက် အမျိုးသား လွှတ် တော် ကျန်းမာရေးနှင့် အားက စားကော်မတီက လွှတ်တော်သို့  အကြံပြုတင် ပြခဲ့သည်။

မတ်လ ၁၄ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံ မှန် အစည်းအဝေးတွင် ကော်မ တီများက ၄င်း တို့ကော်မတီအသီး သီး လုပ်ဆောင်မှု များကို တင်ပြ ခဲ့ကြပြီး ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုကော်မတီက အထက်ပါ အတိုင်း အကြံပြုတင် ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်လင်းထွဋ်က ”လူ တို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေး ပြီး ကိုယ်ကျင့်တရား ကို စောင့် ထိန်း အပ်သော အတွေးအခေါ် အယူအဆများ ရစေဖို့ အတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘာသာ ပြန် ဆို ထားတဲ့ IF(အကယ်၍) ဆိုတဲ့ ကဗျာကို ကျောင်းများမှာ  ပြဋ္ဌာန်းသင့်ပါတယ်”ဟု အကြံပြု တင်ပြခဲ့သည်။

ထို့အပြင် ပြည်ထောင်စု အစိုးရ အနေဖြင့် သမိုင်းတွင်ရှိခဲ့ သော ယဉ်ကျေးမှု အမွေအနှစ် များ ထိန်းသိမ်းခြင်းကိုလည်း စနစ်တကျ လုပ်ဆောင်သင့် ကြောင်း ဒေါက်တာ ဇော်လင်း ထွဋ်က ဆိုသည်။

IF ကဗျာကို ဗြိတိန်နိုင်ငံ သား စာရေးဆရျွာကိပမေိုငစူငညါ က ၁၈၉၅ ခုနှစ်တွင်ရေး သားခဲ့ ခြင်းဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည်က ထိုကဗျာကို ဘာ သာပြန်ခဲ့ခြင်းဖြစ်သည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*