သံလွင်တံတား(ချောင်းဆုံ) ကို ဗိုလ်ချုပ် အောင်ဆန်း တံတားဟု အမည်ပြောင်းရန် လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုပေးခဲ့

သံလွင်တံတား(ချောင်းဆုံ) ကို ဗိုလ်ချုပ် အောင်ဆန်း တံတားဟု အမည်ပြောင်းရန် လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုပေးခဲ့
March 15, 2017 Asian Fame

3:50 pm
သံလွင်တံတား(ချောင်းဆုံ) ကို ဗိုလ်ချုပ် အောင်ဆန်း တံတားဟု အမည်ပြောင်းရန် လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုပေးခဲ့

Chaung-Sone-Bridge7(နေပြည်တော်၊ မတ်၁၄)

သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပြောင်းရန် ပြည်သူ့လွှတ် တော်က မဲခွဲ ဆုံးဖြတ် အတည်ပြု ပေး ခဲ့သည်။

လွှတ်တော်တွင်း နှင့်ပြင်ပ ကန့်ကွက်သူများ ရှိနေသော်လည်း လွှတ်တော် ကိုယ်စားလှယ် ၃ ပုံပုံ ၂ပုံ ထောက်ခံမှုကြောင့် ယင်း တံတားသည် မူလအမည်မှ ဗိုလ်ချုပ် အောင်ဆန်း တံတား အမည်ဖြစ် သွားတော့မည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ချောင်းဆုံမြို့နယ် အကြား သံလွင်မြစ်ပေါ် တည်ဆောက်ထား သည့် တံတား အမည်ကို ဒေသခံ အများစုက မူလအမည်ပေးထား သည့်အတိုင်း ‘သံလွင်တံတား (ချောင်းဆုံ)’ ဟုသာ ထားလိုကြ သည်။

သို့သော်လည်း ယင်းတံတား ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏အမည် နာမတပ်ပြီး ဂုဏ်ပြုသတ်မှတ်ပေး ပါရန် ပြည်ထောင်စု အစိုးရကို မွန် အမျိုးသားပါတီ ဥက္ကဋ္ဌ၏ သမီး ဖြစ်သူ ပေါင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် NLD ပါတီဝင် ဒေါ်မိကွန်ချမ်း က တိုက်တွန်းခဲ့ သည်။

အစိုးရဘက် ကလည်း ယင်း တံတားကို   ဗိုလ်ချုပ်အောင်ဆန်း တံတားဟုပင် အမည်ပေးလိုနေ သည်။

ထို့ကြောင့် ထိုအဆိုအားအတည် ပြုရန် လွှတ်တော်၏ သဘောထား တောင်းခံရာတွင် ကန့်ကွက်သူ နှစ်ဦးရှိသောကြောင့် မဲခွဲဆုံးဖြတ် ကြသည်။

ထောက်ခံမဲ ၂၁၇ မဲ၊ ကန့် ကွက်မဲ ၄၃ မဲ၊ ကြားနေမဲ ၁၁၆ မဲ ရခဲ့ပြီး ထောက်ခံသူများ သဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်း ဆုံမြို့တို့ အကြားတွင် ထိုးထား သောတံတားသည် ဗိုလ်ချုပ်အောင် ဆန်းတံတားဖြစ်သွားသည်။

မွန်ဒေသလုံး ဆိုင်ရာအမျိုးသား ဒီမိုကရေစီ ပါတီ၊ တွဲဖက်အထွေ ထွေ အတွင်းရေးမှူး (၁) နိုင်စံတင် က ”အရေအတွက် များလို့ အနိုင် ရတိုင်း ဒီမိုကရေစီလို့ မဆိုနိုင်ဘူး။ ဒေသခံတွေ ဒီလောက် ကန့်ကွက် နေတဲ့ကြားက အခုလို နာမည်ပေး လိုက်တာဟာ ဒီမိုကရေစီ အနိုင် ကျင့်မှုပါပဲ”ဟု လွှတ်တော် ဆုံးဖြတ် ချက်ကို ဝေဖန်သည်။

လွှတ်တော် ဆုံးဖြတ်မှုက မည် သို့ပင်ဖြစ်စေကာမူ ပြည်သူ့ ဆန္ဒနှင့် လုံးဝ မကိုက်ညီကြောင်းနှင့် မဖြစ် သင့်သော ကိစ္စတစ်ခုဟု သူက ဆက်ပြောသည်။

”အရင်ကတည်းက သံလွင်တံ တား(ချောင်းဆုံ)လို့ ပေးထားပြီးပြီပဲ။ အဲဒါကို လွှတ်တော်မှာ အဆိုတင်ပြီး ဆွေးနွေးတာ ကတော့ အံ့သြမိ တယ်” ဟု နိုင်စံတင်က ပြောသည်။

မွန်အမျိုးသားပါတီ၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးနိုင်ချစ်ဦးက ယခုကိစ္စတွင် လွှတ်တော် ဥက္ကဋ္ဌသာ တာဝန်အရှိ ဆုံးဖြစ်သည်ဟု ဆိုသည်။

”လွှတ်တော်မှာ စည်းကမ်းရှိ တယ်။ တိုင်းရင်းသား စည်းလုံးရေးညီညွတ်ရေးကို မထိခိုက်ရဘူး။ ပြည်သူအားလုံး အတွက် အကျိုးရှိ ရမယ်။ အခုဒီအဆိုက ဒီစည်းကမ်း တွေနဲ့ကိုက်ညီရဲ့လား။ ဒေသခံတွေ အားလုံး အထူးသဖြင့် မွန်လူမျိုး တွေက မနှစ်သက်တဲ့ နာမည်ကို သုံးလိုက်တာ ဖြစ်တယ်” ဟု ပြော သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယင်းတံတားသည် မြန်မာနိုင်ငံ ပင်လယ်ဝ ဒေသတွင် နိုင်ငံတကာ အဆင့်မီ ပထမဦးဆုံး တည်ဆောက် ထားသည့် တံတား တစ်စင်းဖြစ် သည်က တစ်ကြောင်း၊ ပြည်ထောင် စု စိတ်ဓာတ်ကို ပိုမိုခိုင်မာ လာ စေနိုင်သည့် တံတားကြီး ဖြစ်လာ နိုင်ခြင်းကြောင့် တစ်ကြောင်း၊ စသည့် အကြောင်းအရာများ ကြောင့် အမျိုးသား ခေါင်းဆောင် ကြီးအမည် ကို ပေးသင့်ကြောင်း ပြောသည်။

”ချောင်းဆုံဟာ စင်ကာပူနိုင်ငံ ထက် ပိုမို ကျယ်ဝန်းတဲ့ ကျွန်းကြီး တစ်ကျွန်းလည်း ဖြစ်ပါတယ်။ အဲဒီ အချက်အလက်တွေ နဲ့အညီ  မြန်မာနိုင်ငံရဲ့ အဓိကကျွန်းကြီး တစ်ကျွန်းဖြစ်တဲ့ ဘီလူးကျွန်း       (ချောင်းဆုံ) နဲ့ မော်လမြိုင်မြို့ ကို ဖြတ်သွယ် ဆောက် လုပ် ထား တဲ့ ဒီ တံတားကြီးဟာ ပြည်ထောင်စု စိတ်ဓာတ်ကို ပိုမို ခိုင်မာလာနိုင်တဲ့ အတွက် တံတားကြီးကို ကမ္ပည်း ထိုးရာမှာ လည်း မြန် မာနိုင်ငံမှာ ပြည်ထောင်စု စိတ်ဓာတ်ကို ခိုင်မာ အောင်လုပ်ခဲ့တဲ့ အမျိုးသား ခေါင်း ဆောင်ကြီးရဲ့အမည်နာမ နဲ့ထပ်တူ ပေး တာ ဟာ သင့်လျော်လှပါတယ်” ဟု ပြောသည်။

လွှတ်တော်တွင်း ကန့်ကွက် ဆွေးနွေးခဲ့သူ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်က မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့ အကြား တွင် ထိုးထားသော တံတား အား ဗိုလ်ချုပ်အောင်ဆန်း အမည် နာမပေးခြင်းသည် ဗိုလ်ချုပ် အောင်ဆန်းအား နှစ်ခါ သတ်သကဲ့ သို့ဖြစ်နေကြောင်း ပြောသည်။

”တံတားအရှည်က မီတာ ၅ဝဝ ကျော်လောက်ပဲ ရှိတာ။ တံတားက အသေးလေးပဲ။ ကျွန် တော်တို့ ဆီမှာ ၁ မိုင်ခွဲလောက် ရှည်တဲ့ တံတားတွေ ရှိတယ်၊ အဲ့လို တံတားတွေ ရှိနေတဲ့ ကြားထဲကမှ ခပ်သေးသေး ခပ်ရွဲ့ရွဲ့ တံတားတစ် စင်းကို ဗိုလ်ချုပ် နာမည်ပေးတာ ဗိုလ်ချုပ် ဂုဏ်သိက္ခာကို နှိမ့်ချသလို ဖြစ်မနေဘူးလား။ ရှိပြီးသားတံတား ကိုပဲနာမည်ပြောင်းလိုက်၊ ကျွန်တော် တို့ထောက်ခံပေးမယ်။ အကြီး ဆုံးဆိုတဲ့ တံတားကို နာမည်ပြောင်း လိုက်၊ ထောက်ခံပေးမယ်” ဟု ပြောသည်။

ချောင်းဆုံက စင်ကာပူထက် ကြီးသည့်အတွက်  ဗိုလ်ချုပ်အောင် ဆန်းတံတားဟု အမည်ပေး သင့် ကြောင်း အစိုးရဘက်ကပြောခဲ့ သည့်အပေါ် ဦးမောင်မြင့်က ”စင် ကာပူထက်ကြီးတယ်၊ သေးတယ် မပြောနဲ့လေ။ ချောင်းဆုံရဲ့ GDP  ဘယ်လောက်ရှိလဲ၊ လူဦးရေ ဘယ် လောက်ရှိလဲ၊ လူဦးရေက တစ်သိန်း နှစ်သောင်းပဲရှိတယ်။ ဒီလောက် မြို့နယ် အသေးလေးကို ထိုးတဲ့ တံတားကို ဗိုလ်ချုပ်အမည်ပေးတာ မသင့်တော်ဘူး။ ဒါလေးကို ပြော နေတာပါ။ ပြီးတော့ မွန်လူမျိုးတွေ က သမိုင်းအစဉ်အလာကြီးတယ် လေ။ သမိုင်း အစဉ်အလာကြီးတော့  မွန်သူရဲကောင်းတွေ နာမည်ရှိ တယ်။ နောက်ဆုံး သမ္မတကြီး ဦးထင်ကျော်နာမည်ပေးလိုက်၊ ကျွန်တော် တို့ လုံးဝ မကန့်ကွက် ဘူး” ဟု ၄င်းက ပြောသည်။ မွန်ဒေသခံ များကမူ ဆန္ဒပြ မှုအချို့ လုပ်သွားရန် ရှိသည်ဟုဆို ကြသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က  တံတား ဖွင့်ပွဲကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် တက်ရောက်မည် ဖြစ် သဖြင့် ဒေသ ခံ များ က ကြားဖြတ်ရွေး ကောက်ပွဲတွင် ချောင်းဆုံ NLD ကိုယ်စားလှယ်ကို  မဲထည့်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖွင့်ပွဲ လက်ဆောင် အဖြစ်ပေးကြရန်   ချောင်းဆုံ မဲဆွယ်ပွဲတွင် ပြောဆို ထားသည်။

 

opinion

ဦးစိုင်းသီဟကျော်
(ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်)

တိုင်းရင်းသားတွေမှာ သူတို့ ရဲ့အသုံး အနှုန်းတွေနဲ့ အမည် နာမ ရှိပါတယ်။ အဲဒါကို အသိ အမှတ်ပြု ရမယ်။ အားလုံးရဲ့ ဆန္ဒပါဝင်ဖို့ လိုတယ် ဆိုတာကို တော့ သဘောပေါက် ဖို့လိုတာ ပေါ့။ ဒေသခံတွေ ရဲ့ ဆန္ဒကို အလေးထားဖို့ လိုပါတယ်။ နေရာ တိုင်းမှာလိုက်ပြီး နေရာ ယူနေရင် တော့ တိုင်းရင်း သားတွေ က မခံ မရပ်နိုင် ဖြစ်ကြမှာပဲ။ နေရာတိုင်း မှာ နေရာယူချင်လို့ မရဘူး။ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဆောင်ရွက်ရမယ့် ကိစ္စ မှာ ဒီလိုမလုပ်သင့်ဘူး။

ဦးဦး လှစော (ရခိုင်အမျိုးသား ပါတီ၊ မြောက်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်)

ဒီအဆို ကိုထောက်ခံ ဆွေး နွေးတဲ့ သူတွေကလည်း တစ်ဖက် သတ် ဆွေးနွေးကြတယ်။ အဆိုကို ကန့်ကွက်တဲ့ သူတွေ ကိုလည်း စစ်အာဏာရှင် စနစ်ကို လိုလား သူတွေ၊ သဘောထား မပြည့်ဝ သူတွေ ဆိုပြီး အမျိုးမျိုး ပြောကြ တယ်။ လွှတ်တော် ဆိုတာက ဥပဒေ ပြုစုရေး နဲ့ အစိုးရ ကြားမှာ Check and Balance လုပ်ပေးရ မယ့်ဟာ။ အဆိုကို ဆွေးနွေးတဲ့ အခါမှာ လာဖြေတဲ့ သူက ဘာမှ မဆိုင်တဲ့ ဆောက်လုပ်ရေး ဝန်ကြီး လာဖြေသွားတယ်။ အမှန်မှာက နိုင်ငံရေး နဲ့ သက်ဆိုင်တဲ့ တိုင်း ရင်းသား ရေးရာ ဝန်ကြီးတို့က လာဖြေရမှာ။

နိုင်စံတင်
(မွန်ဒေသလုံးဆိုင်ရာ အမျိုးသား ဒီမိုကရေစီပါတီ၊ တွဲဖက်အထွေ ထွေအတွင်းရေးမှူး-၁)

ပြည်သူ့ ဆန္ဒ နဲ့ မကိုက်ညီဘူး။ ဒါဟာ မဖြစ်သင့် ကိစ္စပါ။ ဒေသ ခံပြည်သူ လူထု ရဲ့ဆန္ဒနဲ့ ကိုက်ညီ ရပါမယ်။ အရေအတွက် များလို့ အနိုင်ရတိုင်း ဒီမိုကရေစီ လို့ မဆိုနိုင်ဘူး။ ဒီမိုကရေစီ ဆိုတာ ပြည်သူ့ အသံကို နားထောင်ရ မယ်။ အရင်ကတည်းက ‘သံလွင် တံတား (ချောင်းဆုံ)’ လို့ ပေးလိုက် ရင် ပြီးပြီလေ။ အဲဒါကို လွှတ်တော် မှာ အဆို တင်ပြီး ဆွေးနွေးတာ ကတော့ အံသြမိ တယ်။ ဒေသခံ တွေ ဒီလောက် ကန့်ကွက်နေတဲ့ ကြားက အခုလို နာမည်ပေးလိုက် တာဟာ ဒီမိုကရေစီအနိုင်ကျင့် မှုပါပဲ။

ဦးနိုင်ချစ်ဦး
(မွန်အမျိုးသားပါတီ၊ ဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင်)

လွှတ်တော်မှာ စည်းကမ်း ရှိ တယ်။ တိုင်းရင်းသား စည်းလုံး ရေး ညီညွတ်ရေးကို မထိခိုက် ရဘူး။ ပြည်သူ အားလုံး အတွက် အကျိုးရှိရမယ်။ အခု ဒီအဆိုက ဒီစည်းကမ်းတွေ နဲ့ ကိုက်ညီရဲ့ လား။

ဒေသခံတွေ အားလုံး အထူး သဖြင့် မွန်လူမျိုးတွေက မနှစ် သက်တဲ့ နာမည်ကို သုံးလိုက် တာ ဖြစ်တယ်။ ဒါဟာ အဆိုရှင်ရဲ့ အပြစ် မဟုတ်တော့ဘူး။  လွှတ် တော် ဥက္ကဋ္ဌရဲ့အပြစ် ဖြစ်သွားပြီ။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*