သတင်းထောက် ကိုဆွေဝင်းကို အမှုဖွင့်ခဲ့သူအား တရားဥပဒေစိုးမိုးရေးကွန်ရက်က ၆၆ (ဃ) ဖြင့် ပြန်လည်အမှုဖွင့်

သတင်းထောက် ကိုဆွေဝင်းကို အမှုဖွင့်ခဲ့သူအား တရားဥပဒေစိုးမိုးရေးကွန်ရက်က ၆၆ (ဃ) ဖြင့် ပြန်လည်အမှုဖွင့်
March 15, 2017 Asian Fame

1:55 pm
သတင်းထောက် ကိုဆွေဝင်းကို အမှုဖွင့်ခဲ့သူအား တရားဥပဒေစိုးမိုးရေးကွန်ရက်က ၆၆ (ဃ) ဖြင့် ပြန်လည်အမှုဖွင့်

စောထွေး
မန္တလေး၊ မတ် ၁၄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အင်တာနက်မှတစ်ဆင့် တိုက်ခိုက်ရေးသားသည်ဟူသော စွပ်စွဲချက်ဖြင့် အမှုဖွင့်တိုင်ကြားခံရခြင်းသည် မိမိအပေါ် ရည်ရွယ်ချက်ရှိရှိ တုံ့ပြန်လိုက်ခြင်းသာဖြစ်ကြောင်း တိုင်ကြားခံရသူ ဦးကျော်မျိုးရွှေက ပြောသည်။

မဘသဦးဆောင် ဆရာတော်ဦးဝီရသူ၏ ညွှန်ကြားချက်ဖြင့် Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းအား ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့သူ ဦးကျော်မျိုးရွှေသည် ၎င်း၏တိုင်ကြားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး နောက်တရားဥပဒေစိုးမိုးရေး ကွန်ရက်မှ ဒေါ်မြမြဌေးက မတ်လ ၈ ရက်တွင် ရန်ကုန် မြို့ စမ်းချောင်းမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုင်ကြားမှုကြောင့် မတ် ၁၃ ရက်မွန်းလွဲ ပိုင်းက မန္တလေးမြို့ အမှတ် ၇ စခန်းသို့လာရောက် စစ်ဆေးခံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

”ဒီကိစ္စအပေါ် တရားရုံးကျမှပဲ ဖြေရှင်းသွားပါမယ်။ ကျွန်တော်ဘယ်လိုတုံ့ပြန်မလဲဆိုကတော့ တရားရုံးကျမှပဲ တွေ့ရမှာပေါ့ဗျာ။ ကျွန်တော့်ဘက်က စီစဉ်ထားတာရှိပါတယ်” ဟု ဦးကျော်မျိုးရွှေ(ဝံသာနု အားမာန်)က ဆိုသည်။ ဦးကျော်မျိုးရွှေသည် Kyaw Myo Shwe ဖေ့စ် ဘွတ်ခ်အကောင့်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ကို မတ်လ ၂၆ ရက်၊ မတ်လ ၃ နှင့်မတ်လ ၆ ရက်တို့တွင် ညစ်ညမ်းပုတ်ခတ်သော စာသားများရေးသားခဲ့သည်ဟု ဒေါ်မြမြဌေး၏ တိုင်စာတွင် ပါရှိသည်။ တရားဥပဒေစိုးမိုးရေးကွန်ရက်အနေနှင့် ယမန် နှစ်ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အင်တာနက်စာ မျက်နှာမှတစ်ဆင့် ပုတ်ခတ်ရေးသားသည့် ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်တစ်ဦးအားအမှုဖွင့်တိုင် ကြားခဲ့ဖူးပြီး အဆိုပါအမှုဖြင့် အကောင့်ပိုင်ရှင် ထောင် ၆ လ ပြစ်ဒဏ်ခံရဖူးကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*