လွှတ်တော် ကိုယ်စားလှယ်တွေ တိုးတက် လာကြတယ် ဟု ဦးဝင်းထိန်ဆို တံတား အမည် ကိစ္စသည် နိုင်ငံရေး ကိစ္စဖြစ်ဟု ပြော

လွှတ်တော် ကိုယ်စားလှယ်တွေ တိုးတက် လာကြတယ် ဟု ဦးဝင်းထိန်ဆို တံတား အမည် ကိစ္စသည် နိုင်ငံရေး ကိစ္စဖြစ်ဟု ပြော
March 15, 2017 Asian Fame

6:24 pm
လွှတ်တော် ကိုယ်စားလှယ်တွေ တိုးတက် လာကြတယ် ဟု ဦးဝင်းထိန်ဆို တံတား အမည် ကိစ္စသည် နိုင်ငံရေး ကိစ္စဖြစ်ဟု ပြော

U-Win-Htein-(2)( နေပြည်တော် ၊ မတ် ၁၅) 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှု့ဆောင် ကော်မတီဝင် ဦးဝင်းထိန်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဒီနေ့မှာ လွှတ်တော် ၀န်း အတွင်းမှာ ရှိတဲ့ ဇမ္ဗူသီရိ ခန်းမဆောင်မှာ တွေ့ဆုံခဲ့ပါတယ်။  ဒီတွေ့ဆုံမှု့ဟာ တွေ့ဆုံနေကြ တွေ့ဆုံမှု့မျိုးဖြစ်ပြီး ၊ အဲ့ဒီလို တွေ့ဆုံတာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှု့ဆောင် ကော်မတီဝင် ဦးဝင်းထိန်က ယခုလို ဖြေကြားခဲ့ပါတယ်။

“ကိုယ်စားလှယ်တွေ တိုးတက် လာကြတယ် ၊ တချို့တလေက ကြိုးစားဖို့ လိုသေးတယ် ၊ ပြည်ထောင်စု အဆင့်ဆိုတာ နည်းတာ မဟုတ်ဘူး။ သို့သော်လည်း ကိုယ့်ကိုကိုယ် ပြည်ထောင်စု အဆင့်ဆိုပြီးတော့ မာန်တက်လို့တော့ မဖြစ်ဘူး ။ အစိုးရ ရယ် ပြည်သူ ရယ် နောက်လွှတ်တော်ရယ် ပါတီရယ် သုံးပွင့်ဆိုင် ဖြစ်ဖို့ သွားခဲ့တာ ။ အခုလည်း အဲ့လိုပဲ အစိုးရရယ် လွှတ်တော်ရယ် ပြည်သူရယ် ဟာမိုနီ ဖြစ်ပြီးတော့ ညှိနှိုင်း ဆောင်ရွက်မှု့ဖြစ်အောင် ။အခုလည်း လွှတ်တော် ကိုယ်စားလှယ်တွေက ကြိုးစားပြီး လုပ်ကြတယ်။ နောက် တံတား ကိစ္စက။ အဲ့အဆို မတင်သွင်းခင် ကျွန်တော့်ဆီလာတယ် ။ဒါနိုင်ငံရေး ။ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေး ခရီးကြမ်းကြီးကို ဖြတ်သန်းခဲ့တာ ။သူများဝေဖန်တဲ့ ကိစ္စကို ချက်ချင်း ဟိုဟာမဖြစ်နဲ့ ဆေးခါးကြီးသာ သောက်လိုက်တော့ လို့ ပြောမယ်” လို့ ပြောပါတယ်။

တွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ရှိ NLD လွှတ်တော် ကိုယ်စားလှယ် များအားလုံး တက်ရောက် ခဲ့ကြပြီး၊ ယင်းပါတီမှ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဒေါက်တာဒေါ်မေ၀င်းမြင့် တို့ တက်ရောက် ခဲ့ကြတာကို တွေ့ရပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*