မိုင်းတုံ စာစစ်ဌာနကို ဘယ်သူမီးရှို့ တာလဲ

မိုင်းတုံ စာစစ်ဌာနကို ဘယ်သူမီးရှို့ တာလဲ
March 15, 2017 Asian Fame

6:12 pm
မိုင်းတုံ စာစစ်ဌာနကို ဘယ်သူမီးရှို့ တာလဲ

M2(ရန်ကုန် မတ် ၁၅)

ဒီကနေ့ မနက် ၆ နာရီလောက်က ရှမ်းပြည်နယ် မိုင်းတုံ စာစစ်ဌာနထဲက စာဖြေခန်း တစ်ခန်း မီးရှို့ ဖျက်ဆီးခံ လိုက်ရတယ်လို့  ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ က ပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။

ရဲကတော့ ရှို့ မီးလို့ ပြောဆိုထားပြီး တရားခံ ဖမ်းဆီး ဖော်ထုတ်နိုင်ရေး ကြိုးစားနေတယ်လို့ ဆိုပါတယ်။ မီးရှို့ သူကို ရဲက ဘယ်သူ ဘယ်ဝါ မှန်း အခုချိန်ထိမသိသေးပါဘူး။

မိုင်းတုံ စာစစ်ဌာန ကြီးကြပ်ရေးမှူးက အခန်းတွေကို လိုက်လံစစ်ဆေးရင်း အဲဒီ စာဖြေခန်းထဲက မီးခိုးတွေ ထွက်လာတာကြောင့် ရဲနဲ့ မီးသတ် ကို အကြောင်းကြားနေချိန် မှာပဲ မီးက အရှိန်ပိုပြင်းလာတာပါ။

ရှုပ်ထွေးနေမှုကြောင့် မသင်္ကာစရာ လူရိပ်လည်း မတွေ့ လိုက်ရဘူးလို့ ရဲကပြောပါတယ်။ အခုမီးရှို့ ခံလိုက်ရတဲ့ စာဖြေခန်း ဟာ ကျောင်း သားကျောင်းသူ ၂၃ ဦးဖြေဆိုနေတဲ့ စာသင်ခန်းဖြစ်ပြီး စားပွဲခုံတွေ မီးလောင်သွားတဲ့ အတွက် သီးခြားနေရာ ကို ပြောင်းရွေ့ ပေး လိုက် ရတယ် လို့ ရဲကပြောပါတယ်။

M1အလားတူ မီးလောင် ခံလိုက်ရတဲ့ အခန်းနဲ့ ကပ်ရပ် ကကျောင်းသားကျောင်းသူ ၂၇ ဦးကို လည်း သီးခြားနေရာ ပြောင်းရွေ့ဖြေစေ ခဲ့တယ် လို့ ယင်းရဲ ကဆက်ပြော ပါတယ်။

အဲဒီ့ စာစစ် ဌာနမှာ ကျောင်းသား/သူ စုစုပေါင်း ၁၇၃ ဦး ဖြေနေကြတာပါ။
စာစစ်ဌာန တစ်ခုက စာသင်ခန်း တစ်ခန်း အခုလို မီးရှို့ ခံလိုက်ရတာဟာ ပထမ ဆုံး ဖြစ်ရပ် တစ်ခုပါ။

ပြီးခဲ့တဲ့ နှစ်ကလည်း စာဖြေလွှာတွေ မီးရှို့ ခံရမှု ကျောက်ဆည် နည်းပညာ တက္ကသိုလ် မှာ ဖြစ်ပွားခဲ့လို့ အပြစ် ကျူးလွန်သူကျောင်းသား ကို ရဲက ဖမ်းဆီးလိုက် ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*