ဂျပန်မှ အကြီးဆုံး စစ်သင်္ဘော တောင်တရုတ် ပင်လယ်ပြင်တွင် သုံးလကြာသည် အထိ လှည့်လည် သွားလာမည်

ဂျပန်မှ အကြီးဆုံး စစ်သင်္ဘော တောင်တရုတ် ပင်လယ်ပြင်တွင် သုံးလကြာသည် အထိ လှည့်လည် သွားလာမည်
March 15, 2017 Asian Fame

11:23 am
ဂျပန်မှ အကြီးဆုံး စစ်သင်္ဘော တောင်တရုတ် ပင်လယ်ပြင်တွင် သုံးလကြာသည် အထိ လှည့်လည် သွားလာမည်

(တိုကျို၊ မတ် ၁၄)

Japan သိရသည်။

ထိုသို့ စေလွှတ်ခြင်းသည် ဒုတိယ ကမ္ဘာစစ်ပြီးသည့် နောက်ပိုင်း အကြီးကျယ်ဆုံး စေလွှတ်ခြင်းဖြစ်သည်။

အငြင်းပွားမှု များဖြစ်ပွားနေသော တောင်တရုတ် ပင်လယ် ဧရိယာသည် ယခုအခါတွင် စစ်သင်္ဘောများ လှည့်လည်ရောက်ရှိ မှုများပြား လာကြောင်းနှင့် အမေရိကန်နိုင်ငံ ကလည်း ရေတပ် ကင်းလှည့်ခြင်းနှင့် ဝေဟင်မှ ကင်းလှည့်စောင့်ကြည့်ခြင်း တို့ကို ပုံမှန်ပြုလုပ် လျှက် ရှိနေကြောင်း တရုတ် တို့ကပြောသည်။

တောင်တရုတ် ပင်လယ်ပြင်သို့ ဂျပန်က စေလွှတ်မည့် ရဟတ်ယာဉ်တင် စစ်သင်္ဘောကြီး “အိဇုမို”သည် လွန်ခဲ့သည့် ၂နှစ် ကမှ စတင် တာဝန် ထမ်းဆောင်သည့် သင်္ဘော တစ်စီးဖြစ်ပြီး ယခုခရီးစဉ်တွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် သီရိလင်္ကာ ဆိပ်ကမ်း များသို့ လှည့်လည် ဆိုက်ကပ်မည် ဖြစ်ကာ၊ ထို့နောက်တွင်မူ အိန္ဒိယနှင့် အမေရိကန်တို့နှင့် ပူးပေါင်း၍ ဇူလိုင်လ တွင်ပြုလုပ်မည့် မာလာဘာ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွင် ပါဝင် ပူးပေါင်းမည် ဖြစ်သည်။ ထို့နောက် ဂျပန်နိုင်ငံသို့ သြဂုတ်လတွင်ပြန် လည်ရောက် ရှိမည်ဖြစ်ကြောင်း သိရသည်။

“အိဇုမိုကို ခုလို စေလွှတ်တာဟာ သူ့ရဲ့စွမ်းဆောင်ရည်ကို စမ်းသပ်မှု ပြုတာပါပဲ”ဟု ယင်းအစီအစဉ်နှင့် ပတ်သက်၍ သိရှိသူ သတင်း ရင်းမြစ် တစ်ဦးကပြောသည်။ “တောင်တရုတ် ပင်လယ်ပြင်မှာ အမေရိကန်နဲ့ အတူ လေ့ကျင့်တဲ့ သဘောပါပဲ”ဟုလည်း သူ ကပြောပါသေးသည်။

ဂျပန်ရေတပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ယခုသတင်းကို အတည်မပြုပေးချေ။

PN-002

Ref: Japan plans to send largest warship to South China Sea, sources say

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*