ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင် ကြားဖြတ်အစီရင်ခံစာ ထုတ်မည်

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင် ကြားဖြတ်အစီရင်ခံစာ ထုတ်မည်
March 15, 2017 Asian Fame

11:17 am
ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင် ကြားဖြတ်အစီရင်ခံစာ ထုတ်မည်

kofi

မေဇင်ဝင်း
ရန်ကုန်၊ မတ် ၁၄

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ၎င်းတို့ လေ့လာတွေ့ရှိချက်များကို ကြားဖြတ်အစီ ရင်ခံစာ ထုတ်ပြန်တော့မည် ဖြစ်သည်။ အစီရင်ခံစာပါ အကြံပြုချက် များ ရှင်းလင်းတင်ပြမည့်ပွဲကို မတ် လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ပြု လုပ်သွားမည်ဖြစ်သည်။

အစီရင်ခံစာပါ အကြံပြုချက်များတွင် ရခိုင်ပြည်နယ်ရှိ အခြေအနေ တိုးတက်လာစေရန် မြန်မာ အစိုးရအနေဖြင့် လတ်တလော အကောင်အထည် ဖော်နိုင်မည့် အ ဆင့်များ ပါဝင်မည်ဖြစ်ပြီး နောက် ဆုံး အဆင့် အကြံပြုချက်များတွင် ရေရှည် အကြံပြုချက်များ ပိုမို ပါဝင်မည်ဟု ကော်မရှင်ကသတင်း ထုတ်ပြန်သည်။ကြားဖြတ် အစီရင်ခံစာနှင့် ပတ်သက်၍ ကော်မရှင်မှအဖွဲ့ဝင် တစ်ဦးဖြစ်သူ ရခိုင်စာပေနှင့် ယဉ် ကျေးမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ” ရခိုင်ဒေသက နှစ်ဖက် အသိုင်းအဝိုင်းရော အစိုး ရအဖွဲ့ရော၊ ရခိုင်အဖွဲ့အစည်း တွေ ရော တွေ့ခဲ့တဲ့အပေါ်မှာ Report တွေရှိပါတယ်။ အဲဒါတွေကို စု ပေါင်းပြီး ကြားဖြတ် အစီရင်ခံစာ တစ်စောင်ထုတ်ပါတယ်။ ဒီ အစီ ရင်ခံစာကို ကိုဖီအာနန်နဲ့ ဒီ ကော် မရှင်မှာပါတဲ့ နိုင်ငံခြားသားတွေ စိတ်တိုင်းကျလုပ်တာမဟုတ်ပါဘူး။ ကော်မရှင်မှာပါတဲ့ ကျွန်မတို့ ၉ ဦးစလုံး ဘယ်သူ့ဖိအားမှမပါဘဲ တစ်ဦးချင်း လွတ်လွတ်လပ်လပ် ပါဝင်ဆွေးနွေးခွင့်ရတယ်။ တစ်ဦး တစ်ယောက်ရဲ့ ဘက်လိုက်မှုမပါ ဘဲနဲ့ ထုတ်ထားတဲ့ အစီရင်ခံစာ ပါ” ဟုပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံအခွင့်အရေး များအား အာမခံချက်ပေးနိုင်ရေး အပါအဝင် ရခိုင်ပြည်နယ်၏ သိမ် မွေ့နက်နဲသော ကိစ္စရပ်များအား ဖြေရှင်းရန်အတွက် ရည်ရွယ်ဖွဲ့ စည်းခဲ့ခြင်း ဖြစ်သည်။

ကော်မရှင်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော် မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း နာယက ဒေါက် တာသာလှရွှေ၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စောခင်တင့်တို့ အပါ အဝင် မြန်မာနိုင်ငံသား ၆ ဦး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးဟောင်း ဂါဆန် ဆလမ် အပါအဝင် နိုင်ငံခြားသား ၃ ဦးပါဝင်သည်။

ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ ဝင်များသည် ရခိုင်ပြည်နယ်ရှိ အ ကြမ်းဖက်မှု များ ဖြစ်ပွားရာဒေသ များသို့ သွားရောက်ခဲ့သည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခဲ့ကာ အစိုးရအရာရှိများ၊ လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ ပညာရှင်များနှင့် ကုလသမဂ္ဂ မှ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ကော်မရှင်ဖွဲ့စည်းပြီးနောက်ခြောက်လကျော်တွင် ကြားဖြတ် အစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ် ပြီး တစ်နှစ်အကြာတွင် နောက်ဆုံး အစီရင်ခံစာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဒေါ်စောခင်တင့်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*