“မော်လမြိုင် ချောင်းဆုံ အကြား တံတားကို ဗိုလ်ချုပ် အမည်ပေးသင့် မသင့် ယနေ့ဆုံးဖြတ်မည်”

“မော်လမြိုင် ချောင်းဆုံ အကြား တံတားကို ဗိုလ်ချုပ် အမည်ပေးသင့် မသင့် ယနေ့ဆုံးဖြတ်မည်”
March 14, 2017 Asian Fame

11:29 am
“မော်လမြိုင် ချောင်းဆုံ အကြား တံတားကို ဗိုလ်ချုပ် အမည်ပေးသင့် မသင့် ယနေ့ဆုံးဖြတ်မည်”
hluttaw(နေပြည်တော် ၊ မတ် ၁၄)
 
“မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ချောင်းဆုံ မြို့နယ် တို့အကြား သံလွင်မြစ်ပေါ် တွင် ထိုးထားသည့် တံတား အမည်အား အမျိုး သားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အမည် နာမဖြင့် ဂုဏ်ပြု သတ်မှတ်ပေးရန် ပြု လုပ်ခြင်းသည် ဗိုလ်ချုပ်အား နှစ်ခါ သတ်ခြင်း ကဲ့သို့ ဖြစ်နေကြောင်း မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်ကပြောသည်။
 
“ဒီတံတားဟာ ပြည်မကြီးကို ဆက်သွယ်ထားတဲ့ တံတားမဟုတ်ဘူး ၊ နောက်ပြီးတော့ အရှည် ၅၀၀ မီတာသာ ရှည်တဲ့ တံတားလေး ကို ဗိုလ်ချုပ် နာမည် နဲ့ပေးတာဟာ ရှိပြီးသား ဂုဏ်သတင်း ကိုမှေးမှိန်စေပါတယ်၊
မြန်မာမှာရှိတဲ့ အရှည်ဆုံး တံတားကို ဗိုလ်ချုပ် အမည်ပေးလိုက်ပါ ၊ ကျွန်တော်တို့ သဘောတူပါတယ်”ဟုပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ယခင်စက်မှု့ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမောင်မြင့်က ပြောသည်။
 
မတ်လ ၁၄ ရက်နေ့က ကျင်းပသော ဒုတိယ အကြိမ် ပြည်သူ့ လွတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် အထက်ပါ အတိုင်း ကန့်ကွက် ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
 
ထိုအဆိုကို ယနေ့ပြည်သူ့ လွှတ်တော်တွင် ကိုယ်စားလှယ် ၁၆ ယောက် ဆွေးနွေးမည် ဖြစ်ပြီး အမည်နာမပေးသင့် မပေးသင့် ဆုံးဖြတ်မည်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*